Monday, July 18, 2011

0 အာဇာနည်နေ့ ဥသြသံ နှင့် အာဇာနည်နေ့ မော်ကွန်းဝင် တေးသီချင်းများ

~ အာဇာနည်နေ့ ဥသြသံ နှင့် အာဇာနည်နေ့ မော်ကွန်းဝင် တေးသီချင်းများ ~ by komyoedesign
လွတ်လပ်ရေးအရယူပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့နေ့၊ တပ်မတော်ဖခင်ကြီးကျဆုံးခဲ့တဲ့နေ့၊ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ဆိုတာကို အမျိုးကိုချစ်၊ နိုင်ငံကိုချစ်၊ တိုင်းပြည်နဲ့လူမျိုးကို ချစ်ကြတဲ့သူတိုင်း သတိရမိကြမှာပါ။ အာဇာနည်သီချင်းတွေရှားပါးပျောက်ကွယ်လုသီချင်းတွေထဲက လက်လှမ်းမီသမျှ စုစည်းပြီး ခံစားနားဆင်နိုင်အောင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
* အလေးပြုပါသည် *
သီဆိုသူ - မေလှမြိုင်
ရေးစပ်သီကုံးသူ - ဂီတာတင်အုံး

(နှစ်လဌာနီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ…♫ ♪ ♫ ♪ ♫♪…ယနေ့ဖြင့် သတိ တရားထားဖို့ အခြေ …♫ ♪ ♫ ♪ ♫♪…အများပြည်သူတွေ အများပြည်သူတွေ …♫ ♪ ♫ ♪ ♫♪…အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ …♫ ♪ ♫ ♪ ♫♪…အလေးပြုပါမယ်လေ…♫ ♪ ♫ ♪ ♫♪… )၂
စနစ်အနေပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းက ဖြေသော်မပြေ …♫ ♪ ♫ ♪ ♫♪… လွမ်း ... မျက်ရည် မြေခပြီမို့ တွေးတသသ ဆွေးစမရွှင်ပေ …♫ ♪ ♫ ♪ ♫♪… ရွှေရင်ဆူ ကဲ ကြေကွဲဝမ်းနည်းရပုံတွေ ယနေ့ထက်တိုင် အခြေ မမေ့ရက်နိုင်ပါလေ…♫ ♪ ♫ ♪ ♫♪…
အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
ကောင်းရာသုဂတိရောက်ရှိကြပြီလေ…♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
တေးကဗျာ အနုစာခွေရေးကာ တေးပြု …♫ ♪ ♫ ♪... အလေးပြုပါတယ်လေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
(အစအဆုံး ပြန်ဆို)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~ သတိရပါသည် ~

ရေးစပ်သီကုံးသူ - မောင်မောင်သီ|
သံစဉ် စန္ဒယားလှထွတ်| သီဆိုသူ - ၀င်းဦး

(အာဇာနည်နေ့…♫ ♪ ♫ ♪ ♫ ♪… တမြေ့မြေ့ သတိရနေ …♫ ♪ ♫ ♪… သတိရသည်နှင့်အမျှလေ အသိက ညီရင်းတမျှဆွေ တိုင်းရင်းသားလူမျိုးစုတွေ …♫ ♪ ♫ ♪…
ဥမကွဲသိုက်မပျက် ခရီးဆက်လက်နှင်မလေ …♫ ♪ ♫ ♪…)၂

ဗိုလ်ချုပ်အောင်ဆန်း မှာတမ်းများခြွေ …♫ ♪ ♫ ♪… တပ်မတော်နဲ့ပြည်သူ …♫ ♪ ♫ ♪… တပြေးတည်းညီတူနေ …♫ ♪ ♫ ♪… တိုင်းပြည်ထူထောင်ရေး …♫ ♪… လုပ်ငန်းများ အထွေထွေ တွဲယှဉ်မကွာပေ မနှေးအစဉ်သာပေ …♫ ♪ ♫ ♪… ရင်ကြားစေ့အောင် ဆောင်ရွက်နိုင်စေ ညီနောင်တစုမှာလေ့ …♫ ♪ ♫ ♪ ♫ ♪…

ကျရောက်သမျှတာဝန်တွေ …♫ ♪ ♫ ♪… မသွေတမ်းပေ …♫ ♪ ♫ ♪… မခိုမကပ် လိုအပ်သမျှတွေ ဖြည့်တင်းလို့လေ …♫ ♪ ♫ ♪… သွေးစည်းခြင်းရဲ့ ရလဒ်အဖြေ လွတ်လပ်ခြင်းမှာ တို့ရာရဲအမွေ …♫ ♪ ♫ ♪… ဒီအမွေ ဒီအနှစ် တစက်မျှ အထိမခံပေ …♫ ♪ ♫ ♪… (အန္တရာယ်ရန်စွယ်ဟူသမျှတွေ)၂ သိုင်းသိုင်းဝန်းဝန်း ရိုင်းပင်းကာ တွန်းလှန်ဖြိုဖျက် တခဲနက် အောင်မြင်စေ …♫ ♪ ♫ ♪…

(အစအဆုံးပြန်ဆို)

komyoedesign အားကျေးဇူးတင်ရှိပါသည်.

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.