Sunday, August 14, 2011

0 မြန်မာ့အလင်းသတင်းစာ(၅.၈.၂၀၁၁) ပါ "နိုင်ငံကိုစွန့်ခွာခြင်း"ဆောင်းပါးအားတုံ့ပြန်ရေးသားခြင်း


နိုင်ငံတော်ကာကွယ်ရန် တပ်မတော်ထဲဝင်၍ အမှုထမ်းမှ နိုင်ငံကိုချစ်သူမဟုတ်၊ မြန်မာလူမျိုးကြီးကြီးငယ်ငယ် နိုင်ငံကိုချစ်သူများသာဖြစ်ပါသည်။ နိုင်ငံတစ်ခုဆိုသည်မှာ အစိုးရသည်လည်း ပြည်သူအတွက် ပြည်သူ့အကျိုးကို ကြည့်၍ တာဝန်ထမ်းသလို နိုင်ငံဝန်ထမ်းသည်လည်း နိုင်ငံအတွက် တာဝန်ထမ်းသည်။ နိုင်ငံခြားတွင် အလုပ်လုပ်နေသူလည်း သူတတ်နိုင်သလောက် နိုင်ငံတာဝန်ထမ်းရွက်နေသူများသာ ဖြစ်ပါသည်။ တပ်မတော်လည်း တပ်မတော်အလျောက် ပညာရှင်လည်း ပညာရှင်အလျောက် အနုပညာရှင် လည်း အနုပညာရှင်အလျောက် နိုင်ငံတာဝန်ထမ်းသူများသာ ဖြစ်ပါသည်။ ထိုကြောင့် နိုင်ငံတွင်း၌ နေထိုင်သူအားလုံး မည်သူမျှ ပို၍ နိုင်ငံကိုပိုချစ်သည် မရှိ နိုင်ငံသားအားလုံး နိုင်ငံကိုချစ်မြတ်နိုးကြသည်ဟု ပထမဦးစွာ ပြောဆိုလိုပါသည်။


မြန်မာလူမျိုးများ မြန်မာနိုင်ငံတွင် ပညာသင်ကြားပြီး အရွယ်ရောက်လာသောအခါ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည်။ ထိုမှတဆင့် သက်ဆိုင်ရာ နိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားကြသည်။ ထိုသို့ကူးပြောင်းကြသည်မှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွတ်ခါ တခြားနိုင်ငံသားအဖြစ်သို့ကူးပြောင်းသွားကြသော်လည်း မြန်မာလူမျိုး(Arm ရခိုင် ရှမ်း ကချင် ကရင် ချင်း စသည့် တိုင်းရင်းသားအားလုံး ) သည် မြန်မာနိုင်ငံကို ချစ်မြတ်နိုးတွယ်တာနေသော စိတ်မှာ မြန်မာနိုင်ငံတွင် နေထိုင်နေသောသူများကဲ့သို့ မလျော့သောစိတ် အပြည့်ရှိနေသည်မှာ မေးခွန်းထုတ်စရာပင် မလိုအပ်ပါ။

သို့ပါသော်လည်း မြန်မာနိုင်ငံအတွင်း၌ရှိသော မြန်မာအစိုးရလူကြီးများ ထိုအစိုးရအဖွဲ့ဝင်များကို အခွင့်အရေးရရှိရန် ဖားနေသူများ၊ မြန်မာအလင်းသတင်းစာတွင် မိမိအခွင့်အရေးရရန် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွတ်သွားသူများကို လိုက်လံအပြစ်ဖို့ပြောဆိုနေသည်များကို တွေ့ရှိရ၍ အလွန်အင်မတန် စိတ်မကောင်းဖြစ်မိပါသည်။ ထိုသို့မြန်မာနိုင်ငံသားစွန့်လွတ်သွားသူများကို လိုက်လံ အပြစ်ပြောနေမည့်အစား ဘာကြောင့် နိုင်ငံသားအဖြစ်သို့စွန့်လွတ်သွားကြတာလဲဆိုတဲ့ အရင်းအမြစ်ကို ရှာဖွေကာ နောက်ထပ် မြန်မာနိုင်ငံသားအဖြစ် တည်ရှိနေသေးသော မြန်မာနိုင်ငံသားများကို မစွန့်လွတ်ရန် ဘယ်လိုကာကွယ်ကြမလဲဆိုသည် အချက်အလက်ကို မစဉ်းစားကြသည့်အတွက်လည်း Why People Left Their Home Country

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.