Monday, July 9, 2012

0 တွံတေးမြို့နယ် ဒီမိုကရေစီကွန်ယက်မှ ဦးစီးကျင်းပသော “ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဆွေးနွေးပွဲ”

ယနေ့ (၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၈ ရက်) တွင် ၈၈မျိုးဆက်ကျောင်းသားများသည် တွံတေးမြို့သို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ် သွားရောက်ခဲ့ကြရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး တို့မှ တာဝန်ရှိသူများလည်း လိုက်ပါသွားခဲ့ကြသည်။

ယနေ့ နံနက် ၁၀း၀၀ နာရီ တွင် တွံတေးမြို့ ဘိုးဘွားရိပ်သာ ၀င်းအတွင်းရှိ မိဘဂုဏ်ခန်းမ၌ တွံတေးမြို့နယ် ဒီမိုကရေစီကွန်ယက်မှ ဦးစီးကျင်းပသော “ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဆွေးနွေးပွဲ” တွင် မင်းကိုနိုင် နှင့် ဂျင်မီ တို့က ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အကြောင်း ပြောကြားကြပြီး အတူလိုက်ပါလာကြသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီ မှ စည်သူမောင်နှင့် အောင်ကျော်ကျော်၊ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးမှ ထက်ပိုင်အောင်တို့ကလည်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဆိုင်ရာများကို ပြောကြားခဲ့ကြသည်။

၎င်းနောက်တွင် တွံတေးမြို့နယ် ဒေသခံများက ၎င်းတို့ လက်ငင်း ကြုံတွေ့ခံစား နေကြရသည့် ကိစ္စရပ်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြပြီး မင်းကိုနိုင်၊ ဂျင်မီနှင့် မီးမီး တို့မှ ပြန်လည် ဆွေးနွေး ဖြေကြားခဲ့ကြသည်။

အခမ်းအနားကို ဦးဆောင်ကျင်းပသူများ ကိုယ်စား တွံတေးမြို့မှ ကိုတင်ဝင်း က ကျေးဇူးတင်စကား ပြောကြားပြီး မွန်းလွဲ ၁း၁၅ နာရီတွင် အခမ်းအနား ရုပ်သိမ်းခဲ့ကြသည်။

88 Generation studients

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.