Saturday, August 4, 2012

0 သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ)၏ လက်မှတ်ရေးထိုးလှုပ်ရှားမှု စတင်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၏ ပြောကြားချက်များ

ဒါ လူကြီးလူကောင်းကတိဖျက်တာ။ ဒီအချိန်မှာ စာနယ်ဇင်း လွပ်လပ်ခွင့် ပေးမယ်ဆိုပြီး ဒီလိုလုပ်တာ ကတိဖျက်တာ။
အခုခင်ဗျာတို့ လုပ်တာကသဘာဝကျတယ် နောက်တစ်ခုကတရားရုံးရဲ့အမိန့်ကိုတောင်မစောင့်နီုင်ပဲ နှုတ်မိန့်နဲ့ပိတ်တာက
အစရှိ အနောင်နောင်ဖြစ်သွားလိမ့်မယ်နောက်ဆိုခင်ဗျားတို့ကို ဆက်ပြီးနှိပ်ကွပ်သွားလိ့န့်မယ်။ မီဒီယာသေရင်
ဒီမိုကရေစီပါလိုက်သေမှာပဲ။ ဒါကြောင့်ဒီမိုကရေစီအသေမခံနိုင်တဲ့အတွက်ဒီနေရာကိုလာပြီး ခင်ဗျားတို့နဲ့ရပ်တယ်
ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်မယ်

ခင်ဗျားတို့ကြိုက်တဲ့ပုံစံကိုပြောပါ။ ကျွန်တော်တို့ကတော့နောက်ကြောင်းပြန်လည့်တာမျိုး မဖြစ်အောင် ထိန်းရမယ်ပေါ့
အသိဥာဏ်နဲ့ထိန်းရမယ်ပေါ့ဗျာ။ ဒါပေမယ့် ရဲရဲရင့်ရင့်လက်ခံတာမျိုးလုပ်မယ်ကျွန်တော်တို့ 88 ကလည်း ခင်ဗျားတို့နဲ့ တရားမျှတမှုအတွက် အမြဲရှိနေပါတယ် ကတိပေးပါတယ်(The Express Times)
ယနေ့ ( သြဂုတ်လ၊ ၄ ရက်) နံနက်ပိုင်းက ပြုလုပ်သော စာနယ်ဇင်းသမားများ၏ "မီဒီယာဖိနှိပ်မှု ရပ်" လှုပ်ရှားမှုတွင် မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ENVOY ဂျာနယ် အပိတ်ပင်ခံခဲ့ရသော ဇင်ယော်မောင်မောင်အား ဆန္ဒပြသတင်းသမားများက တွေ့ဆုံမေးမြန်းနေကြစဉ်။


Photo.88 generation studients,The Voiceweekly

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.