အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ အောက်တိုဘာ ၃၀ ရက် ဒီကနေ့ နေ့လယ် ၁း၀၀ ကနေ ၁း၅၅ အထိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာမှာ စတုတ္ထ အကြိမ်မြောက် တွေ့ဆုံခဲ့ကြပါတယ်။
နိုင်ငံတော်က လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးနေသည့် အခြေအနေ၊ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနှင့် လွတ်လပ်...စွာ ငွေကြေး လည်ပတ် သုံးစွဲခွင့်ရရှိရေး၏ အရေးကြီးမှုနှင့် ပတ်သတ်၍ အမြင်ချင်း ညီညီညွတ်ညွတ် ဖလှယ်ခဲ့ကြပါသည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော်က ဆောင်ရွက်နေမှုများ၊ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများ ကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
Burma VJ Media Network

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ကြည် ပူးတွဲကြေညာချက် (၃၀.၁၀.၂၀၁၁)
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်