Tuesday, July 6, 2010

0 မကြေပွဲနွှဲသည့် ဇနီးမောင်နှံ


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသားဖြစ်သော မောင်ကိုကိုဦး (လူခစတိုး၊ Morekha Art Gallery) နှင့် မထက်ထက်စိုး (လူခစတိုး၊ Morekha Art Galleryနှင့် OTL Lighting)တို့သည် ၁၈.၄.၂၀၁၀ နေ့တွင် စေ့စပ်မင်္ဂလာပွဲကို ကျင်းပခဲ့သည်။ စေ့စပ်မင်္ဂလာပွဲ ပြီးစီးသည့်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုဖြစ်သော နာရေးလမ်းကြောင်းများကို လူမှုရေး ဇနီးမောင်နှံမှ လိုက်လံ သယ်ယူ ပို့ဆောင်ပေးခဲ့ပါသည်။

ယနေ့ ၄.၇.၂၀၁၀ ရက်နေ့တွင် ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း နေအိမ်တွင် နံနက် (၁၀း၀၀) နာရီမှ (၁း၀၀) နာရီအထိ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့ပါသည်။ မင်္ဂလာဧည့်ခံပွဲ ပြီးဆုံးသည်နှင့် တပြိုင်နက်ထဲ မင်္ဂလာပွဲအခမ်းအနား ၀တ်စုံဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူထံ ခွင့်တောင်း၍ မင်္ဂလာပေါ် မင်္ဂလာထပ်သည့်အနေဖြင့် ကုသိုလ်ဖြစ် နာရေး ကူညီမှု လမ်းကြောင်းများကို လိုက်လံ ပို့ဆောင် ပေးဆပ်ခဲ့ပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.