Tuesday, July 10, 2012

0 ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပဉ္စမနေ့သို့ တက်ရောက်လာစဉ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့သည် ယနေ့ ကျင်းပသည့် လွှတ်တော်ပြီးဆုံးချိန် တွင် တွ့ဆုံခဲ့ကြောင်း သိရသည်။

ထို့သို့တွေ့ဆုံရာတွင် အခုလိုတွေ့ဆုံရတဲ့အတွက် ဘယ်လိုမြင်ပါသလဲဟု ဦးဌေးဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ရန်ကုန်မီဒီယာ ဂရုပ်မှ မေးမြန်းရာ ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက " ပူးပေါင်းဆောင်ရွက်ဖို့ ရောက်နေကြတဲ့အတွက် ဘာပြောဖို့လိုနေသေးလဲ ပူးပေါင်းဆောင်ရွက် ဖို့ရောက်နေတဲ့အတွက်ဒါဟာအောင်မြင်မှုပဲ " ဟုပြောကြားသည်။

ဆက်လက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း " အမျိုးသားရင်ကြားစေ့ရေးအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ် ကို ဖြောင့်ဖြောင့်မတ်မတ်နဲ့ ခိုင်ခိုင်မာမာရောက်ရှိရေး လုပ်ဖို့ အရေးကြီးပါတယ် " ဟု ပြန်လည်ပေးကြားခဲ့သည်။(Yangon media Group)

Photo..Reuters, messenger journal

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.