Monday, September 5, 2011

0 စက်တင်ဘာ



စက်တင်ဘာ

ပစ္စန္တရာဇ် အရပ်မှာ...
အရာရာတိုင်း မိုးမလွတ်လေမလွတ်
ဖြစ်ဖူးတဲ့ လ ...။

ယမ်းညှော်နံ့ တွေကြား
ရွှေဝါရောင်တို့
လှိုက်စားခံရဖူးတဲ့ လ ...။

ပွင့်လင်းရာသီကို
အန်ထုတ်ဖို့ကြိုးစားရင်း
အန်ဖတ်ဆို့ သွားဖူးခဲ့ လ ...။

ဝတ်ကျောင်းသံတိတ်...
လူခြေဆိတ်ချိန်...
စစ်ဖိနပ်သံ ဆူညံခဲ့ဖူးတဲ့ လ...။

ပန်းပွင့်ပြာပြာတွေ ပွင့်အာလုဆဲ
အသည်းခွဲခံလိုက်ရတဲ့ လ...။

မေတ္တာသုတ်နဲ့ မျက်ရည်ယိုဗုံး ...
သေနတ်ချိန်သီး နဲ့ ဘုန်းတော်ကြီး ...
ဗလုံးဗထွေး ...
လက်ခုပ်သံတွေ လွတ်ကျကြေမွသွားဖူးတဲ့ လ...။

အဲဒီ လ ...
အဲဒီ လ...
အစိမ်းသေ ၀င်စားလို့
ရင်ခွဲတိုက်ထဲက ပြန်ထဖို့ ပြင်နေတဲ့ လ...။

အဲဒီ လ မှာပေါ့ ....
ချစ်သူရေ...
ငါတို့ ဒဏ်ရာ ရဖူး ခဲ့ ကြတာ ။ ။



2P

1:50 PM

3.9.2011(SAT)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.