Sunday, September 4, 2011

0 လမ်းပြင်ပေးရန်တိုင်ကြားစာနှင့်ရုပ်/သံ





မိတ်ဆွေများ ခင်ဗျား

ယခုပေးပို့လာသော လမ်းမကြီးပျက်စီးနေမှုနှင့် ရပ်သူရပ်သား ကျောင်းသူကျောင်းသားများ နေ့စဉ်သွားလာနေရသော ခြေအနေကို သိမြင်စေရန်နှင့် လိုအပ်သောဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန်ရေး သားပေးပို့ အပ်ပါသည်။

လမ်းမကြီးမှာ ကုန်တင်ယာဉ်ကြီးများ ပြေးဆွဲရာ သံသုမာလမ်းပေါ်ရှိ မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် မိန်းမလမ်း မကြီး ဖြစ်ပါသည်။ နှစ်စဉ် လမ်းမကြီးမှာ ဖျတ်သန်းသွားလာသော ကုန်တင်ယာဉ်ကြီးများ၊ ဘက်စ်ကားလိုင်းများ၊ ကိုယ် ပိုင်ယာဉ်များ မောင်နှင်းမှုဒဏ်ကို ခံနိုင်ရည်ရှိသော လမ်းတည်ဆောက်မှု အရည်အသွေး မပြည့်ဝသဖြင့် နှစ်စဉ်ဆိုးရွာစွာ ပျက်စီးယိုယွင်းနေပါသောကြောင့် အချိန်မီ ပြင်ဆင်ပေးနိုင်ရန်နှင့် ပြင်ဆင်ခြင်းမပြုနိုင်သေးပါလျှင် ကုန်တင်ယာဉ်ကြီးများ နှင့် လိုင်းကားများသွားလာမှုကို တားဆီးပေးနိုင်ရန် ရပ်သူရပ်သားများကျောင်းသူကျောင်းသားများမှ ၂၀၁၀ ခုနှစ်တွင် စုပေါင်း လက်မှတ်ထိုးတောင်းဆိုခဲ့သော်လည်း ယနေ့ချိန်ထိ ပိုမိုပျက်စီးယိုယွင်းကာ နေ့စဉ် ကားကြီးများမှာ လမ်းမကြီး၏ ချိုင့်များတွင် ကျွံဝင်ခြင်း၊ တိမ်းစောင်းမှုများဖြစ်ပေါ်ခြင်း၊ စက်ဘီးဆိုက်ကားများ ချိုင့်အတွင်းကျခြင်း၊ ကျောင်းသား ကျောင်းသူများ၊ ဈေးသွားဈေးလာများ စက်ဘီဖြင့် စီးနင်းရာမှ အရှက်တကွဲ ဖြစ်လောက်သည်အထိ ပြိုလဲခြင်း၊ လမ်းမ ကြီးရဲ့ အလယ်မှ သွားလာနေရခြင်း စသည်တို့သည် မကြာခင်ကာလအတွင်းမှာပင် ရပ်ကွက်အတွင်း မမျှေည်လင့်နိုင် သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သဖြင့် အချိန်မီ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်အရေးယူပေးခြင်း မရှိပါက ရပ်သူရပ်သားများနှင့် ကျောင်းသူကျောင်းသားများမှ သက်ဆိုင်ရာ တာဝန်ရှိသူများထံ လိုအပ်သလို ဆက်လက်ဆောင် ရွက်သွားရန် ပြင်ဆင်နေကြောင်း ကြားသိရပါသည်။

လေးစားလျှက်

ဒေါင်းမာန်

မှတ်ချက်။ ။ မြို့နယ်အာဏာပိုင်များအား အချိန်မှီပြင်ဆင်ပေးရန်၊ ပြင်ဆင်ရန်အခက်အခဲရှိနေပါက ကုန်တင်ယာဉ်ကြီး များ ဖျတ်သန်းခွင့် တာဆီးပေးရန်တောင်းဆို ညှိနှိုင်းအောင်မြင်ခြင်းမရှိပါက မယကနှင့် မြို့နယ်စည်ပင်တို့ထိ တက် ရောက် တောင်းဆိုသွားမည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.