Friday, August 19, 2011

0 လွတ်မြောက်ရေးလုပ်ရင်း ချုပ်နှောင်ခံ ရတဲ့ ညီအစ်ကိုများ အကြောင်း ။



လွတ်မြောက်ရေးလုပ်ရင်း ချုပ်နှောင်ခံ ရတဲ့ ညီအစ်ကိုများ အကြောင်း

မင်းတို့ မှောင်မည်းမည်းထဲမှာ ရှိချိန် ငါတို့ လင်းကျင်းနေသေးတယ် ။

မင်းတို့ လောင်မြိုက်ခံနေရချိန် ငါတို့ အေးချမ်းနေသေးတယ် ။

မင်းတို့ သံတံခါးသံ နဲ့ ဖိနပ်သံတွေ ကိုလန့်နေရချိန်ငါတို့ ရယ်မောနေသေးတယ် ။

မင်းတို့ ပိတ်လှောင်နေချိန် ငါတို့ လမ်းသလားနေနိုင်သေးတယ် ။

မင်းတို့ နှာခေါင်းသွေးထွက်နေမယ့် အချိန် ငါတို့ မြစ်ကမ်းနား က လေကို ရှုနေနိုင်သေးတယ် ။

မင်းတို့လက်တွေ ချုပ်နှောင်ခံ နေရချိန် ငါတို့ လက်တွေ စီးကရက် ကိုင်ထားတယ် ။

မင်းတို့ ဦးနှောက်တွေ ဆူဝေနေချိန် ငါတို့ ဂျာနယ်တစ်စောင်ဖတ်နေနိုင်သေးတယ် ။

မင်းတို့ ဖြေစရာ တစ်ခုကို အသည်းသန် တွေးနေချိန်

ငါတို့ ကောင်မလေးတွေ အကြောင်း ပြောနေကြသေးတယ် ။

ညီလေးရေ ...မင်းတို့လိုခံစားဖို့ ငါ တို့ ကံကောင်းနေသေးတယ်

မင်းတို့ လို ပေးဆပ်ဖို့ ငါတို့ ဆက်ဆက်စောင့် နေဦးမယ် ။

အမှန်တရားတွက် လွတ်မြောက်ရေးလုပ်ရင်း တန်းလန်း မင်းတို့ ပိတ်လှောင်ခံ ရပြီ ။

ခုချိန်မှာ ...

မင်းတို့ ရင်ထဲမှာ ဘာတွေဖြစ်နေမလဲ

ခုချိန်မှာ ...

မင်းတို့ နှလုံးသားက ဘာတွေ ပြောနေမလဲ

မင်းတို့ အိပ်မက်တွေ က ကာလာနဲ့ ရှိတုန်းလား .........................

ညီလေးရေ

.....သေချာတာ က

လေထုရှိပြီး အောက်ဆီဂျင်နဲ့နေတဲ့ ငါတို့ တိုင်းပြည်မှာ

မင်းတို့ စိတ်တွေက
အစစ်တန်ဖိုးတစ်ခုထဲ
လွတ်လပ်နေမယ် ။

2P

19.8.2011(FRIDAY)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.