Sunday, July 29, 2012

3 ၂၀၁၅ မှာ NLD အပြတ်အသတ်နိုင်သွားမှာကိုကြောက် လို့၁၀ပါတီ နဲ.ကြံဖွတ်ပေါင်းပြီး စပြီး ကလိန်ကျပါပြီ

၂၀၁၅ အတွက် ကြိုတင်အကွက်ချ နိုင်ငံရေးတိုက်ကွက်တစ်ခု 
''ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအများကဝေဖန်''

လာမည့်ရွေးကောက်ပွဲများတွင် တစ်ပါတီတည်းအနိုင်ရမှုကိုကာကွယ်ရန် ရွေးကောက်ပွဲစံနစ်ပြုပြင်ရေးနှင့်ပတ်သတ်၍ ဒီမိုကရေစီမိတ်ဆွေပါတီများကသဘောထားကြေည်ာချက်တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

" ရွေးကာက်ပွဲကော်မရှင်ကဒါကိုလွှတ်တော်တင်ပြမယ်ပေါ့။ပါတီတွေနဲ့ ပြည်သူတွေအားလုံးပါဝင်လာအောင်လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကတော့ ဒီသဘောထားကြေညာချက်ကို လက်မခံပါဘူး " ဟု ဒီမိုမိတ်ဆွေပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါသဘောထားကြေညာချက်ကို ဖတ်ရှုသိရှိပြီးသူများကလည်း လက်မခံကြောင်းဖြင့် ဝေဖန်ပြောကြားကြသည်။
Photo.. Popular Myanmar news journal

3 comments:

  1. ဒီလူတွေမင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးခွဲတာဘဲ။လူထုရဲ့ယုံကြည်ထောက်ခံမူရှိရင်နေရာဆိုတာတောင်းယူစရာမလိုပါ၊

    ReplyDelete
  2. အလို..အောက်လမ်းဆရာတွေအောက်လမ်းနည်းတွေသုံးပြီ၊၊

    ReplyDelete
  3. လုပ်ချလိုက်ပြန်ပြီ ...နောက်ကြောင်းပြန်လှည့်မဲ့ကိစ္စတွေ.....။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.