Tuesday, August 16, 2011

0 ဗေဒါသင်တန်းကျောင်းတွင်ပြုလုပ်မည့်“ဧရာဝတီအလုပ်ရုံဆွေးနွေးပွဲ”အတွက်ဖိတ်ကြားခြင်း။ဝန်ခံကတိပြုခြင်းနှင့် အကူအညီတောင်းခံခြင်း။


မြန်မာနိုင်ငံသူ၊နိုင်ငံသားများသည်ဧရာဝတီမြစ်(မြစ်ဆုံနှင့် မြစ်လက်တက်များ)ပေါ်တွင်တည်ဆောက်မည့် ဆည်စီမံကိန်းများနှင်ပတ်သက်၍ဖြစ်ပေါ်လာနိုင်သည့်အကျိုး၊အပြစ်များကိုသိလိုသောဆန္ဒရှိလိမ့်မည်ဟုယုံကြည်ပါသည်။သို့ အတွက်(၁၈.၈၂၀၁၁)အမှတ်(၄၅၃)သုမနလမ်း ၁၆/၂ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗေဒါသင်တန်းကျောင်းတွင်“ဧရာဝတီအလုပ်ရုံဆွေးနွေးပွဲ”အားမည်သူမဆိုတက်ရောက်ဆွေးနွေးနိုင်ရန်ဖိတ်ကြားခဲ့ ပါသည်။သို့ ရာတွင်“ဧရာဝတီ“နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲမှာတစ်ကြိမ်တည်းနှင့် ပြည့် စုံရန်ခက်ခဲပါလိမ့်မည်။

ထို့ အတူ ဗေဒါသင်တန်းကျောင်းမှာလည်းတက်ရောက်လိုသည့် လူဦးရေပမာဏအား လက်ခံနိုင်ရန် အခက်အခဲရှိသည့် အတွက်ဒုတိယအကြိမ်(၂၈-၈-၂၀၁၁)မှ အစပြု၍ အပတ်စဉ်တနဂ်နွေနေ့ တိုင်း(တိကျသည့် အဖြေရရှီသည်အထိ) စဉ်ဆက်မပြတ်စေရန် ကြိုးစား ဆောင်ရွက် သွားမည်ဖြစ်ပြီးနေရာကိုလည်းပြောင်းရွှေ့ ကျင်းပရန်စီစဉ်ထားပါသည်။

မိမိတို့ ပြည်သူများသည်ဆည်တည်ဆောက်ခြင်းကိုမျက်စေ့ စုံမှိတ်ကန့် ကွက်လိုသူများမဟုတ်ကြဘဲ ဖြစ်ပေါ်လာနိုင်သည့် ကောင်းကျိုး၊ဆိုးပြစ်များကို တိကျ၊သေချာ၊ ရှင်းလင်း၊ ပြတ်သားစွာသိရှိလိုခြင်းသာဖြစ်သည့် အတွက်(ဧရာဝတီနှင့်တကွ မြန်မာနိုင်ငံ၏ အကျိုးကိုလိုလားသော) အတတ်ပညာရှင်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များမှ လာရောက်ရှင်းလင်းပြောကြားပေးပါလျှင် လေးစားစွာခံယူလိုပါကြောင်း တင်ပြ ဖိတ်ကြား အပ်ပါသည်။ခင်ဗျား။

ဝန်ခံကတိပြုခြင်း
------------------

အထက်အကြောင်းအရာ(ဧရာဝတီအလုပ်ရုံဆွေးနွေးပွဲ)နှင့် စပ်လျဉ်း၍ ကျနော်ဦးဝင်းချိုသည် (မည်သည့်တစုံတယောက်၊တစုတဖွဲ့ ၏ခိုင်းစေညွှန်ကြားချက်မျှမပါဘဲ မိမိ၏လွတ်လပ်သောသဘောဆန္ဒနှင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ယနေ့ အချိန်ထိ( ပြည်တွင်း၊ပြည်ပ)မည်သူတဦး တယောက်ထံမှ (ရည်ညွှန်းစာရွက် စာတမ်းများမှတပါး) ငွေကြေးနှင့်အကူအညီများ ရယူခြင်း မရှိခဲ့ကြောင်း လေးနက်စွာကတိပြုပါသည်။

ဦးဝင်းချို(၁၂/ရကနနိုင်-၀၄၅၁၅၉)အမှတ်(၆၀)ဗိုလ်ရာညွန့် လမ်း။ဒဂုံမြို့ နယ်။ရန်ကုန်
ဖုံး၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄။

အကူအညီတောင်းခံခြင်း
--------------------------

ဧရာဝတီ၏အရေးသည်မြန်မာပြည်၏အရေးဖြစ်ပါသည်။မြန်မာပြည်သူ/ပြည်သားများအားလုံးသိရှိ/နားလည်ရန်အထူးလိုအပ်သည်ဟု ခံယူပါသည်။ သို့အတွက်မိမိအား ဦ်းဆောင်နိုင်သော၊ လမ်းညွှန်နိုင်သော ပူးပေါင်းဆောင်ရွက်လိုသောဧရာဝတီချစ်သူ၊မြန်မာပြည်သားများအနေဖြင့် မိမိအား ဆက်သွယ်ဆောင်ရွက် အကူအညီပေးကြပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။


ကာကွယ်ခြင်းသည်ကုသခြင်းထက်အရေးကြီးသည်။
မြစ်ဆုံဆည်စီမံကိန်း
---------------------

ကျနော်တိတိကျကျမသိပါဘူးဗျာ။

...စင်္ကာပူနိုင်ငံထက်ကြီးတယ်ဆိုဘဲ။

နယူးယောက်မြို့ ထက်တောင်ကျယ်တယ်ဆိုဘဲ။

စစ်ကိုင်းငလျင်ပြတ်ရွေ့ နဲ့ လဲမဝေးဘူးဆိုဘဲ။

ဂေဟစံနစ်တွေလည်းပျက်စီးနိုင်တယ်ဆိုဘဲ။

လင်းပိုင်တွေလည်းပျောက်ကွယ်သွားနိုင်တယ်ဆိုဘဲ။

ဧရာဝတီမြစ်ကြီးတောင်မှကောသွားမယ်ဆိုဘဲ။

တကယ်တော့ ကျနော်သိတာရှိပါတယ်။

ဂေဟစံနစ်မပျက်သုဉ်းသင့် ဘူး။

ဧရာဝတီလင်းပိုင်မပျောက်သင့် ဘူး။

ဧရာဝတီမြစ်ဟာမကောသင့် ဘူး။

နောက်ပြီးတော့ ဧရာဝတီ

----------------------------

ကျနော်တိတိကျကျမသိပါဘူးဗျာ။

မြစ်အရှည်ကဘယ်လောက်လဲ။

ဘယ်နေရာမှာအကျယ်ဘယ်လောက်လဲ။

ငါးမျိုးစိတ်ပေါင်းဘယ်လောက်လဲ။

သူရှာကျွေးနေတဲ့ လူဦးရေဘယ်လောက်လဲ။

တကယ်ကိုကျနော်တိတိကျကျသိတယ်။

ဧရာဝတီကိုပြည်ထောင်စုသားအားလုံးချစ်တယ်။

ဧရာဝတီဟာကျနော်တို့ အားလုံးရဲ့ ကျေးဇူးရှင်။

ဧရာဝတီကကျနော်တို့ သမိုင်းရဲ့ ဇာတ်လိုက်ကျော်။

ဧရာဝတီပျောက်သွားမှာကိုကျနော်တို့ အားလုံးမလိုလားဘူး။

တကယ်တော့ ကျနော်ကြောက်ပါတယ်။

မြစ်ဆုံဆည်ကြီးပေါက်သွားမှာကို

ရေချိုငါး၊ပုဇွန်တွေပျောက်သွားမှာကို

နိုင်ငံသားတွေပြည်ပရောက်သွားမှာကို

စဉ်းစားကြည့် တော့ လည်းကျနော်မကြောက်ဘူး။

သယံဇာတတွေပျောက်အောင်ဘယ်သူလုပ်မှာလဲ။

ပြည်သူဒုက္ခရောက်အောင်ဘယ်သူလုပ်မှာလဲ။

ဧရာဝတီမရှိအောင်ဘယ်သူလုပ်မှာလဲ။

ဒါပေမဲ့ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုအရေးကြီးတယ်ဆိုတာကိုးဗျ။


ဝင်းချို(၀၁-၃၉၃၁၅၅/လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄)အမှတ်(၆၀)ဗိုလ်ရာညွန့် လမ်း၊ဒဂုံမြို့ နယ်။ရန်ကုန်မြို့ ။

(၂၀၁၀)ရွေးကောက်ပွဲဝင်တစ်သီးပုဂ္ဂလကိုယ်စားလှယ်။


0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.