အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် မနက် ၅ နာရီ အာရုံဆွမ်းကပ်လှူဒါန်းမည်။ နံနက် ၈ နာရီမှ ၁၀ နာရီအတွင်း ကျင်းပပြုလုပ်မည့် လက်ရှိ အစိုးရ အစီအစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ကုန်းသို့ သွားရောက်ပြီး လွမ်းသူ့ပန်းခြင်း ပို့ဆောင်မည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အာဇာနည်နေ့ အခမ်းအနား ကို နံနက် ၁၁ နာရီတွင် စတင် ကျင်းပမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦးတို့က အမှာစကား ပြောကြားမှာ ဖြစ်ပါသည်။ နိုင်ငံခြား သံတမန်များကိုလည်း အခမ်းအနားသို့ ဖိတ်ကြားထားပါသည်။ ရုံးတွင်လည်း ဆွမ်းကပ်လှူဒါန်းပွဲလည်း ပြုလုပ်မည် ဖြစ်ပါသည်။
ရုံးချုပ်မှာ စုရပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူဦးရေ ၁၀၀ ဦးခန့်က အာဇာနည် ဗိမာန်ကို ချီတက် လွမ်းသူ့ပန်းခွေချမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအင်အားစုနဲ့ လူငယ်ကွန်ယက်တို့ တွဲပြီး၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ ၀ါရင့် နိုင်ငံရေးသမားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ လိုက်ပါကြမည်ဖြစ်ပါတယ်။ လူဦးရေ စာရင်းနဲ့ ပြည်ထဲရေးကို တင်ပြညှိနှိုင်းတာ ပြည်ထဲရေးက လူ ၁၀၀ ဦး လွမ်းသူ့ပန်းခွေ ကိုင်ဆောင်ပြီး အာဇာနည်ကုန်းသို့ ချီတတ်ကြမည်ကို ခွင့်ပြုပေးသည်ဟု သိရပါသည်။ ဒါကြောင့် မနက်ဖြန် အာဇာနည်နေ့တွင် အေးချမ်းစွာဖြင့် အာဇာနည်ကြီးများကို ဂုဏ်ပြု ဦးညွတ်နိုင်လိမ့်မည် ဖြစ်ကြောင်း သိရပါသည်။
ရွှေနန္ဒ shwenanda
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်