Saturday, November 27, 2010

9 ထောက်လှမ်းရေးမှူးချုပ်ဟောင်းခင်ညွန့် ဘာတွေဖြစ်နေလဲ?


ထောက်လှမ်းရေးမှူးချုပ်ဟောင်းခင်ညွန့် နဲ့ ဒေါ်ခင်ဝင်းရွှေတို့ လင်မယားကို ခင်ရီတို့ လို့ ထင်ရတဲ့ရဲတစ်စုက
သူ့ရဲ့နေအိမ်ကနေခေါ်ထုတ်သွားပြီးစကားပြောနေတဲ့ဗီဒီယိုတစ်ခုလက်ခံရရှိလို့တင်လိုက်ပါတယ်။ ဘယ်အချိန်ကာလကရိုက်ထားတာလဲတော့မသိပါ။ အသံတော့မပါဘူး။

ဦးခင်ညွန့်က တခေါင်းလုံးဖြူနေပြီးသူတို့အိမ်ကထွက်လာတော့လဲလွယ်အိတ်ကလေးတစ်လုံးနဲ့။ ကျန်ခဲ့တဲ့အိမ်သားတွေ အကုန်လုံးကိုနှုတ်ဆက်နေတာကိုလည်းတွေ့မြင်ရပါတယ်။ ဗီဒီယိုပါအရ သူ့အိမ်ကနေအင်းစိန်ထောင်ထဲက ကန်သာယာဧည့်ရိပ်သာကို ပြောင်းလိုက်တဲ့နေ့လို့ယူဆရပါတယ်။

သူ့လက်ချက်နဲ့ဘဝပျက်သွားတဲ့ သူတွေထက်စာရင် သူ့အခြေအနေက အများကြီးသာပါတယ်။ တူဖြစ်တုန်းက စိတ်ရှိလက်ရှိနှံပြီးပြီ ပေဖြစ်တဲ့အလှည့်မှာခံပေါ့။ သူပြုတဲ့ကံ သူပြန်ခံရတာဘဲ။
တခါက ဦးခင်ညွှန့်အာဏာရှိစဉ်အခါတုန်းက

ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ရဲ့ပြောဆိုချက်
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမ္ဘာအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့် ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။

“ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ ကျနော်တို့ တပ်မ (၁၁) ဧရိယာ ရဲမွန်တပ်နယ်ဘက်မှာ ဆောက်းထားတဲ့ လုံချင်းပေါ့လေ။ Guest house အနေအထားမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီမှာတော့ ကျနော်တို့ အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း၊ ရဲချုပ် ကိုခင်ရီ ရဲမှူးချုပ်ပေါ့လေ။ ကိုမြင့်သိန်းတို့ကို ကျနော် တွေ့ရမှာဖြစ်ပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ အခုချိန်ခါ နိုင်ငံရေးအခင်းအကျဉ်းတွေ အရ၊ ဆိုလိုတာကတော့ တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်ချုပ်ခင်ညွှန့်ပြောရင်တော့ လက်ခံတဲ့အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။ တဘက်ကလည်း ဒုတိယပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားညီလာခံ ပြန်တက်ရောက်ရေးမှာ ညှိနှိုင်းဆွေးနွေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေလည်း တစိတ်တပိုင်းအားဖြင့်တော့ အောင်မြင်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းပေါ့လေ။ ဒီလမ်းကြောင်းပေါ်တက်ဖို့ဆိုတာ ဗိုလ်ချုပ်ကြီးခင်ညွှန့် အနေနဲ့လည်း သူ့အနေနဲ့ ဒီဖြစ်စဉ်တွေမှာ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ လွတ်လွတ်လပ်လပ် လူကြီးပိုင်း တွေ့ဆုံစကားပြောလို့ရအောင် အခြား တနေရာကို ရွှေ့ပြောင်းသွားတယ်လို့ ကျနော်တော့ အဲဒီလိုပဲ အကောင်းမြင်ပါတယ်ခင်ဗျ။”
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပေါ် လာဘ်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ်မှာ ထောင်ဒဏ် ၄၄ နှစ် ချမှတ် အပြစ်ပေးခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ နေအိမ်မှာ အကျယ်ချုပ်ချထားတာပါ။ သူဟာ အကျဉ်းချခံထားရသူ ဖြစ်တဲ့အတွက် သူ့ကို အကျဉ်းသားတဦးလိုပဲ ဆက်ဆံရတယ်လို့လည်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

updated VOA သတင်းမှ

9 comments:

  1. ကျောင်းသား နိုင်ငံရေးသမားတွေအိမ်တွေကို ညဖက်တံခါးခေါက် ခဏလိုက်ခဲ့ပါခေါ်ခဲ့တဲ့ ထောက်လှမ်းရေးတွေရဲ့ ခေါင်းဆောင်ကြီး ညဘက်မှာ သူ့အိမ်တံခါးခေါက်ပြီးလာခေါ်တဲ့သူတွေနဲ့တွေ့ရတာဘဲ ၀ဋ်လိုက်တတ်တယ်ဆိုတာ မှန်တာဘဲ ကျောင်းသားတွေ နိုင်ငံရေးသမားတွေ ရဲ့မိသားစုတွေခံစားရသလို သူပြန်ခံစားရတာပါဘဲ

    ReplyDelete
  2. သူ့ လက်ချက်နဲ့ သူများတွေ မတရားခံခဲ့ရတာပဲ..
    ခု သူ့အလှည့်ရောက်တော့လည်း ခံပေါ့
    မသနား နိုင်ပါဘူး

    ReplyDelete
  3. တ၇ားဆိုတာယူတတ်၇င်၇ပါတယ်.နာစ၇ာ၇ှိ၇င်လွမ်းစ၇ာနဲ့ဖြေတဲ့

    ReplyDelete
  4. ဗိုလ်ခင်ညွန့်ကိုလာခေါ်တာ၊ရဲချုပ်ခင်ရီနဲ့သတင်းတပ်ဖွဲ့မှုး ရဲမှုးချုပ်မြင့်သိန်းဖြစ်တယ် ဆိုတာဗွီဒီယိုအရပြောလို့ရပါတယ် ရဲဝတ်စုံဝတ်ထားတာ sb သတင်းတပ်ဖွဲ့မှုးရဲမှုးချုပ်မြင့်သိန်းဖြစ်ပါတယ်။

    ReplyDelete
  5. I don't think he was moved into Insein Jail. He was sent somewhere like Guest House for ready to meet with someone who wants to see him. Maybe they need his idea. In the video, you guys can see that he is full of confidence.

    ReplyDelete
  6. very nice video for peace to the country. I thank Khin Nyunt for that.

    ReplyDelete
  7. အင်း.......... ဘာပြောတဲ့ဆိုတဲ့အသံဖျောက်ထားတာရယ်၊ အနီးကပ်ရိုက်ထားတာရယ်ကိုကြည့်ပြီး နည်းနည်းတော့သံသယ၀င်မိတယ်။ ဘယ်သူကရိုက်ပီး ဘယ်သူကဘာကြောင့်တင်လိုက်တာလဲပေါ့။ ဖြစ်နိုင်ချေရှိတာကတော့ ဘယ်လိုကောင်မျိုးပဲဖြစ်ဖြစ် ငါတို့ကိုအာခံရင် ဒီလိုမျိုးဖြစ်မယ်ဆို...တဲ့ အကြောင်းကိုသိစေချင်လို့ ဟိုဖက်ကလိုလို ဒီဖက်ကလိုလိုနဲ့ ရောထွေးပြီးတင်ပေးလိုက်တာပဲလို့ မှတ်ချက်ချရမယ်ထင်တယ်။ ခုလိုပြန့်သွားတာကတော့ ရည်ရွယ်ချက်တမျိုးအတွက် အရမ်းကောင်းပါတယ်။ ဘယ်လောက်ပဲ အာဏာရှင်ကို အလုပ်အကျွေးပြုပြု သူတို့စိတ်နဲ့အခန့်မသင့်ရင် ဒီလိုဘ၀မျိုးရောက်ရမယ်ဆိုတာ အာဏာရှင်ကို လက်ရှိကိုးကွယ်နေတဲ့ကောင်တွေ၊ တပ်မတော်သားတွေအတွက် သင်ခန်းစာယူသင့်ပါတယ်။

    ReplyDelete
  8. The major concern is why Junta took this video clip if it is positive future to Khin Nyunt…He is not like Daw Suu whom all people admire…

    If then, Why they took his every activity?

    Did they have intention to show in public or specific personal?

    My opinion is Junta intend to the specific group, former MI, who can disturb their future plot.It is alarm to them keep away out after their second attempt like Depaeyin.

    ReplyDelete
  9. အတွင်းသိ

    ဒီ VIDEO က ပြည်သူ တွေ အန်တီစု အပေါ်စိတ်ဝင်စား နေတာကို အာရုံပြောင်း အောင် လုပ်တဲ. ဝါဒ ဖြန့် VIDEO ပါ။
    ရိုက်ထား တဲ. အချိန် ကာလ က ၂၀၀၈ ခုနှစ် နာဂစ် နဲ. ပြည်သူ့ဆန္ဒခံယူပွဲ အပြီး ကာလ ပါ။
    လာရတဲ. အကြောင်း က ရွေးကောက်ပွဲ မှာ ပါဝင် ဖို. ဆွေးနွေးတာ ပါ။
    VIDEO အဟောင်းကြီး ပါ။ ပြည်သူ တွေ ဝေဝါး မနေ ပါနဲ. ။ ကိုယ်လုပ်စရာ ရှိတာသာ ဖြစ်အောင် လုပ်ပါ ။
    ဒီ သ တင်း ကိုလဲ လက်ဆင့် ကမ်း လိုက် ကြ ပါ ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.