Sunday, November 6, 2011

0 ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းသို့အကြံပေးချက်။


ဗီအိုအေနဲ့ ၁၁လ ပိုင်း ၄ရက်နေ့ က အင်တာဗျူး မှာဝန်ကြီး ကျော်ဆန်းက “ကနေ့ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ်အရပေါ်ပေါက်လာတဲ့ကျွန်တော်တို့အစိုးရလက်ထက်မှာလဲဘဲ……….” လို့ဆိုထားပြီး နောက်ဆက်ပြီး

“အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ကျူးလွန်တဲ့ အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်။ သို့သော်လည်း အဲ့ဒီထဲမှာ နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ပါကောင်းပါမှာပါပဲ။ ဒါတွေအားလုံးကိုလည်း သမ္မတကြီးက သူ့ကိုအခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ဆင်ခြင်တုံတရားနဲ့ ကျင့်သုံးပြီးတော့ ဒါတွေကို ဘာလုပ်ပေးနေလဲ၊ ဖြေလျှော့ပေးနေပါတယ်” တခါဆိုထားပြန်ပါတယ်။

အမဲရောင်ဆိုးထားတဲ့အပိုဒ်နှစ်ခုကိုနှိုင်းယှဉ်ပြီးပြောချင်ပါတယ်၊ အပေါ်ပိုဒ်မှာပြောတာက ကနေ့ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ်အရပေါ်ပေါက်လာတဲ့ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ…..လို့ဆိုတော့ယ္ခင်စစ်အာဏာရှင်အစိုးရနဲ့လားလားမျှမဆိုင်ဘူးလို့ဆိုလိုတာဖြစ်တယ်။ ဒီမိုကရေစီအစိုးရပေါ့ဗျာ။

ဒါပေမဲ့နောက်အပိုဒ်ကြတော့ “အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ကျူးလွန်တဲ့ အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်” ဆိုတော့အသစ်တက်လာတဲ့ ဒီမိုကရေစီနည်းကျ အစိုးရဟာ သူ့ကိုယ်သူ ယ္ခင်စစ်အစိုး ရ ဘဲဖြစ်ပါတယ်ဆိုပြီးဝန်ခံသလိုမျိုးဖြစ်နေပြန်တယ်၊ ကျော်ဆန်းဟာသူ့ကိုယ်သူ ယ္ခင်အစိုးရလုပ်ရပ်တွေကို လိုက်နာစောင့်ထိမ်းပြီးဆက်လက်ကျင့် သုံးရ မယ် လိုယူဆထားသူ ဖြစ်တယ်ဆိုတာ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ် ဆိုတဲ့ သူ့ပြောစကား အရထင် ရှားတယ်။ နောက်တခုက သန်းရွှေတို့ လမ်းစဉ်အတိုင်း တိုင်းပြည်မှာနိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ ဗြောင်ငြင်း နေတုန်းဘဲ ဖြစ်တယ်။

တကယ်ဖြစ်သင့်တာက ကနေ့ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ်အရပေါ်ပေါက် လာတဲ့ ကျွန်တော်တို့ အစိုးရလက်ထက်မှာယ္ခင်အစိုးရလုပ်ရပ်တွေဟာတရားမျှတမှုမရှိဘဲအလွန်အကျွံအာဏာသုံးစွဲ မှုတွေရှိ ခဲ့ တဲ့အတွက်သဘောထားအမြင်မတူလို့ထိမ်းသိမ်းထားတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်ဆိုတာမျိုးဖြစ်သင့်တယ်။ နိုင်ငံတွင်းမှာနိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကိုသတ္တိရှိရှိဝန်ခံရဲသလို၊ သတ္တိရှိရှိလွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့တချိန်ချိန်မှာနိုင်ငံရေးနဲ့ထောင်ထဲရောက်သွားခဲ့ရင်ရောက်သွားနိုင်တဲ့အတွက်၊ အမျှော်အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာလက်ခံထားသင့်တယ်လို့အကြံပြုလိုက်တယ်။

ထွန်းအောင်ကျော်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.