Sunday, August 28, 2011

0 NLD ကိုဘောင်ခတ်နေပြီ



" ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စများ၌ ပါဝင်မှုသည် သူတဦးတည်း ပါဝင်ရန် မဟုတ်ဘဲ သူ၏တရားဝင် နိုင်ငံရေးပါတီပါ ပါဝင်နေမည်ဖြစ်ကြောင်း"

"ဥပဒေနှင့်အညီ ပါတီတည်ထောင်ခွင့် လျှောက်ထားနိုင်ပါကြောင်း ပြောဆိုကာ ရွေးကောက်ပွဲ ကျင်းပရန် လစ်လပ်နေသော လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၈ နေရာ ရှိသည်ဟုဆိုသည်။"

“ ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်ပါတီနှင့် နိုင်ငံတော် အစိုးရတို့သည် အပြန်အလှန် ကူညီသည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် (Reciprocal Basis) ဖြင့် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း”

2008 ခုနှစ် ဖွဲ.စည်းပုံအခြေခံ ဥပဒေကို လက်မခံနိုင်သည့်အတွက် ရွှေဂုံတိုင် စာတမ်းကို ဆက်လက် ဆွဲကိုင်ထားဆဲဆိုတဲ့ NLD ကို မှတ်ပုံတင်ဖို့ အတင်းတိုက်တွန်းနေတဲ့ စကားတွေပါ။ အလုပ်သမားဝန်ကြီးနှင့် လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် သောမတ်အိုဟေး ကွင်တားနားနှင့် တွေ.ဆုံစဉ်က ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ ၂ ကြိမ်တွေ.ဆုံခြင်းတွေ အပေါ်မှာ သုံးသတ်ပြောဆိုခဲ့တဲ့ စကားတွေပါ။

ကြံ.ဖွံ.အစိုးကတော့ NLD ကိုဘောင်ခတ်နေပါပြီ။ လုပ်ပိုင်ခွင့်တွေနည်းအောင်လုပ်နေပါပြီ။ ဒေါ်စုရဲ့ အခန်းကဏ္ဍကို လျှော့ချ၊ နိုင်ငံတကာနဲ့ ဒေါ်စုရဲ့ကြား အဟန့်အတား ဖြစ်အောင်ကြံစည်နေပါပြီ။ နုတ်ပိတ်ဖို့ ကြီုးစားခြင်းသက်သက်မျှသာ။

မှတ်ပုံမတင်ရင်

...................

NLD မှတ်ပုံမတင်ဘူးဆိုရင် ကြံ.ဖွံ. အစိုးရအနေနဲ့ ထောက်ကွက် ဖြစ်လာပါလိမ့်မယ်။ သူတို့ အနေနဲ့ သဘောထားကြီးကြီး စိတ်ရှည်စွာနဲ့ NLD ကို မှတ်ပုံဖို့ ပြောပေမဲ့ NLD အနေနဲ့ မှတ်ပုံမတင်ဘူး။ ဒါကြောင့် သူတို့ NLD ရဲ့ လှုပ်ရှားမှုတွေကို အရေးယူတာတွေ ၊ တားမြစ်တာတွေ ရှိလာနိုင်ပါတယ်။ နောက်ဆုံး အကြောင်းပြချက်မျိုးစုံနဲ့ ထောင်ထဲ ပြန်ထဲ့နိုင်ပါတယ်။ NLD ကို မှတ်ပုံတင်ဖို့ အမြဲပဲ တိုက်တွန်းနေတာတွေ.နေရပါတယ်။ ဒါကြံ.ဖွံ. အစိုးရအနေနဲ့ NLD ကို တရားမ၀င် အဖွဲ.အစည်း အဖြစ် ထောက်ပြနေခြင်းသက်သက်ပါ။ NLD ဟာ တရားဝင် အဖွဲ.အစည်း မဟုတ်ကြောင်း ခြိမ်းခြောက် နေခြင်းသက်သက်သာဖြစ်ပါတယ်။ တရားမ၀င် အသင်းဖွဲ.စည်းခြင်း နှင့် တရားမ၀င် အသင်းအဖွဲ.နှင့် ဆက်သွယ် ပတ်သက်ခြင်း ဥပဒေကို တချိန်မှာ အသုံးချ ဖမ်းဆီးနိုင်ရန် ကြိုတင် ပြင်ဆင်မှုများလို့ ယူဆရပါတယ်။

မှတ်ပုံတင်ရင်


...................

မှတ်ပုံတင်ရင်တော့ သူတို့ အိပ်ထဲက ဖား ဖြစ်သွားပါပြီ။ ချက်စားလိုကစား၊ ကင်စားလိုကစား၊ NLD ကကြံ.ဖွတ် အစိုးရ ထားရာနေ စေရာသွား ရတော့မှာပါ။ တရားဝင်ပါတီဖြစ်လာတဲ့ အတွက် သူတို့ ရဲ့ လက်အောက်မှာ လှုပ်ရှားရတော့မှာ ဖြစ်လို့ အရင်လို အလွတ်ပြောဆိုတာတွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံတာတွေ အစိုးရခွင့်ပြုချက် မရဘဲ မလုပ်နိုင်တော့ပါဘူး။ အနိုင်ရ အမတ်တွေ လောက်သာ အချို.ကိစ္စတွေမှာ ပြောရေးဆိုခွင့် ရှိလာမှာ ဖြစ်ပြီး အမတ်အဖြစ် မှတ်ပုံတင်ထားခြင်းမရှိသော ၊ ရွှေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသော ၊ ရွေးကောက်ပွဲ အနိုင်မရသော သူများမှာ မီဒီယာမှာ ပြောခဲ့ရင် အဖမ်းခံရပါမယ်။ ပါတီကို ကန့်သတ်လိုက်တဲ့ သဘောပါ။ တရားဝင် အစိုးရ နိုင်ငံရေးပါတီ ဖြစ်တဲ့ အတွက် အမတ် မဟုတ်သူအများစုက ပါးစပ်တွေ ပိတ်ထားဖို့သာရှိပါတယ်။ လွတ်တော် အမတ်ဖြစ်လာသူကလည်း ၊လွတ်တော် မှာ အရေးတယူ ပြောဆိုနိုင်လောက်အောင်ထိ တိုးပေါက်မှာ မဟုတ်ပါဘူး။ ပါလီမန်တက် ၊ သူတို့ပြောတာနားထောင်ပြီး ပြန်ရုံပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံခေါင်းဆောင်ဆိုသော အနေအထားမှ လွှတ်တော်အမတ်ဆိုသော အနေအထားကို လျှော့ချပြီး ချိုးနှိမ်ဖို့ သက်သက် ဖြစ်ပါတယ်။ သေချာတာကတော့ နိုင်ငံတကာနဲ့ အဆက်ဖြတ်ပြစ်လိုက်တာပါ။ ပီးရင် သူ့ရဲ့ ၀ါဒတွေ ရိုက်သွင်းပါလိမ့်မယ်။ နိုင်ငံတကာမှလည်း သူတို့ရဲ့ လွှတ်တော် အမတ်ကို တွေ.ဖို့ အရေး သူတို့ ခွင့်ပြုချက်ရယူဖို့လိုပါလိမ့်မယ်။ (ပိုဂ္ဂိုလ်ရေးတွေ.ဆုံမှုမျိုးမဟုတ်ပဲ ၊ နိုင်ငံဖွင့်ဖြိုးတိုးတက်ရေး အတွက်ဆိုရင် ၊ သက်ဆိုင်ရာ ၀န်ကြီးများ ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ သံတမန်နည်းလမ်းများအရ တွေ.ဆုံရပါမယ်။)


မှတ်ပုံတင်သည်ဖြစ်စေ၊မှတ်ပုံမတင်သည် ဖြစ်စေ NLD ကို ဘောင်ခတ်နေတာတော့ သေချာနေပါပြီ။

ရဲသူရိန်မင်း

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.