Wednesday, November 2, 2011

0 NLD မှတ်ပုံတင်လို့  တရားဝင်ပါတီဖြစ်ရင် ပြည်ပက အဖွဲ့ တွေ တရားမ၀င်တော့-
ဆောင်းပါးရှင်- ခိုင်အောင်ကျော် ( နယူးယောက် )

ပထမဆုံး သုံးသပ်ချက်က အမျိုးသားဒီမိုကရေစီ၏ ဖြစ်ပေါ်လာပုံ၊ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲ အနိုင်ရခဲ့ ပုံ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ခံရပုံ၊ ဒီပဲယင်းလူသတ်မှုဖြစ်လာပုံမှ သည် ၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲ ရေးအထိ သတိတရ ရှိမိသည်။ ၂၀၁၀- ရွေးကောက်ပွဲ မလုပ်ခင်တော့ ဒေါ်အောင်ဆန်းစုကြည် လွပ်လာပြီးသည်နှင့် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံမတင်ပုံတို့ မှာ အထူးအားရကြေနပ်စရာ ကောင်းလှပါသည်။ ယင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အတိတ်ကာလ နိုင်ငံရေးဖြတ်သန်းမှုများဖြစ်သည်။ ပကတိမျက်မှောက်ကာလမှာမူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးက ပြသနာဖြစ်လာသည်။ ၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ခံနိုင်သေးသောကြောင့် တကြောင်း၊ နိုင်ငံရေးအကျဉ်းသား မလွပ်မြောက်သေးကြောင့် တကြောင်း၊ ၉၀-ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုခြင်းကြောင့်၎င်း၊ စစ်တပ်မှ အာဏာသမိ်းနိုင်သော လုံခြုံရေးနှင့် စစ်ကောင်စီက လွှတ်တော်အထက်တွင် ရှိနေသေး၍၄င်း ဆင်ခြေဆင်လက်တွေ ရှိနေကြသည်။ မှတ်ပုံတင်စေသည့်သူများကတော့ ယခင်က ပြောဆိုထားခဲ့ သော ဂုဏ်သရေရှိစကားများ ၊ သဘောတရားများ၊ လူထုစည်းရေးရုံးရေးများကို လစ်လျှူရှူကာ ပြောနေကြပါပြီ ။

ကျွန်တော်ကတော့မူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မှတ်ပုံတင်ခြင်း ၊ မတင်ခြင်းနှင့် မဆွေးနွေးလိုတော့ ။ တခါက ရွေးကောက်ပွဲဝင်ဖို့  မှတ်ပုံတင်ဖို့  စဉ်းစားနေသည်ကို သတ်ကွင်းထဲဝင်ရန် ပြုလုပ်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟု ဆောင်းပါးတစောင်ကို ကျွန်တော်ရေးခဲ့ ပြီးပါပြီ ။ ယင်းသို့ ရေးခဲ့ ၍လည်း ဒေါ်လာတပြားမျှ ကျွန်တော်တို့  မစားခဲ့ ရ ။ ရွေးကောက်ပွဲ ၀င်ရန် အတွက် ပြည်ပနိုင်ငံများသို့  မဲဆွယ်စည်းရုံးကြသူများကို ရွေးကောက်ပွဲ ပွဲစားများဟု ကျွန်တော့်မှာ ရေးခဲ့ သည်။ ခုတော့ မိမိကိုယ်ကို သနားသွားပါပြီ ။ တခုတော့ ရှိသည် ။ ကျွန်တော်တို့ မှာ မမှားခဲ့ ။ ယခုလည်းမှန်နေသည်။ နောင်လည်းမှန်နေပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရှေ့နေကြီး ဦးအောင်သိန်းပြောသလို နောက်ကြောင်းပြန်လှည့်သွားနိုင်သည့် အခြေအနေက ရှိနေခြင်းကြောင့်ဖြစ်သည်။ ယခုကျွန်တော်ပြောချင်သည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်း မတင်ခြင်းနှင့် မပါတ်သက်။ ယင်းကိစ္စကို ကျွန်တော်မဆွေးနွေး ။
ဆွေးနွေးချင်သည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှတ်ပုံတင်လျှင် ပြည်ပမှာ ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရှိနေတော့မည်လား၊ တချိန်တည်းမှာပင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့် ပေါင်းအစိုးရ ( NCGUB ) ကကော ဆက်ထားလို့ ဘာအကျိုးကျေးဇူး ရှိနေမည်နည်း။ EBO ဆိုသော ဦးဟန်ညောင်ဝေ အဖွဲ့ ကကော ဆက်ထားလို့  ဘာလုပ်ရမည်နည်း ဆိုသော မေးခွန်းတွေကို စဉ်းစားနေခြင်းဖြစ်သည်။ သူတို့ တွေကို ကျွန်တော်စဉ်းစားမိ၍ ဤကိစ္စကို ဆွေးနွေးချင်လာသည်။ မည်သူ့ ကိုမျ မတိုင်ပင်ဖြစ်၍ မည်သူမျ ကျွန်တော့်ကို မတိုက်တွန်းသောကြောင့် မည်သူနှင့်မျှ မပတ်သက်ကြောင်းကို သိစေချင်သည်။ ယခုပြသနာမှာ ကျွန်တော်ကိုယ်တိုင်တင်သော ဆွေးနွေးချက်ဖြစ်ပြီး ကျွန်တော်ကိုယ်တိုင် ဖြေရှင်းသော ဆွေးနွေးချက်များသာဖြစ်သည်။ ပြီးတော့ သူတို့ တွေနှင့်လည်း မျက်နှာကြောမတည့်သူများမဟုတ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က -၁၉၉၀-ခုနှစ်တွင် မဲအပြတ်အသတ် အနိုင်ရခဲ့ သော်လည်း အာဏာလွှဲပြောင်းမပေးခဲ့ ။ တချို့ က ထောင်ထဲ ရောက်ကုန်သည်။ တချို့ က စင်ပြိုင်အစိုးရဖွဲ့ ရန် လုပ်သည်။ သည်တော့ ဖမ်းရန် ကြိုးပမ်းသည်။ တချို့ က ဖမ်းဆီးခံရသည်။ တချို့ က လွပ်လာသည်။ ထိုင်းနယ်စပ်ရောက်တော့ ယင်းလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုအမျိုးသားညွန့် ပေါင်းအစိုးရ ( NCGUB ) ကို ဖွဲ့ စည်းသည် ။ NCGUB အနေဖြင့် ဒေါ်အောင်ဆန်းစုကြည့် လွပ်မြောက်ရေး ၊ နိုင်ငံရေးအကျဉ်းသား လွပ်မြောက်ရေးအတွက် လှုပ်ရှားခဲ့ ပြီ ။ သူတို့  အုပ်စု၏ လှုပ်ရှားမှုကြောင့် လွပ်လာသော သူများဟု အမည်နာမ မတပ်လိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်လည်း လွပ်မြောက်နေပြီ။ အခြားသော နိုင်ငံရေးအကျဉ်းသားများလည်း လွပ်မြောက်နေပါပြီ။ နောက်ဆုံးမှာ လူရွှင်တော် ဇါဂနာတောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတူလှုပ်ရှားနေပါပကော။ သို့ ဆိုလျင် ပြည်ပမှာ ရှိနေသော ကျွန်တော်တို့ ၏ အဝေးရောက်မင်းများကို ပြန်ပြောင်းစဉ်းစားရတော့မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အကောင်းဆုံးရှေ့တန်းသမားအဖြစ် တိုက်စစ်မှူး သဖွယ် နေခဲ့ ပါသည်ဟု ဆိုလျင် ယင်းနေရာကို ရနိုင်သော ( NCGUB )- မှာ ခုတော့ဖြင့် မလိုအပ်တော့ပြီဟုမြင်သည်။ ယင်းနေရာကို ရနိုင်သည်ဟု ပြောသည်မှာ အခြားမဟုတ် ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာမှ ဆုတွေပေးလျင် တာဝန်ခံလက်ခံယူသူအဖြစ် သွားရောက် ယူတတ်ခြင်းကြောင့်  ယင်းနေရာကို ရနိုင်သည်ဟု ကျွန်တော် ပြောခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ဆုဆို၍ သတိရလာသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာ အိန္ဒိယနိုင်ငံ၏ လက်နက်ကိုင် တော်လှန်ရေးမျိုးချစ် ခေါင်းဆောင်ကြီး မစ္စတာ နာတာဂျီ ဆူဘေ့ချန်ဒရာဘို့ စ် ဆုအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို -၂၀၀၂- ခုနှစ်က ပေးအပ်ခဲ့ သည်။ ယင်းဆုကို ကာလကတ္တားမြို့ မှာ အဖွဲ့ ချုပ်၏ နိုင်ငံခြားရေး တာဝန်ခံ ဦးရမ်ဂျီးဘားမားက ဆုကို လက်ခံတက်ရောက်ယူခဲ့ သည်။ ငွေသားဆုအဖြစ် အိန္ဒိယနိုင်ငံသုံး ရှူပီးငွေ -၁-သိန်းကို ပေးအပ်ခြင်းဖြစ်သည်။ ယင်းဆုကို ပေးအပ်စဉ် ကျွန်တော်တို့ မှာ ရင်ကော့၍ စင်မြင့်ပေါ်သို့  တက်ရောက် ဂုဏ်ယူခဲ့ကြရသေးသည်။ ယင်းဆုငွေမှာ ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည် လက်ထဲ မရောက်သေး ။ အလွှဲသုံးစား ပြုလုပ်ထားသည်ကို လူတိုင်းသိကြသည်။
ယင်းသို့ ပင် အခြားဒေါ်အောင်ဆန်းစုကြည့်အတွက် နိုင်ငံတကာမှ ဆုများပေးအပ်ထားခြင်းကို ငွေသားအဖြစ် ပေးအပ်ထားခြင်းများလည်းရှိနေရာ ကာယကံရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံရရှိသွားပြီဟု မည်သည့်အခါမျှ မကြားဖူးဖူး။ သို့ အတူ ယင်းဆုငွေများကို အလွှဲသုံးသူများ မရှိနိုင်ဟု မည်သူမျှ မပြောနိုင် ။ အကျင့်စာရိတ္တများ ပျက်ပြားခြင်းနှင့် ပတ်သက်၍ ပြည်ပရှိနိုင်ငံရေး အ၀ိုင်းအ၀န်းအကြောင်းကို ကျွန်တော် မရေးချင် ။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာမှ ဂုဏ်ပြုဆုများကိုမူ ဒေါ်စုကိုယ်တိုင် ရရှိခံစားစေချင်သည်။ ယင်းဆုငွေများကို ( NCGUB ) မှ တာဝန်ယူ စစ်ဆေးကာ ဒေါ်စုလက်ထဲရောက်အောင် ပေးအပ်သင့်ပြီ ။ တဆက်တည်းပင် ယခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအစိုးရများ ၊ သမတများကို တိုက်ရိုက် တယ်လီဖုံးနှင့် ဖြစ်စေ စကိုင်းပီနင့်ဖြစ်စေ ၊ ဗီဒီိယိုနှင့်ဖြစ်စေ အခန်းအနားတွေကို တိုက်ရိုက် ပြောကြားနေပြီဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အတွက်သော်၎င်း၊ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုများအတွက်ပင်၎င်း ၊ မည်သို့ မှ ပြည်ပက လှုပ်ရှားစရာမလိုတော့ ။ ဤကားအဝေးရောက် အစိုးရအတွက် အကောင်းဆုံးအဖြေပင်ဖြစ်နေပြီ ။

NCGUB ကို ဖျက်သိမ်းလျှင်ကော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( လွပ်မြောက်နယ်မြေ) ကိုမူ ထားသင့် သလားဆိုသည်က ပြသနာရှိလာသည်။ ရှေ့နေကြီး ဦးအောင်သိန်းပြောသလို နောက်ကြောင်းပြန်သွား နိုင်သည့် အချိန်ထိ မရေမရာမှုကာလ တခုအတွက် ထားသင့်နေသလား စဉ်းစားရတော့မည် ။ ဒေါ်စုက ပြောလျင် ကျွန်တော်တို ဖျက်သိမ်းလိုက်ပါမည် ဆိုသည်မှာ သဘာဝမကျပေ။ အဘယ့်ကြောင့်ဆိုသော နေရာတကာ ဒေါ်အောင်ဆန်းစုကြည် နာမည်တပ်နေ၍ အလုပ်မဖြစ် ။ ယင်းပြသနာမှာ အဖွဲ့ ချုပ်ဝင်တို့  စဉ်းစားရမည့် အလုပ်သာဖြစ်သည်။ လုံးဝမထားသင့်သော အဖွဲ့ မှာကား EBO ဆိုသော ဦးဟန်ညောင်ဝေ အဖွဲ့ ပင်ဖြစ်သည်။ လောလောဆယ် ဦးဟန်ညောင်ဝေမှာ ပြည်တော်ပြန်သည့်သူဖြစ်နေသည်။ ပြည်တော်ပြန်သည့် သူကို အတိုက်အခံ အဖွဲ့ များတွင် မည်သည့်အခါမျှ နေရာမပေးရတော့ ။ သင့်လည်းမသင့်တော် ။ နောက်တခုမှာ သူတာဝန်ခံ ဒါရိုက်တာအဖြစ် ယူထားသော ဒီဗွီဘီ အသံလွှင့်ဋ္ဌါန၌လည်း သူ့ ကို တာဝန်ပေးရန် အကြောင်းမရှိတော့။

EBO တာဝန်ခံ ဦးဟန်ညောင်ဝေမှာ ENC ဆိုသော ဗမာမုန်းတီးရေးအဖွဲ့  တခုကို တည်ထောင်ထားရာ ယင်းအဖွဲ့ ကိုလည်း ဖျက်သိမ်းရမည်ဖြစ်သည်။ အကြောင်းမှာ ဦးဟန်ညောင်ဝေ လုပ်ထားသောအဖွဲ့ မှန်သမျှသည် မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ ဘာမျှ ထူးထူးထွေထွေ ပြောင်းလဲလာအောင် လုပ်ဆောင်ခဲ့ နိုင်ခြင်းမရှိ ။ ပြောင်းလဲအောင် လုပ်ခဲ့ နိုင်ပါသည်ဟု ပြောလျှင်လည်း ဘာမျ ပြောစရာမလိုတော့။ သူ၏ အဓိက ပြစ်မှုကြီးနှစ်ခုမှာ လုံးဝခွင့်မလွှတ်နိုင်သော အချက်နှစ်ချက် ရှိနေသည်။ ဘဘဦးတင်ဦးအား နူရင်ဘတ်လို စစ်ခုံရုံးတင်နိုင်ရန် ဥရောပညီလာခံ၌ တင်ပြခြင်းနှင့် သမိုင်းလိမ် ဘင်္ဂလီ လူမျိုးတို့ နှင့် ကာဇစ်စတန်နိုင်ငံမှာ လူမျို၍ လူမျိုးပျောက်အောင် ပြုလုပ်ခဲ့  သည့်  ညီလာခံ တွင် ဆွေးနွေးခဲ့ ခြင်းဖြစ်သည်။ သမိုင်းလိမ်ဘင်္ဂလီလူမျိုးများမှာ မြန်မာနိုင်ငံ၌ တိုင်းရင်းသားအဖြစ်သာ ရရှိခဲ့ ပါက တနေ့ တွင် မြန်မာနိုင်ငံကို လုံးဝဥသုံလူမျိုသွားစေမည့် အစီအစဉ်များ ချမှတ်ထားခြင်းကို နိုင်ငံရေးအသိရှိသူးများက မြင်သိထားကြပြီးဖြစ်သည်။ မြန်မာနိုင်ငံအရေးအတွက် ယခုဒေါ်အောင်ဆန်းစုကြည်က အားလုံးကို တာဝန်ယူ ဖြေရှင်းပြောဆိုနေပြီဖြစ်သည်။ ယခင်က နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့စဉ်က ဘာမျှ မလှုပ်ရှားနိုင်ခဲ့ သော ဒေါ်အောင်ဆန်းစုကြည်မှာ ယခုဆိုလျှင် သမတကြီး ဦးသိန်းစိန်နှင့်ပင် မျက်နှာစုံညီ ဓါတ်ပုံရိုက်ကာ ဆွေးနွေးနေပြီ ။ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်နှင့် မနေ့ ကပင် ဆွေးနွေးနေသေးသည်။ သည်တော့ ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် လူ့  အခွင့်အရေးအတွက် အကောင်းဆုံး လှုပ်ရှားနေသည်ကို သိကြမည်ဖြစ်သည်။

ကျွန်တော်တို့  သိထားသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မှတ်ပုံတင်လျှင် ပြည်ပမှာ ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( လွပ်မြောက်နယ်မြေ )သည်၎င်း၊ အဝေးရောက် ညွန့် ပေါင်းအစိုးရသည်၎င်း၊ ဖျက်သိမ်းရန် ဂယက်ရှိနိုင်သည် ။ အကယ်၍ မှတ်ပုံမတင်ခဲ့ လျှင်မူ ဦးဟန်ညောင်ဝေ ဦးဆောင်သော EBO သည်၎င်း ။ ENC သည်၎င်း လုံးဝဖျက်သိမ်းရမည်မှာ အမှန်ပင်ဖြစ်သည်။ အကြောင်းကား မြန်မာနိုင်ငံရေးကို ဒေါ်အောင်ဆန်းစုကြည့်က လုပ်ဆောင်နေခြင်းကြောင်းဖြစ်သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.