Friday, July 13, 2012

0 လွှတ်တော်ထဲမှာ အရေးတကြီးပြုပြင်ရမဲ့ မေးခွန်းတွေ မေးနေတယ်..။ မေးစရာရှားလို့.... :D

photo. Getty images
ရုပ်ရှင်ရုံအတွင်း နိုင်ငံတော်အလံကို အလေးပြုမှု အားနည်းခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း မေးမြန်း

လင်းလင်း-ရန်ကုန် ဇူလိုင် ၁၃

ဇူလိုင် ၁၂ရက်က ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဥာဏ်လင်းက ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ပြသရာတွင် နိုင်ငံတော်အလံအား အလေးပြုမှု အားနည်းခြင်းနှင့် ပတ်သက်ပြီး မည်သို့ ပြုပြင် ဆောင်ရွက်သွားရန် ရှိမရှိ သိရှိလိုကြောင်းမေးခွန်းအား မေးမြန်းခဲ့ကြောင်းသိရသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းက နိုင်ငံတော်အလံ ပြသစဉ် နိုင်ငံတော်အလံကို အလေးပြုမှု အားနည်းသည့်အတွက် သတိပေးစာသားကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာ ဖြင့် အလံတော်မပြသမီ ကြိုတင်ပြသခြင်းကို ၂၀၀၆ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ကြည့်ရှုသူပရိသတ်က နိုင်ငံတော်အလံအား အလေးမပြုခြင်းကို ယခင်ခေတ်ကာလက ရုံများအတွင်း စည်းကမ်းထိန်းရဲများ ထားရှိပြီး ရုံပြင်သို့ခေါ်ကာ ဒဏ်ရိုက်အရေးယူခြင်းဆောင်ရွက်ခဲ့ဖူးကြောင်းကို ဖြေကြားသည်။

ထို့နောက် ၎င်းကဆက်လက်ပြီး လက်ရှိ နိုင်ငံတော်အလံ ဥပဒေနှင့် နည်းဥပဒေတို့တွင် ရုပ်ရှင်ရုံအတွင်း နိုင်ငံတော်အလံ အလေးပြုရန် ပျက်ကွက်ပါက အရေးယူဆောင်ရွက်ရန် ထည့်သွင်းဖော်ပြထားခြင်း မရှိသေးပါသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိထုတ်ပြန်ထားသော နိုင်ငံတော်အလံဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်သင့်ကြောင်း၊ ထိုသို့ထုတ်ပြန်ပြီးပါက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်ရုံများတွင် နိုင်င့တော်အလံအား အလေးပြုရန် သတိပေး ဆိုင်းဘုတ်များ ရေးသားချိတ်ဆွဲစေခြင်း၊ ရုပ်ရှင်မပြမီ အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းကို ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

Ko Ye

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.