Thursday, November 3, 2011

0 ထောက်ပံ့မှုအသစ်မစဉ်းစားမီဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်

အရေးပေါ်ထုတ်ပြန်ကြေငြာချက်
၂ နိုဝင်ဘာလ ၂၀၁၁

မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ယက် (BRN) နှင့်အတူ မြန်မာနိုင်ငံတွင်း ဆည်ကြောင့် ထိခိုက်ခံရသည့် လူ့အဖွဲ့အစည်းများအတွက် ကိုယ်စားပြုလုပ်ဆောင်နေ သော ကရင်နီဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ (KDRG) တို့မှ ဂျပန်အစိုးရအား မြန်မာ နိုင်ငံကို ထောက်ပံ့မှုအသစ်ပေးရေးအတွက် မစဉ်းစားမီ ကရင်နီပြည်နယ်တွင် လုပ်ဆောင် နေသော မြန်မာနိုင်ငံ၏ ပထမဆုံး အကြီးစား ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် လောပိတ (ဘီလူးချောင်း) ရေအားလျှပ်စစ်စီမံကိန်း အမှတ် ၂ နှင့် သက်ဆိုင်သော အခွင့်အရေးချိုး ဖောက်မှုများကို ဦးစွာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တိုက်တွန်းလိုက်သည်။ လောပိတစီမံ ကိန်းကို ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျပန်တို့၏ စစ်လျော်ကြေးငွေဖြင့် ထောက်ပံ့လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရသည် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ တိုးတက်ပြောင်းလဲနေသည်ဟု ဂျပန်နိုင်ငံမှ သုံးသပ်ရှုမြင်ပြီး ၄င်းအခြေအနေကို အသိအမှတ်ပြုသောအားဖြင့် ဂျပန်ဝန်ကြီးဌာနမှ အောက်တိုဘာ ၂၁ ရက်နေ့တွင် မြန်မာ အစိုးရအား လောပိတ ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ အမှတ် ၂ ကို ပြန်လည်ပြုပြင်ရေးအတွက် တရားဝင် ဖွံ့ဖြိုးတိုးတက်မှုအကူ အညီ (ODA) ကို ထောက်ပံ့ပေးရန် စဉ်းစားနေကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

လောပိတ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြည်သူပေါင်း ၁၂၀၀၀ ကျော်သည် ၄င်းတို့၏ နေအိမ်များမှ အတင်းအဓမ္မ ပြောင်းရွှေ့ခံခဲ့ရသည်။ မြန်မာစစ်သား ထောင်ပေါင်းများစွာသည်လည်း စီမံကိန်းလုံခြုံရေးအတွက် အကြောင်းပြ၀င် လာကြပြီး ဒေသခံ ပြည်သူများအပေါ် အတင်းအဓမ္မလုပ်အားပေးမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများနှင့် ဥပဒေမဲ့ သတ်ပစ်ခြင်းများ အပါအ၀င် အခွင့်အရေး ချိုးဖောက်မှုများစွာကို ကျူးလွန်ခဲ့ကြသည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် ရေကို အဓိက ဦးစားပေးအသုံး ပြုရပြီး ထိုကဲ့သို့ ရေသုံးစွဲမှုကြောင့် ဒေသအတွင်း ရေရှားပါးပြတ်လပ်မှုများ ကြုံတွေ့ရသည့် အပြင် ကောက်ပဲသီးနှံများကို ပျက်စီးဆုံးရှုံးမှုဖြစ်စေသည့် အန္တရာယ်ကြီးသော ရေကြီးမှုများ ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ယနေ့အထိ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် လျှပ်စစ်သွယ် တန်းသည့်မျှော်စင်အနီးတ၀ိုက်တွင် မြေမြှုပ်မိုင်းပေါင်း ခန့်မှန်းခြေ ၁၈၀၀၀ ခန့်ရှိသည်။ ဤ ကဲ့သို့ အရင်းအနှီးများစွာ စတေးကြရသော်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းသို့ လျှပ်စစ် ဓာတ်အား အများဆုံး ပေးပို့သည့်အတွက်ကြောင့် ဒေသခံ ပြည်သူများ၏ ၈၀ ရာခိုင်နှုန်းမှာ ယနေ့အထိ လျှပ်စစ်မီးမရရှိကြပေ။

၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မိုးသည်းထန်စွာ ရွာသွန်းမှုပြီးနောက် မြန်မာစစ်တပ် သည် မည်သည့် သတင်းပေးနှိုးဆော်မှုမှ မရှိပဲ လောပိတစီမံကိန်းဆည်မှ ရေလွှတ်ထုတ် လိုက်ခြင်းကြောင့် မြစ်အောက်ပိုင်းရှိ မြို့နယ်အများစုကို ဆိုးဝါးစွာ ရေလွှမ်းမိုးခဲ့ပြီး စီမံကိန်း ၏ စီမံအုပ်ချုပ်ရေးညံ့ဖျင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

"ဒီနေ့အထိ လောပီတအနီးတ၀ိုက်မှာ မြေမြှုပ်မိုင်းတွေရှိတုန်းပဲ။ ပြီးတော့ ဒေသခံရွာသူ ရွာ သားတွေကိုလည်း လျှပ်စစ်ကြိုးတွေ၊ လိုင်းတွေကို စောင့်ကြည့်ဖို့ အတင်းအဓမ္မ လုပ်ခိုင်း တယ်" ဟု KDRG အဖွဲ့၏ တာဝန်ခံ ခူးသော်ရယ်က ဆိုသည်။ "ဂျပန်အစိုးရအနေနဲ့ မြန်မာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရကို နောက်ထပ် ကူညီထောက်ပံ့မှုတွေ မပေးခင် စီမံကိန်းဒေသမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရင်ဆုံး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်တယ်"

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်တွင်းစစ်ဖြစ်ပွား နေသည့်ကြားမှ မြန်မာနိုင်ငံသို့ အကူအညီများ၊ ရင်းနှီးမြှုပ်နှံမှုများ ထပ်လုပ်ရန်စဉ်းစားနေ သည့် နိုင်ငံများထဲမှ တနိုင်ငံ အပါအ၀င်ဖြစ်သည်။ တိုင်းရင်းသား ပြည်သူများ၏ နိုင်ငံရေး အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေကြသောကြောင့် ကချင်၊ ရှမ်း၊ ကရင်နီနှင့် ကရင် ပြည်နယ်ရှိ ဆည်စီမံကိန်းအနီးတ၀ိုက်တွင် လက်နက်ကိုင် ပဋိပက္ခများ မကြာခဏ ဆက် လက်ဖြစ်ပွားလျှက်ရှိသည်။

"အခုချိန်ဟာ မြန်မာနိုင်ငံတွင်းမှာ အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ သင့်တော်တဲ့အချိန် မဟုတ်သေးပါဘူး" ဟု မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ယက်အဖွဲ့မှ စိုင်းစိုင်းမှ ပြော သည်။ "ဒီစီမံကိန်းတွေဟာ ဒေသခံပြည်သူတွေရဲ့ အကျိုးအမြတ်အတွက် ဘာမှမရှိတဲ့အ ပြင် ဒေသခံ ပြည်သူတွေအပေါ်မှာတောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေ တယ်"

ဆက်သွယ်ရန်
စိုင်းစိုင်း +၆၆ ၈၈ ၄၁၅၄၃၈၆ (အင်္ဂလိပ်၊ မြန်မာ)
ခူးသော်ရယ် +၆၆ ၉၈ ၃၅၆၁၂၈ (အင်္ဂလိပ်၊မြန်မာ)
မအဲလီလီ +၆၆ ၈၁ ၃၆၆ ၀၆၂၁ (Burmese)
လောပိတအစီရင်ခံစာနှင့် သတင်းအချက်အလက်အပြည့်အစုံရယူရန်
For full report on the Lawpita project: http://www.burmariversnetwork.org/images/stories/publications/english/dammed-english.pdf

burmariversnetwork.org

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.