Monday, August 15, 2011

0 ပဲခူးတိုင်းသနပ်ပင်မြို့၊အောင်ဆန်းဂျာမွန်းစာဖတ်ခန်းနှင့် ပညာဒါနအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားတွင်ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သောမိန့်ခွန်းရုပ်/သံ


Video/ Ah Bayah facebook
သြဂုတ်လ ၁၄ရက်နေ့ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့၊ အောင်ဆန်းဂျာမွန်းစာဖတ်ခန်းနှင့် ပညာဒါနအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းဖြစ်ပါသည်။ မြစ်မခမီဒီယာဂရုမှ ဖော်ပြပေးသည်)

`ကျမတို့နိုင်ငံမှာ ဆိုရင် ကျမစောစောကပြောသလို ကျမတို့လုပ်ရပ်တွေဟာ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ အေးချမ်းဖို့ အေးချမ်းဖို့ဆိုတာဟာ နေသိပ်ပူလို့လဲမဖြစ်ဘူး မိုးရွာနေလို့လဲ မဖြစ်ဘူး ကိုယ့်ရဲ့ အရည်အချင်းတွေကို ကောင်းကောင်းဖွံ့ဖြိုးအောင် လုပ်ဖို့ဆိုတာ စိတ်၏လုံခြုံမှုလိုပါတယ် ဒါမှ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ဘာသာကိုယ် ကြိုးစားနိုင်မှာပါ ဒီတော့ လုံခြုံမှု ရှိဖို့ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အလိုအပ်ဆုံးကတော့ တရားဥပဒေစိုးမိုးရေးဘဲလို့ ပြောပါတယ် တိုးတက်အောင်လုပ်နိုင်မှာပါ အဲ့ဒါအတွက်လည်း ကျမတို့ အမြဲကြိုးစားနေပါတယ်။

ကျမတို့ဟာ ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်ပြီးတော့ ပြည်သူလူထုရဲ့ စီးပွားရေး ၊ ပညာရေး အားလုံးတိုးတက်ဖို့အတွက် ကြိုးစားပြီး လုပ်သွားဖို့ လိုတယ်။ လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်လိုပါတယ် အခုဆိုလို့ ရှိရင် သနပ်ပင်လို မြို့အကြီးကြီး မဟုတ်ပင်မဲ့ မြို့သေးသေးလေးလဲ မဟုတ်ပါဘူး ဒီက လူငယ်တွေ တော်တော် များများဟာ နိုင်ငံခြားမှာ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်နေရတယ်လို့ ကျမသိရပါတယ် အဲ့လိုဖြစ်ရတာဟာ ကျမတို့ရဲ့ နိုင်ငံမှာ လုံလောက်တဲ့ အလုပ်မရှိလို့ လုံလောက်တဲ့ ပညာရေး အခြေအနေ မရှိလို့ဘဲ ဖြစ်ပါတယ်။

ကျမတို့ကနေ သင်တန်းတွေဖွင့်ပါတယ် စာကြည့်တိုက်တွေ ဖွင့်ပါတယ် အဲ့တော့ အင်္ဂလိပ်စာသင်တန်းတွေ ဘာဖြစ်လို့ ဖွင့်ရလဲဆိုတော့ လက်တွေ့ကျကျ ဘာသ ရပ်တစ်ခုဖြစ်ပါတယ် နိုင်ငံခြားမှာပဲ အလုပ်လုပ်ချင် လုပ်ချင် ဒီနိုင်ငံထဲမှာဘဲ ဥပမာဆိုလို့ရှိရင် စီးပွားရေး လ်ုပငန်းရှင်ကြီးတွေနဲ့ လုပ်ချင်တယ်ဆိုလို့ရှိရင်လည်း အင်္ဂလိပ်စာဘာသာကို အတိုင်းအတာ တစ်ခုအထိ ကျွမ်းကျင်မှုလိုလို့ ဖြစ်ပါတယ် ကွန်ပျူတာ ဘာသာ သင်ချင်တဲ့လူဆိုရင်လည်း အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်တယ်ဆိုရင် အများကြီး သူတို့အတွက် အထောက်အကူဖြစ်ပါတယ်။ အကျိုးဖြစ်မယ့် ဘာသာရပ်ကို သင်ပေးဖို့ ကြိုးစားပါ။

စာကြည့်တိုက်ဆိုတာကတော့ အထွေထွေ ဗဟုသုတပေါ့ စောစောက ကျမပြောသွားတဲ့အထဲမှာ နည်းနည်းလေး သဘောမတူတာ ရှိတယ် ဂိမ်းကစားတာတို့ ဂစ်တာ တီးတာတို့ မကြိုက်ဘူး ဘောလုံးပွဲ ကြည့်ချင်ကြည့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးပွဲဆိုတာ အားကစားဘဲ ကျမက ကျမတို့လူငယ်တွေကို အားကစားဘက်ကို ပါစေချင်တယ် တတိုင်းပြည်လုံးအတွက်တော့ မလွယ်ဘူးပေါ့နော် ။

တိုင်းပြည်မှာ စီးပွားရေးကို ဖွံ့ဖြိုးမှ သူတို့ရဲ့ တိုင်းသူ ပြည်သားတွေအတွက် အဖက်ဖက်ကနေ ပြည့်စုံအောင် လုပ်ပေးနိုင်မှာ အဲ့တော့မှာလည်း ဘောလုံးပွဲတွေ များများရှိပြီးတော့ ကျမတို့လူငယ်တွေ ဘီယာဆိုင်မှာ ထိုင်နေမဲ့အစား ဘောလုံးတော့ ကန်လို့တော့ ရပါတယ် ဘောလုံးပွဲကြည့်တာကိုတော့ ကျမအားပေးတယ် ကြည့်တဲ့အခါကျရင် စဉ်းစဉ်းစားစားနဲ့ ကြည့်သင့်တယ် ဘောလုံးပွဲတင် မကဘူး ဘာကိုဘဲ ကြည့်ကြည့် ဘာကိုဘဲ လေ့လာလေ့လာ စဉ်းစဉ်းစားစားနဲ့ ကြည့်စေချင်တယ် လေ့လာစေချင်တယ် အဲ့တော့ ဘောလုံးပွဲကို ကြည့်တဲအခါမှာ ဘောလုံးသမားတွေ တော်တဲ့လူဟာ ဘာကြောင့်တော်သလဲ မတော်တဲ့ လူတွေက ဘာလို့ မတော်တာလဲ ဘယ်လိုကြောင့်မို့လို့ တဖက်က နိုင်တာလဲ ဘယ်လိုကြောင့်မို့လို့ ရှုံးတာလဲ အဲ့လို အမျိုးမျိုး စဉ်းစားစေချင်တယ်။ နောက်ဆုံးအထိ စိတ်မလျော့ပါနဲ့ နောက်ဆုံးအထိ ရှုံးမယ်လို့ ထင်နေရတဲ့ အချိန်တောင်မှ တခါတည်း စိတ်ဓာတ် ခိုင်ခိုင်မာမာ တက်တက်ကြွကြွနဲ့ ထပ်ပြီးတော့ ကန်လိုက်တာ ရှိသေး တစ်မိနစ်အလိုမှာ နိုင်သွားတဲ့ လူတွေလည်း ရှိဖူးပါတယ် ။

အဲ့တော့ အဓိကက စိတ်ဓာတ် စိတ်ဓာတ်ရှိတာနဲ့လည်း မရဘူး ကြိုးစားမှုကလည်းဘဲ ပါရမယ် စိတ်ကတော့ ကိုယ်က အောင်မြင်ချင်ပါတယ် ပျင်းလို့ မလုပ်ဘူးဆိုရင်တော့ ဘယ်တော့မှ မရဘူး။ အဲ့တော့ အောင်မြင်ခြင်း လေးပါးကို ပြောရမယ်ဆိုရင် အဓိကကတော့ ဆန္ဒပေါ့ အောင်မြင်ချင်တဲ့ ဆန္ဒရှိမှ အောင်မြင်နိုင်မှာပါ အဲ့တော့ တကယ်ဘဲ ဒီတိုင်းပြည်ကို တိုးတက်စေချင်တယ်ဆိုရင် တိုးတက်အောင် လုပ်ပေးစေချင်တဲ့ ဆန္ဒရှိရပါမယ် ကျမတခါ လူတွေကြားထဲ ရောက်ဖူးတယ် တခါတလေ လူချင်းတွေ့တဲ့အခါကျရင် မေးတာတွေရှိတယ် ။

ဘယ်တော့ ဒီမိုကရေစီ ရမှာလဲလို့ ဘယ်တော့ အဆင်ပြေကြမှာလဲလို့ အဆင်ပြေမှာလဲလို့ အဲ့တော့ ကျမ အမြဲ ပြန်ဖြေတယ် ကိုယ့်ကိုယ်ကိုပြန်မေးကြည့်လို့ ကိုယ်ဘယ်လောက်လုပ်နေသလဲလို့ ကိုယ်လုပ်နေသလောက်ဘဲ မျှော်လင့်ရမယ် ကိုယ်ကိုယ်တိုင်က ဘာမှ မလုပ်နေဘဲနဲ့ မမျှော်လင့်ရဘူး။ ဒီတိုင်းပြည်ရဲ့ အကျင့်သီလကို တိုးမြှင့်အောင် လုပ်ပေးတာလည်း အတူတူပါဘဲ ဒါလည်း နိုင်ငံရေးဘဲ တနည်းအားဖြင့်နဲ့ ပြောလို့ ရှိလို့ရှိရင် ဒီတိုင်းသူ တိုင်းပြည်သားတွေရဲ့ သီလကို မြှင့်တင်ပေးတဲ့ မြင့်အောင်လို့ လုပ်ပေးတာဟာ ဒါဟာ အကောင်းဆုံးနိုင်ငံရေးဘဲ အရေးအကြီးဆုံး နိုင်ငံရေးဘဲ။

ကိုယ်ဟာ နိုင်ငံသူ နိုင်ငံသား တဦး လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္ဒရပ်တွေကို လုပ်ခြင်းအားဖြင့် နိုင်ငံသူ နိုင်ငံသားတဦး ထိန်းသိမ်းသင့်တဲ့ သီလကို ထိန်းသိမ်းခြင်းအားဖြင့် ကျမတို့နိုင်ငံကို အများကြီး တိုးတက်အောင် လုပ်ရမှာပါ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ကိုကိုယ် လျော့မတွက်ပါနဲ့ ငါကအလကားဘဲ ငါတယောက်ထဲ ဘာလုပ်နိုင်မှာလဲဆိုတဲ့ အဲ့လိုစိတ်ထား ဘယ်တော့မှ မရှိပါနဲ့ တယောက်ဆိုတာ တယောက်ရဲ့ အင်အားရှိတယ်။ ကိုယ့်ကိုကိုယ် အထင်လည်းမသေးပါနဲ့ ကိုယ့်ကိုကိုယ်လည်း သိပ်ပြီး အထင်ကြီးနေရင်လည်း မကောင်းဘူး ချင့်ချင့်ချိန်ချိန်နဲ့ပေါ့နော် ကိုယ်လုပ်သင့်လုပ်ထိုက်တာကို ဆုံးဖြတ်တတ်အောင် အဲ့ဒါအတွက် ဗဟုသုတလည်း လိုတယ် ဒါကြောင့်မို့လို့ စာဖတ်ဝိုင်းတွေကို အားပေးပါလို့ ကျမ ပြောတာပေါ့ ကျမတို့ အခု ပြည်သူနဲ့ လာတွေ့တဲ့အခါကျရင် ပြောချင်တာတွေက အများကြီး အဲ့လိုပြောတော့ ကျမဘာသွားသတိရလဲဆိုတော့ ဖေဖေ ပေးခဲ့တဲ့ နောက်မိန့်ခွန်းကို သွားသတိရတယ်။ ပြောချင်တာတွေက အများကြီး အချိန်ကမရှိဘူး ပြောချင်တာက ဘာလဲဆိုတော့ ကျမတို့နိုင်ငံ တိုးတက်အောင် ဘာတွေလုပ်ကြမလဲ ဘာတွေလုပ်သင့်လဲ ဘာတွေ လုပ်သင့်တယ်လို့ ထင်ကြသလဲ ကျမက အဲ့လို ဒီလို မိန့်ခွန်းပြောတာထက် ဆွေးနွေးတာကို ပိုပြီးတော့ သဘောကျတယ် ဒါပေမဲ့ လက်တွေ့မကျဘူး ကျမတို့ ဒီအချိန်မှာ ဆွေးနွေးပွဲကြီးလုပ်လိုက်မယ်ဆိုရင် တပတ်လောက်ဘဲ ရမယ် အားလုံးကလည်း ပြောချင်ကြမှာကိုး အဲ့လောက်ကလည်း အချိန်က မရှိတဲ့ အခါကျတော့ ကျမတို့ကတော့ ကျမတို့အနေနဲ့ ဘာကိုတော့ ကြိုးစားပြီးလုပ်နေပါတယ် ဘာတွေ ဖြစ်ချင်ပါတယ် ဆိုတာ တင်ပြတယ်။ ဘာတွေရှိလဲဆိုတာ ကျမတို့က လူတွေဆီက အသံကိုဘဲ ဖိတ်ခေါ်ရမှာဘဲ အချိန်မရွေး ဒီစာကြည့်တိုက်ကိုဘဲဖြစ်ဖြစ် ကျမတို့ရဲ့ ရုံးကိုဘဲဖြစ်ဖြစ် စာရေးပြီး ပြောလို့ရတယ် အချင်းချင်း ပြောလို့ရတယ် ပြောရင်းဆိုရင်း ဆွေးနွေးရင်းနဲ့ အသံတွေက ထွက်လာမယ်။ ပြည်သူ့အသံဆိုတာ ထွက်ရမယ် ပြည်သူ့အသံကိုဆိုတာက နိုင်ငံတကာအတွက် အင်မတန်မှ အရေးကြီးပါတယ်။

ကမ္ဘာမှာ ဘာဖြစ်သင့်တယ်ဆိုတာ အားလုံးက ကြည့်ပြီးတော့ တကယ်ကို နိုင်ငံပေါ်မှာ စေတနာတွေရှိတဲ့ လူတွေက ၀ိုင်းဝန်းပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်တယ် ဒါကြောင့်မို့လို့ ကိုယ့်အသံရဲ့ တန်ဖိုးကို လျော့ပြီးတော့ မတွက်ပါနဲ့ အသံဆိုတာ မဟုတ်တာကို ပြောဖို့မဟုတ်ဘူးနော် အသံရဲ့ တန်ဖိုးကို လျော့ပြီးတော့ မတွက်ပါနဲ့ဆိုပြီး မဟုတ်တာတွေ အော်ခိုင်းနေတာ မဟုတ်ပါဘူး မှန်မှန်ကန်ကန် ပြောဖို့ တကယ် ဆန္ဒကို ကိုယ်စားပေးမယ့် အသံတွေ ထွက်လာဖို့ တကယ့်ကို ကိုယ့်စိတ်ထဲမှာ ရှိတာကို အများပြည်သူအတွက် အကြီးဆုံးဘဲဆိုတော့ အလုပ်နဲ့ ပြပါလို့ ပြောပါတယ် ဒါဟာလည်း တခြားနေရာတွေလိုဘဲ ကြားခဲ့ပါတယ် ကျမတို့ နိုင်ငံမှာ ဆိုလို့ရှိရင် ကျမတို့ ပြည်သူတွေအတွက် လုံလောက်တဲ့ အဆင့်အရရော အရေအတွက် အရရော လုံလောက်တဲ့ အလုပ်အခွင့်အရေးတွေ လိုတယ်ဆိုတာ သဘောပေါက်ပါတယ်။

ဒီလိုဘဲ စင်မြင့်ပေါ်ထွက်တက်ပြီးတော့ အလုပ်လိုလူတွေ လုံလောက်အောင် လုပ်ပေးပါမယ်လို့ ပြေတာဟာ ဒါဟာ အပြောဘဲရှိပါတယ် ကျမတို့တော့ အဲ့လို မပြောချင်ပါဘူး ကျမတို့ ကြိုးစားပါ့မယ် ကျမစပြီး နိုင်ငံရေးကို ၀င်လာကတည်းက ကျမကြိုးစားပါ့မယ်လို့ ပြောခဲ့ပါတယ် အခုလည်း ဒီအတိုင်းဘဲ တတ်နိုင်သမျှ ကြိုးစားပါ့မယ်လို့ ကျမပြောပြပါ့မယ်။ ကျမတို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ ခေါင်းအေးအေးနဲ့ စဉ်းစားကြပါ။ ခေါင်းအေးအေးနဲ့ စဉ်းစားပြီးတော့ ဒီအခြေအနေဟာ ဘာဖြစ်လို့ ဖြစ်ပေါ်လာတာလဲ ဒီဟာကို အကောင်းဆုံးဖြစ်အောင် တို့တွေ ဘယ်လို လုပ်ကြမလဲဆိုတာကို ခေါင်းအေးအေးနဲ့ သုံးသပ်ရမယ် နောက်ပြီးတော့ ညီညီညွှတ်ညွတ်နဲ့ ဆက်ပြီးတော့ လုပ်ကိုင်ရမယ် ညီညွှတ်မှုဆိုတာ အင်အားဘဲ ညီညွှတ်မှုဆိုတာ ဘယ်နေရာမှာမဆို လိုအပ်တယ် ကျမတို့နိုင်ငံမှာ အထူးလိုအပ်တယ်။

နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင်နဲ့ ဒီလို နာမည်ပေးခဲ့တာဘဲ ကျမ ဂုဏ်ယူပါတယ် ဟိုးကချင်ပြည်နယ်က လာပြီး ဒီပဲခူးမြို့ကို ရောက်ကတည်းက ဒါလည်း ကျမတို့က ပြည်ထောင်စုကြီးတစ်ခုဘဲဆိုတာ ဖောပြနေတယ် တိုင်းရင်းသားမျိုးစုံနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးတစ်ခု ဖြစ်တယ် အဲ့ဒါကို ကျမတို့ မေ့လို့ မဖြစ်ဘူး ဒါကြောင့်မို့လို့ ညီညွှတ်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပဲခူးတိုင်းမှာ ရှိတဲ့ လူအများစုကတော့ ဗမာတွေပေါ့ ဒီတစ်နိုင်ငံလုံးမှာ လူအများစုက ဗမာတွေပါ လူများစုမို့လို့ ပိုပြီးတော့ ညီညွှတ်ရေးအတွက် ကြိုးစားရမယ် လူအများစုဟာ အရေအတွက်အရ အားကြီးပြီးသား အားကြီးတဲ့သူများဆိုတာဟာ ပိုပြီးတော့ သဘောထားကြီးရမယ် ပိုပြီးတော့ ညှင်သာရမယ် ပိုပြီးတော့ မေတ္တာ စေတနာ မွေးရမယ်။

ကျမတို့ကနေပြီးတော့ နိမ့်ကျတဲ့သူကို တွဲခေါ်ရမယ် အနိုင်မကျင့်ရဘူး ကိုယ်နဲ့တန်းတူဖြစ်အောင် တက်နိုင်သမျှ လုပ်ပေးရမယ် တိုင်းပြည်တပြည်ရဲ့ ဂုဏ်သိက္ခာဟာ အချမ်းသာဆုံးလူတွေ အခွင့်အရေးအရှိဆုံးလူတွေရဲ့ အဆင့်ကို ကြည့်ပြီးတော့ ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး ကျမတို့ တိုင်းပြည်တပြည်မှာ အခွင့်အရေး အနည်းဆုံးလူတွေ အဆင်းရဲဆုံး လူတွေရဲ့ အဆင့်ဟာ ဘယ်လောက် ရှိလဲဆိုတာကြည့်ပြီးတော့မှ တိုင်းပြည်တပြည်ရဲ့ သိက္ခာကို ဆုံးဖြတ်လို့ရမှာပါ။

လူတွေတောင်မှ လူလိုသူလို လုံလုံခြုံခြုံနဲ့ နေရပြီဆိုရင် ဒီဟာက ဂုဏ်သိက္ခာနဲ့ ပြည်စုံတဲ့ နိုင်ငံလို့ ဒီလို သတ်မှတ်ရမှာ အဲ့တော့ အဲ့ဒီလို အခြေအနေရောက်ဖို့အတွက် ကျမတို့ အားလုံးကြိုးစားရမယ် တယောက်ချင်း တယောက်ချင်းကလည်း ကြိုးစားရမယ် အစအားဖြင့် ကိုယ့်ရဲ့အရည်အချင်းကို တိုးမြှင့်ဖို့ ကြိုးစားရမယ် ကိုယ်ကနေ ပြီးတော့ စဉ်းစဉ်းစားစားနဲ့ ဒီနိုင်ငံရဲ့ အခြေအနေကို ဆင်ခြင်နိုင်တဲ့ လူတယောက်ဖြစ်လာနိုင်ခဲ့မယ်ဆိုရင် ဒီနိုင်ငံရဲ့ အကျိုးကို ထမ်းဆောင်တာနဲ့ အတူတူပါဘဲ။ ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့ ကိုယ့်မှာလည်း အရည်အချင်းတွေ ရှိတယ် ယုံကြည်ကြပါ ဒီအရည်အချင်းတွေ ပိုပြီးတော့ ဖွံ့ဖြိုးအောင် တိုးတက်အောင် လုပ်မယ်ဆိုတာကိုလည်း ယုံကြည်ကြပါ အဲ့ဒီလို ကျမတို့ ယုံယုံကြည်ကြည်နဲ့ ကြိုးစားပြီးတော့ အားလုံးလက်တွဲပြီးတော့ လုပ်သွားမယ်ဆိုရင် ကျမတို့ နိုင်ငံမှာ ဒေသမှာတင်မကဘူး ဒီ တစ်ကမ္ဘာလုံးမှာတောင်မှ အများအလယ်မှာ တင့်တင့်တယ်တယ်နဲ့ ဂုဏ်ရှိရှိနဲ့ နေလာနိုင်မယ့် နိုင်ငံဖြစ်လာမယ်လို့ ကျမ တကယ့်ကို ယုံကြည်ပါတယ်`

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.