Friday, November 11, 2011

0 ကိုဇေယျာသော်ဦးဆောင်တဲ့ ကမ်းလက်လူမှုကူညီရေးအဖွဲ့က မကွေးတိုင်း ပခုက္ကူခရိုင် ရှားဒူးရွာက ရေဘေးသင့်ပြည်သူများအားကူညီ


မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ပခုက္ကူခရိုင် ရှားဒူးရွာက ရေဘေးသင့်ပြည်သူတွေ အတွက် ကိုဇေယျာသော်ဦးဆောင်တဲ့ ကမ်းလက်လူမှုကူညီရေးအဖွဲ့က ဆန်နဲ့ အခြားအသုံးအဆောင် ပစ္စည်းတွေကို လှူဒါန်းခဲ့ကြပါတယ်။

ရှားဒူးရွာသူရွာသားတွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့က သည်းထန်စွာရွာသွန်းခဲ့တဲ့မိုးကြောင့် တစ်ရွာလုံးရေမြုတ်ပြီး ဘုန်းကြီးကျောင်းအတွင်း ခိုလုံနေကြရသလို အကူအညီလည်းမဲ့နေကြ တာဖြစ်ပါတယ်။
ကိုဇေယျာသော်ဦးဆောင်တဲ့ ကမ်းလက်လူ...မှုကူညီရေးအဖွဲ့အနေနဲ့ အခုလိုအကူအညီမဲ့နေတဲ့ ရေဘေးသင့်ဒေသတွေကို အဓိကထားလိုက်လံကူညီပေးနေတာလည်း ဖြစ်ပါတယ်။
အခုလိုသွားရောက်ကူညီရာမှာလည်း လမ်းခရီးမှာ သမ္မတခရီးစဉ်ရှိနေတာကြောင့် ပခုက္ကူမြို့နဲ့ ၃ မိုင်လောက်အကွာမှာရှိတဲ့ ကျောက်လှေကားရွာမှာ နေ့ဝတ်လောက်စောင့်ဆိုင်း ခဲ့ရတယ်လို့လည်း သိရပါတယ်။

ကမ်းလက်လူမှုကူညီရေးအဖွဲ့ဟာ နိုဝင်ဘာလပထမအပတ်ထဲမှာပဲ မကွေးတိုင်းအတွင်း ပခုက္ကူမြို့နယ် ၊ ပေါက်မြို့နယ် ၊ဆိတ်ဖြူမြို့နယ်တွေကရေဘေးဒုက္ခသည်တွေအတွက် လုက်လံအကူအညီ ပေးခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၁၀၀ ကျော်ရှိခဲ့တယ်လို့ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာဖော်ပြခဲ့သလို ရွှေချောင်းတံတား အပါအ၀င် တံတားခြောက်စင်း ပျက်စီးခဲ့ပြီး အိုးအိမ်တွေ ၊ တိရစ္ဆာန်တွေ ၊ သီးနှံစိုက်ခင်းတွေ အများအပြား ပျက်ဆီးသွားခဲ့ပါတယ်။

Burma VJ Media Network

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.