Sunday, July 29, 2012

4 ဦးအောင်သိန်းလင်း နှင့် Southen Weekend (China) တွေ့ဆုံမေးမြန်းမှုနှင့်ပတ်သတ်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှထုတ်ဖော်ကြေငြာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထုတ်ဖော်ကြေငြာချက်
၁။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်သိန်းလင်း နှင့် Southen Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက် များအား Internet စာမျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ် များတွင် လည်းကောင်း ဖော်ပြလျှက်ရှိနေကြပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါ သည်။

၂။အဆိုပါ ရေးသားဖော်ပြချက်များသည်ဗဟိုအလုပ်အမှုဆောင်ဦးအောင်သိန်းလင်းမှအမှန်တကယ် ပြောကြားခဲ့မှု များဖြစ်ပါ က ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက် များသာဖြစ် ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။

၃။ ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ မရှိ ကိုလည်း စီစစ်ဆောင် ရွက်လျှက်ရှိပြီး၊ တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

http://www.usdp.org.mm/

4 comments:

  1. ဗြမ္မာ့ဘုံနွားခုံတက်ပြီးခွေးကျကျလိမ့်မယ်

    ReplyDelete
  2. hey, who want to fire him! They try to talk nice on people. People never trust the government party anyway.

    ReplyDelete
  3. wait and see. how they will do investigation. Everything must be transparency.

    ReplyDelete
  4. ဦးအောင်သိန်းလင်းက သူ့စိတ်ထဲမှာရှိတဲ့ တစ်ခုခုကိုပေးလိုက်တာပဲ..ဒါကြောင့် သူတစ်ခုခုပြန်ရမှာပါ...

    ဒါပေမယ့် ကောင်းသောရခြင်းမျိုးမဟုတ်မှာတော့ သေချာပါတယ်...

    စဉ်းစားမိတာတစ်ခုက..သူ့ကြောင့် သူ့ရဲ့မိသားစုတွေ ဘယ်လိုမျက်နှာမျိုးနဲ့ နေထိုင်ကြလဲဆိုတာပါ..

    ကျွန်တော်တော့ သူတို့အစား တော်တော်လေးကို ရှက်ပါတယ်....

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.