Wednesday, July 7, 2010

1 ပြည်သူ့ခေတ်ဂျာနယ်က ယနေ့မှာမိတ်ဆက်ပြီးတော့ စတင်ထုတ်ဝေ၊ ပေါ် ပြူလာဂျာနယ်ကတော့ ယနေ့မှစ၍ ထုတ်ဝေမှု ရပ်ဆိုင်းခံရ။

ဆရာဖေမြင့်၊ ဆရာမောင်ဝံသတို့ ဦးစီးပြီး ထုတ်ဝေသော (ပြည်သူ့ခေတ်) အမည်ရှိ ဂျာနယ် စတင်ထုတ်ဝေခြင်းအခမ်းအနားကို ယနေ့နံနက်တွင်ရန်ကုန်မြို့ ၊ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)ရှိ မစ္စတာဘရောင်းကဖီး၌ ကျင်းပခဲ့ပါသည်။

ပြည်သူ့ခေတ်ဂျာနယ်သည် နိုင်ငံရေးသဘောတရားများကို ဦးစားပေးဖော်ပြထားသော ဂျာနယ်တစ်စောင်ဖြစ်ကြောင်း ဆရာဖေမြင့်နှင့် ဆရာမောင်ဝံသတို့မှ အခမ်းအနားတက်ရောက်လာကြသော သတင်းနှင့် စာနယ်ဇင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ ဂျာနယ်သစ်မိတ်ဆက်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးမှ တာဝန်ရှိသောပုဂ္ဂိုလ်ကြီးများအနက်မှ မကြာသေးမီကမှ ဥက္ကဌဖြစ်လာသူ ဗိုလ်မှုးကြီး တင်ခ (တက္ကသိုလ်တင်ခ) နှင့် ဆရာဟိန်းလတ်တို့နှစ်ဦးလောက်သာ တက်ရောက်လာကြောင်း သိရပါသည်။

ပြည်သူ့ခေတ်ဂျာနယ်ကို ဦးစီးပြီးထုတ်ဝေကြသော ဆရာကြီးများအား သိလိုသည်များကို မေးမြန်းခဲ့ရာ (ကျွန်တော်တို့ထုတ်တဲ့ဂျာနယ်က နိုင်ငံရေးဗဟုသုတ အသိပညာပေး ဂျာနယ်တစ်စောင်သက်သက်ပါ။ ကျွန်တော်တို့ ဒီဂျာနယ်ကနေ ၀ါဒဖြန့်တာတို့၊ လှုံ့ ဆော်တာတို့ မလုပ်ပါဘူး။ ပြည်သူတွေ၊ စာဖတ်သူတွေကို နိုင်ငံရေးအသိပညာပေးရုံ စေတနာပါ။ ဒါပေမဲ့ဗျာ တချို့ အကြောင်းအရာ တကယ်ကောင်းတဲ့စာတွေပေါ့လေ စိစစ်ရေးက ဖြုတ်ပြစ်တယ်ဗျာ။ ဒီ့အတွက် ကြိုးစားထားရတဲ့ ကျွန်တော်တို့ စိတ်မကောင်းရုံသက်သက်ကလွဲပြီး ဘာမှမတတ်နိုင်ပါဘူးလေ) ဟု ဆရာကြီးတစ်ဦးမှ ဖွင့်ဟပြောကြားသွားခဲ့ပါသည်။

အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးအသိုင်းအ၀ိုင်းအတွင်းမှ(၂၄.၆.၁၀) နေ့က (၁၃) နှစ်ပြည့်မြောက်ခဲ့သော ပေါ် ပြူလာဂျာနယ်အား မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးမှ တစ်ပတ်ခန့်ဂျာနယ်ထုတ်ဝေမှုကို တားမြစ်ပိတ်ပင်လိုက်သည်ဆိုသောသတင်းကို ကြားသိခဲ့ရပါသည်။

























ထိုသတင်းအား အနည်းငယ်မေးမြန်းကြည့်ရာ ပေါ်ပြူလာဂျာနယ်အား ထုတ်ဝေမှုတားမြစ်လိုက်ခြင်းမှာ မည်သို့သောအကြောင်းပြချက်မှန်း မသိရပါဟု စာပေစိစစ်ရေးမှဝန်ထမ်းတစ်ဦးကပြောကြားသွားခဲ့ပါသည်။

(ရေးသားဖေါ်ပြသူ - မာဃ၀ိဇ္ဇာ)။

1 comment:

  1. အရမ်းဖတ်လို့ကောင်းတဲ့ ဘလော့လေးပါ နေ့တိုင်းလိုလိုဖတ်ဖြစ်ပါတယ်ရှင်..............

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.