Friday, July 13, 2012

2 နိုင်ငံအပေါ်သစ္စာစောင့်သိသော အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် ပြောကြား

ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ဆဌမမြောက်နေ့ (ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်သည့် သုံးရက်မြောက်နေ့) ဇူလိုင်(၁၁) ရက်နေ့တွင်လွှတ်တော်အစည်း အဝေးဒုတိယ ပိုင်းကျင်းပစဉ် ခေတ်တရပ်နားချိန်တွင် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် သတင်း မီဒီများ တွေ့ ဆုံမေးမြန်းမှုများကို စာဖတ်ပရိ သတ်များ အ စုံအလင် ဖတ်ရှုနိုင် ရန် ဖော်ပြ လိုက်ပါ သည်။

မေး။ ။ဒေးဗစ်မစ်ရှယ် မြန်မာပြည်ကိုရောက်လာ ပြီးလို့သိရပါတယ် အန်တီရဲ့သဘောထားကို သိချင်ပါ တယ်။

ဖြေ။ ။ကောင်းပါတယ်။ သူကမြန်မာပြည်ကိစစတွေ လည်းတော်တော်လေး ကျွမ်းကျင်ပါတယ်။ ခဏခဏ လည်း လာပြီးပြီ မြန်မာပြည် ကို အရင်နှစ်ပေါင်းများစွာ ကတည်းက မြန်မာပြည်အရေး ကိစတွေ ကိုလေ့လာထား ပြီးသားဆိုတော့ သင့်တော်တဲ့ သံတမန်တစ်ယောက် လို့ ပြောလို့ ရပါတယ်။

မေး။ ။အမေရိကန်နဲ့ဆက်ဆံရေးကရောခင်ဗျ။

ဖြေ။ ။ဘယ်နိုင်ငံနဲ့ဆက်ဆံရေးမဆိုကောင်း ဖို့ပဲ မျှော်လင့်ပါတယ်။

မေး။ ။မနေ့ကဆု အတွက် ပြောပေးပါဦး။

ဖြေ။ ။ချားချီးစ် ဆုကိုပေးလိုက်မှ တာသိတာပါ။လော့မာဒင်က ဝင်စတန်ချားချီ ကိုအင်မတန် လေးစား တယ်။ သူစိတ်ထဲမှာ လေးစားတဲ့တစ်ဦးအနေနဲ့သတ်မှတ် ပါတယ်ဆိုပြီး လိုက်တာပါ။

မေး။ ။မနေ့ကထွတ်ပေါ်နေတဲ့ ဒုသမ္မတ အမည်အပြောင်း အလဲဖြစ်နေတယ်လို့ကြား ပါတယ်။ သတင်း ပေါက် ကြားသွား လို့ဆိုပြီး တပ်ကအရာရှိတွေ ကိုခေါ်ဆူတယ် လို့လဲသိရပါတယ်။

ဖြေ။ ။ဒါတွေဟာ မပေါက်ကြား ရတော့ဘူးလား။ အဆူခံရတာလည်း အဆူခံရတာပေါ့။ အဆူခံ ရတာနဲ့ပဲ လူပါ ပြောင်းမယ်တဲ့လား။ အဆူခံရတာနဲ့ လူပြောင်းတာနဲ့ တစ်ကဏ္ဍာစီလို့ထင်တာပဲ။ သင့် တော်လို့ ရွေးထားတယ် ဆိုရင် ပေါက်ကြား

လို့ဖြစ်စေ၊မပေါက်ကြားလို့ဖြစ်စေရွေး မယ်လို့ ထင်တာပေါ့။ ဒါဟာ အစကတည်းကပဲ ကောလ ဟာလလားမှမသိတာ။

မေး။ ။အန်တီတင်မယ့် အဆိုတွေ မေးခွန်းတွေ ဘယ်တော့ လွှတ်တော်မှာတွေ့မြင်လာရမလဲရှင့်။

ဖြေ။ ။အဲ့ဒါတော့ မသိဘူး။ အန်တီတို့ဆုံးဖြတ်တာ မဟုတ်တဲ့အတွက်။တင်တာကတော့ တင်တာပေါ့။ ဘယ် တော့လောက် လက်ခံမယ်ဆိုတာကတော့ ဒီကရုံးပေါ်မှာ တည်တာပေါ့။

မေး။ ။အန်တီကိုယ်တိုင်ရော လွှတ်တော်ကိုယ်စား လှယ်တွေတင်ခွင့်ရတဲ့ အဆို(၁၀)ခု၊မေးခွန်း(၁၀)ခု အပြည့် အစုံတင်ဖြစ်လားရှင့်။ ဘယ်နှစ်ခုလောက်စဉ်းစား ထားလဲရှင့်။ အကြောင်း အရာလေး ပြောပေး ပါလား။

ဖြေ။ ။အကုန်မတင်ဖြစ်သေးဘူး။တစ်ခုတော့တင်ထားတယ်။အခု မပြောသေးဘူး ။ကြည့်လိုက်ဦး မယ်။ ဒါ တော င် ရင်တထိတ်ထိတ် နဲ့စောင့်ရဦးမယ်။

မေး။ ။အန်တီပညာရေးလို့ကြားပါတယ် ဟုတ် လား။

ဖြေ။ ။ပညာရေးနဲ့တော့ ဆက်စပ်ပါတယ်။

မေး။ ။ဥပဒေကြမ်းတွေ တင်သွားဖို့ရှိပါသလား။

ဖြေ။ ။ဥပဒေကြမ်း တွေကိုတော့ ဆွေးနွေးသွားဖို့ အန်တီ တို့ကိုယ်စားလှယ် တွေမှာရှိပါ တယ်။ ဥပဒေကြမ်း တွေ တင်သွားဖို့တော့ မရှိပါဘူး။

မေး။ ။အခု အဆိုတွေဆွေးနွေးတဲ့အခါမှာ အန်တီ အနေနဲ့လေ့လာမိသလောက် ဘာလိုအဆိုတွေ များ ဝင် ရောက် ဆွေးနွေး သွားဖို့ရှိပါသေးလဲ။

ဖြေ။ ။အဆိုတွေကို ဆွေးနွေး သွားဖို့ရှိပေမယ့် ပြောခွင့်ရှိလား။ မရှိလား။မသိဘူးလေ။ တော်ကြာ အန်တီ အပြော မှား နေပါဦးမယ်။ မပြော တာပဲကောင်းတယ်။

မေး။ ။ကော့မှူးအတွက် ဘာများတင်သွားဖို့ရှိလဲ။

ဖြေ။ ။ကော့မှူး အတွက်ကတော့ သက်သက်တင် ဖို့မရှိပါဘူး။ ကော့မှူးအတွက်ကတော့ တက်နိုင်သ လောက်လုပ် နေတာပဲ။ တချို့အဆင့်ကမြို့နယ်အဆင့် ကနေလုပ်ရမယ့် ကိစတွေ တော်တော်များ တယ်လေ အဲ့ဒါ တွေတောင် မလုပ်နိုင်ဘူး ဆိုတော့ အဲ့ဒါတွေကို အဓိက ဦးစားပေးပြီးလုပ်နေတယ်။

မေး။ ။ဘယ်လိုအဆိုမျိုးကို ဝင်ပြီးဆွေးနွေးသွားဖို့ ရှိလဲ။

ဖြေ။ ။အန်တီ ကိုယ်တိုင်တော့ အခြားကိုယ်စား လှယ်တွေရဲ့အဆိုတွေဆွေးနွေးသွားဖို့ မရှိသေးပါဘူး။ အန်တီတို့ အခြားကိုယ်စားလှယ် တွေကတော့ ဆွေးနွေး သွားဖို့ရှိပါတယ်။

မေး။ ။ဝန်ကြီးတွေအပြောင်းအလဲရှိတယ်လို့သိရ ပါတယ်။အန်တီရဲ့သဘောထားသိချင်ပါတယ်။

ဖြေ။ ။ဒုဝန်ကြီးတွေပြောင်း သွားပြီလေ။ဝန်ကြီးတွေ ပြောင်းဖို့ရှိသေးလား။အဓိကကတော့ အပြောင်း အလဲ ဆိုတာကောင်းဘက် ကိုဦးတည်ဖို့ပဲအရေးကြီးပါတယ်။ဘယ် သူရယ်၊ဘယ်ဝါရယ် မှမဟုတ်ပါဘူး။ သင့်တော်တဲ့ သူဖြစ်ဖို့ပေါ့။သင့်တော်တဲ့သူဆိုတာလည်း ပထမဦးဆုံးနံပါတ် တစ်အနေနဲ့ ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အားသန် တဲ့ပုဂိုလ်ဖြစ်ရမယ်။နံပါတ်နှစ်အနေနဲ့ကတော့ အလုပ် ကျွမ်းကျင်တဲ့ သူဖြစ်ရ မယ်။အဲ့ဒီနှစ်ခုကိုတော့ အထား ပြီးပြောချင်တယ်။

မေး။ ။အခု Check and Balance လုပ်နေ တဲ့အပေါ်ဘယ်လိုသဘောထားပါသလဲ။

ဖြေ။ ။အန်တီတို့ဟာ အမြဲပဲ ဥပဒေစိုးမိုးရေးကို ပြောနေတော့ ဥပဒေရေးမဏ္ဍိုင် ကိုပိုပြီး အာရုံစိုက်စေ ချင် တယ်။ အခု အဲ့ဒီဘက်မှာ အာရုံစိုက်မှု အားနည်း နေသေးတယ်။

မေး။ ။လွှတ်တော်နိုင်ငံရေး process အပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။ အခြားကိုယ်စားလှယ်တွေ တင်သွင်း တဲ့ အဆိုတွေဟာ ပြည်သူ့လူထု အတွက် အကျိုးရှိတာတွေ တော်တော်များများ ပါတယ်။ တချို့မှာ မပါဘူး။

ဖြေ။ ။အဲ့ဒါကြတော့ တခြားကိုယ်စားလှယ်တွေ ရဲ့ တင်သွင်းမှုအပေါ်မှာ ဘာမှမှတ်ချက်မပေး ချင်ပါဘူး။အဲ့ ဒါဟာ မကောင်းဘူးလေ။ဝေဖန်တာပဲဖြစ်ဖြစ်၊အခြား တစ်ယောက်ကိုထောက်ခံ တာပဲဖြစ်ဖြစ် မကောင်းဘူး။ ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ လွှတ်တော်ကိုပိုပြီးလွတ် လွတ်လပ် လပ်ဖြစ်စေ ချင်ပါတယ်။အန်တီတို့ကိုယ်တိုင် ကိုယ်စားလှယ်တွေဆိုတော့ ဝင်လိုက် ထွက်လိုက်လုပ် စေချင် တယ်။ ဥပမာ-ကိုယ်ရဲ့ကျွမ်းကျင်မှုတွေနဲ့စိတ်မဝင်စား ဘူးဆိုရင် အခြားကို သွားပြီး ကိုယ်အဆိုနဲ့ ပက်သက်ပြီး ပြင်ဆင်ဖို့ ဆွေးနွေးဖို့အဲ့လို အနေအထားမျိုးရှိမယ်ဆို ရင်တော့ ကိုယ်စားလှယ် တွေအတွက်ပို လွတ်လပ်တာ ပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တစ်ချိန်တည်း မှာထ၊ တစ်ချိန်တည်း မှာ ထိုင်ဆိုတော့ ဒါတွေဟာနောက် တော့ဖြစ်လာမှာပါ။ ရင့်ကျက်တဲ့ လွှတ်တော်နဲ့ တော့ နည်း နည်းကွာသေးတာပေါ့။ဒါဟာ တဆင့်တဆင့်ဖြစ်သွား မယ်လို့ထင်ပါတယ်။



မေး။ ။အစ်မတို့ ကော်မတီတစ်ရပ်ဖွဲ့ ထားတယ်လို့ သိရပါတယ်။အဲ့ဒီကော်မတီမှာ အစ်မတာ ဝန်ယူထား တယ်လို့ သိရပါတယ်။ တင်သွင်းတဲ့ အဆိုတွေမှာ စိစစ်ပြီး မှတင်သွင်းခွင့်ပြုမှာလား သိချင် ပါတယ်။

ဖြေ။ ။စိစစ်တယ်ဆိုတာ ဒီလိုပါ။နံပါတ်တစ်ကတင် သွင်းပုံတင်သွင်းနည်းမှန်လား ကြည့်ရဦးမယ်။ သိပ်မကျွမ်း ကျင်သေးတော့ လုပ်ပုံလုပ်နည်းလည်းမှန်လားဆိုတာ ကြည့်ရဦးမယ်။ လုပ်ထုံးလုပ်နည်း တွေကျွမ်းကျင် သလား ဆိုတာကြည့်ရမယ်။နောက်တစ်ခုက ထပ်တလဲလဲမဖြစ် စေချင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်မညှိ တဲ့အတွက်ဖြစ်တက်တယ်။ နောက်တစ်မျိုးကတော့ မလိုအပ်တဲ့အ ချက်တွေကို မထည့်စေချင်ဘူး။ ကိုယ်တင်သွင်းချင်တာ တင်သွင်း ဒါပေမယ့်အရှည်ကြီး သမိုင်းကြောင်းလှန်တာတို့ မလိုအပ်ရင်။ တခါတလေလည်း လိုအပ်ပါတယ်။တစ်ခါ တစ်လေကြတော့ လည်း သမိုင်းကြောင်းနဲ့ ယှဉ်ပြီးပြောမှ လည်း အဓိပ္ပာယ်ပေါ်လွင်တာကိုး။ လွှတ်တော်ရဲ့အချိန် ကိုလေးစား သောအားဖြင့် မလိုအပ်တဲ့ အချက်တွေမ ထည့်ဖို့။နောက်ပြီးတော့လည်း တိတိကျကျ တိုတို တုတ် တုတ်ပြောတဲ့ အခါကျရင် အများလည်း နားလည်လွယ် တာပေါ့။တခြားကြောင့်တော့ မဟုတ ပါဘူး။ ဟိုတလော ကဆိုရင် တစ်ယောက်နဲ့ တစ်ယောက်မတိုင်ပင်ကြတော့ နှစ်ယောက်စလုံး ကအ တူတူ ပဲဖြစ် နေတာပေါ့။အဲ့ဒါက မလိုအပ်ဘူးထင်ပါတယ်။အချိန်လည်း ကုန်တာပေါ့။

မေး။ ။အန်တီ အဆိုတွေ၊မေးခွန်းတွေအတွက် အချက်အလက်တွေ ရှာဖွေတဲ့အခါ ဌာနဆိုင်ရာတွေမှာ အချက် အလက် တွေရှာဖွေသွားမှာလား။

ဖြေ။ ။အန်တီအတွက် အချက်အလက်ရှာဖွေတဲ့အခါမှာ ပိုပြီးအချိန်ယူလို့ရရင်၊အချိန်ယူသင့်ရင် ယူလို့ရရင် ကောင်းတာပေါ့။ဘာလို့လဲဆိုတော့ နေပြည်တော်ဆိုတာ သီးသန့်နေရာဖြစ်တဲ့နေရာဆိုတော့ ကိုယ်လို ချင် တဲ့အချက်အလက်တွေ ရှာဖို့၊သင့်တော်တဲ့ သူတွေနဲ့ဆွေးနွေး ဖို့ဆိုတာသိပ် မလွယ်ဘူး။ မလွယ်တဲ့ အတွက် အချိန်ပိုယူ လို့ရရင်ကောင်းတာပေါ့။


မေး။ ။ဦးဌေးဦး တို့ပြောလာတာရှိပါတယ် သူတို့ပါ တီနဲ့အန်တီတို့ပူးပေါင်းသွားဖို့အဆင်သင့်ပါပဲလို့ ပြောပါ တယ်။ အန်တီတို့ဘက်က ဘယ်လိုသဘောထား ရှိပါသလဲ။


ဖြေ။ ။အန်တီတို့ကဘယ်ပါတီနဲ့မဆို ပူးပေါင်း ဆောင်ရွက်ဖို့အဆင်သင့်ပါပဲ။ကိုယ့်ရဲ့ရည်ရွယ်ချက်က တကယ်ပဲ ဥပဒေစိုးမိုးရေးနဲ့ဒီမိုကရေစီရရှိရေးဆိုရင် ဘယ်ပါတီနဲ့ မဆိုပူးပေါင်း ဆောင်ရွက်ဖို့ ဝန်မလေး ပါဘူး။

မေး။ ။လွှတ်တော် အဆက်ဆက်မှာ မူတွေချမှတ် တာတွေ လုပ်ငန်းစဉ်တွေရေး ဆွဲတာတွေရှိ ပါတယ်။ ဒီမှာ ဘာတွေပြောင်းလဲ တယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ဒါကြောင့်မို့လို ကိုယ်လုပ်နိုင်သလောက်ပဲ လုပ်ဖို့ပြောတာပါ။ဒါကြောင့်မို့လို့လဲ ကော်မတီတွေဖွဲ့ ထားတာပါ။ လက်တွေ့မကျတဲ့အဆိုတွေကိုတော့ အစ်မ တို့အနေနဲ့ အားပေးသွားမှာ မဟုတ်ပါဘူး။ သဘော မတူဘူး ဆိုရင် ရှင်းပြပေါ့။ဘာကြောင့် သဘောမတူတာလဲ တာလဲဆိုတာ။ တင်တဲ့သူလည်း ရှင်းပြပေါ့။ တချို့ကလည်း လွှတ်တော်ထဲမှာ လုပ်ပုံလုပ်နည်းနဲ့မနီးစပ်လို့ပေါ့။

မေး။ ။ဖွဲ့စည်းပုံ ဥပဒေနဲ့ပက်သက်ပြီး ဘယ်အချက် တွေကိုပြုပြင်သွားမလဲခင်ဗျ။

ဖြေ။ ။အဲ့ဒါကတော့ ပြောဖို့စောပါသေးတယ်။

မေး။ ။လွှတ်တော်အတွက် အဓိကကျတဲ့အဆိုတွေ ၊မေးခွန်းတွေ များရှိပါသလား။

ဖြေ။ ။အခုပညာရေးနဲ့ ပက်သက်တဲ့အဆိုတွေက တော့အရေးကြီးတာပေါ့။ အမှန်တိုင်းပြောရရင် ဆွေးနွေး တဲ့အဆင့်မှာ လွန်သွားပြီ။အခုဟာ ပြုပြင်ပြောင်းလဲတာ အတည်ပြုတဲ့ အဆင့် ရောက်သွား ပြီပေါ့။ အန်တီတို့သိပ် ပြီးပါဝင်ဆွေးနွေးဖို့ မဖြစ်သေးပါဘူး။

မေး။ ။အန်တီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့တုန်းက ပြောတယ်ပေါ့ ဒီကိုလာတာ အတိုက် အခံ လုပ်ဖို့ မဟုတ်ဘူး လို့မှာ တယ်လို့ပြောပါတယ်။

ဖြေ။ ။ဒီလိုပါ ဒီမိုကရေစီ မှာဆိုအတိုက်အခံအဖွဲ့အ စည်းဆိုတာရှိရမှာပေါ့။အခုအခြေအနေမှာ အန်တီတို့ ကိုအတိုက်အခံအဖွဲ့ အစည်းလို့ခေါ်ရင်လည်း လက်ခံပါ တယ်။ မကန့်ကွက်ပါဘူး။ အန်တီပြောတာက ရန်လုပ်ဖို့ လာတာမဟုတ်ဘူး။ ရန်ဖြစ်ဖို့လာ တာမဟုတ်ဘူးလို့ပြော တာပါ။ စည်းစည်းလုံးလုံး နဲ့တက်နိုင်သမျှ နိုင်ငံအကျိုးအ တွက်ပူးပေါင်းဆောင်ရွက်ဖို့လာတာ ဒါဟာ အင်္ဂလိပ်မှာ ဆိုရင်သူတို့သုံးတာ သိတယ်မို့လား lawer opporzation လို့သစ္စာ စောင့်သိ တဲ့အတိုက်အ ခံလို သုံးကြတယ်။အန်တီတို့ကတော့ နိုင်ငံတော်အပေါ်ကို သစ်စာစောင့်သိတဲ့ အဖွဲ့အစည်း အနေနဲ့ လုပ်သွား မှာပါ။ အဓိကကတော့ နိုင်ငံပေါ်မှာသစ်စာစောင့်သိဖို့ပါ။ဘယ် သူ့ကိုမှတိုက်ချင်လို့ ခိုက်ချင်လို့ မဟုတ်ပါဘူး။ နိုင်ငံတော် ကိုအကျိုးပြုချင်လို့ အကျိုးပြုတဲ့နေရာမှာ ပူးပေါင်း ဆောင် ရွက်သင့်သူတွေ နဲ့ပူးပေါင်း ဆောင်ရွက် သွားမှာ ပါ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဝေမာသိမ့် (Yangon Media Group)

2 comments:

  1. ဒေါ်စုပြောသွားတာကြားလိုက်ရသည်မှာ Loyal Opposition ဖြစ်ပါသည်။ Lawar Opposition မဟုတ်ပါ။ Lawar ဆိုသော စကား အင်္ဂလိပ် ဝေါဟာရမှာပင် ရှိပုံမပေါ်ပါ။ ဤမျှအသုံးများသော စကားလုံးကိုပင် မစစ်မဆေး မမေးမမြန်း မှားယွင်းစွာမှတ်တမ်းတင် ခြင်းလိုက်ခြင်းဖြင့် သတင်းသမား သိက္ခာကျသလို ပရိဿတ်ကိုရော မူလ ပြောဆိုသူကိုပါ စော်ကားရာရောက်ပါသည်။ လေ့လာမှု အားနည်းသည်ထက် ဖြစ်ကတတ်ဆန်း လုပ်တတ်သည့် အကျင့်ဖြင့် မိမိအလုပ်မိမိတန်ဘိုး မထားခြင်းကိုရှက်သင့် ဆင်ခြင်သင့်ပါသည်။

    ReplyDelete
  2. နောက်ပြီး Opposition ဖြစ်ပါသည်။ Opporzation မဟုတ်ပါ။ စပ်မိစပ်ရာ စဉ်းစားမိသည်မှာ ဤသို့ အသံကိုအသံ အတိုင်းလိုက်ပြီး ထင်ရာစာလုံးပေါင်းသည့် အလေ့အထသည် ယနေ့လူငယ်များအကြား မှားယွင်းစွာ (တချို့ဂုဏ်ယူစွာ) အမြစ်တွယ်နေသည့် Myanglish အရေးအသားများ၏ ဆိုးကျိုး တရပ်ဟု မြင်ပါသည်။ ဘာသာရပ်တခုကို စံနစ်တကျလေ့လာရကောင်းမှန်း မသိခြင်းအတွက် လက်ရှိပညာရေးစံနစ်ကိုချည့် အပစ်မတင်ဘဲ ကိုယ်ကိုကိုယ် သုံးသပ်ကြဘို့လည်းလိုပါလိမ့်မည်။ ဤစရိုက်မျိုးဖြင့် ကမ္ဘာကိုယဉ်ဘောင်တန်း ဘို့ မဖြစ်နိုင်ပါ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.