Sunday, July 4, 2010

0 အစုန်လော အဆန်လော


အစုန်မျှောက ...

မျှောလေမျှောလေ ၊ စုန်သည့်ရေတွင်

စုန်လေနက်လေ ၊ နောက်ကျိပေ၏ ။

အကြေမြစ်ရပ် ၊ လှိုင်းပုပ်ခတ်၍

ဖြတ်ဖြတ်မူးမော ၊ ရေလျှင်ကြောတွင်

ကျယ်ပြောသမျှ ၊ ပင်လယ်ဝသို့

ရောက်ရမကြာ ၊ လှေနာဝါသည်

ရေမှာပျက်စီးလိမ့်တကား။ ။

ရေဆန်တက်က

တက်သည်နှင့်မျှ ၊ လှော်ခတ်ရ၏

လုံ့လကြီးစွာ အားထုတ်ပါသော်

မြစ်ညာရပ်ဆီ ၊ ရေလည်းကြည်၏

ကြည်သည့်ရေတိမ် ၊ ငြိမ်လည်းငြိမ်၏

ငြိမ်သည့်ရေတက် ၊ မြင့်ကာတက်၍

လှော်လျက်မနား ၊ ဆက်၍သွားသော်

မြစ်ဖျားတစ်လျှောက် ၊ ကမ်းသို့ပေါက်ကာ

ရောက်လိမ့် လမ်းဆုံးသို့တိုင်တည်း......

အို......အဆွေ.........

လှေမှာ ထိုင်လိုက် ၊ အစုန်ကြိုက်သလား?

မောဟိုက်လှော်သွား ၊ အဆန်သွား မလား?


ကဗျာလေးကို ရေးစပ် သူကတော့ ကိုလိုနီခေတ်… သူရဇော် ဖြစ်ပါတယ်။

သူငယ်ချင်းတို့အားလုံးလည်း..လှေမှာ ထိုင်လိုက်ပြီးတော့ ၊ အစုန်ကိုပဲ မျောလိုက်သွားကြမလား…?
မောဟိုက်လှော်သွား ၊ အဆန်ကိုပဲ လှော်ခတ်သွားကြ မလား?
ဆိုတာကို… စဉ်းစား ဆုံးဖြတ် နိုင်ကြပါစေလို့ ဆန္ဒပြုရင်း….....

မျှဝေပို့ပေးသော ညီမလေး nam nam အားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.