Sunday, August 14, 2011

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ခရီးစဉ် (ဓာတ်ပုံသတင်း)


သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၄၉ မိနစ်
ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ အနောက်ရွှေနံ့သာကျောင်းတိုက်ရှိ ရေဘေးဒုက္ခသည်များကို ဒေသစံတော်ချိန်၂ နာရီခွဲ အချိန်တွင် သွားရောက်တွေ့ဆုံကာ အားပေးစကားပြောနေသည်။

“အခုဒီမှာ ရေဘေးဒုက္ခသည်တွေ ရှိနေတဲ့ ရွှေနံ့သာကျောင်းတိုက်ကို ရောက်နေတယ်။ အဲဒီမှာ ဒုက္ခသည်တွေကို အားပေးမယ်။ ဆန်၊ ခေါက်ဆွဲခြောက်တွေ လှူဖို့ ရှိပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပဲခူးမြို့ရှိ ရေဘေးဒုက္ခသည် စခန်းပေါင်း ၇ ခုတွင် ဒုက္ခသည်ပေါင်း ၃ ထောင်ကျော်ရှိပြီး ထိုစခန်း ၇ ခုထဲမှ
ရွှေနံ့သာ ကျောင်းတိုက်တွင် ဒုက္ခသည်ပေါင်း ၁,၉၅၆ ဦး ရှိသည်ဟုသိရသည်။

ယင်းဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်က ဆန်နှင့် ခေါက်ဆွဲထုပ်များကို ပေးလှူခြင်း ဖြစ်သည်။ (Mizzima)
Photo/ AP။ Getty images

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.