Friday, July 13, 2012

0 Sanctions များ အကုန်ရုတ်သိမ်းပေးရန် အနောက်အုပ်စုကို မြန်မာသမ္မတတိုက်တွန်း

US coordinator for policy on Myanmar, Derek Mitchell (L) poses for a photograph next to Myanmar President Thein Sein at the presidential residence in Naypyidaw on July 11, 2012. Mitchell, the first US ambassador to Myanmar in over two decades, took up his post on July 11, 2012. -(france24.com)
(AFP သတင်းမှ 12 July 2012 ရက်စွဲပါ “Myanmar president urges west to lift sanctions”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေပြီဖြစ်၍ ယခင်ချမှတ်ထားသော Sanctions များအားလုံး ရုတ်သိမ်းပေးကြရန် သမ္မတဦးသိန်းစိန်က ကြာသပတေးနေ့တွင် အနောက်နိုင်ငံများကို တိုက်တွန်းတောင်းဆိုလိုက်သည်။

လောလောဆယ်ဒီနိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အလားအလာကောင်းစေဖို့အတွက် ငွေကြေးနဲ့ စီးပွားရေးဒဏ်ခတ်မှု Sanctions နှစ်မျိုးစလုံး ရုတ်သိမ်းပေးဖို့ အလွန်အမင်းအရေးကြီးနေပါတယ်ပာု မြန်မာသမ္မတ Financial Times သို့ ပြောကြားသည်။

နေပြည်တော်ရှိ သမ္မတအိမ်တွင် Financial Times သတင်းစာကို လက်ခံတွေ့ဆုံသော မြန်မာသမ္မတက စီးပွားရေးပြုပြင်ပြောင်းလဲမှု ဒုတိယ အဆင့်ကို မြန်မာသမ္မတက စီးပွားရေးပြုပြင်ပြောင်းလဲမှု ဒုတိယအဆင့်ကို ကြီးကြပ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ပြီး လက်ရှိ အစိုးရအပေါ် တပ်မတော်က အာဏာချုပ်ကိုင်ထားဆဲပာူသော အငြင်းပွားစောဒကတက်မှုများကိုလည်း ပယ်ချက်လိုက်သည်။

အမေရိကန်ပြည်ထောင်စုသည် ယခင်အပယ်ခံ မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့သော Sanctions များကို အငြင်းပွားစရာအကောင်းဆုံးနှင့် အများဆုံးဖြေလျော့မှုများအဖြစ် ရေနံဓာတ်ငွေ့အပါအဝင် မြန်မာစီးပွားရေးနယ်ပယ်၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံကြရန် မီးစိမ်း ပြလိုက်ပြီဖြစ်သည်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အာရှရေးရာကျွမ်းကျင်သူ ဒဲရစ်မစ်ချယ် ဗုဒ္ဓပာူးနေ့က ဆိုက်ရောက်လာပြီးနောက် နာရီပိုင်းအကြာတွင် သမ္မတဘားရက် အိုဘားမားက မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲပြသမှုများကို အသိအမှတ်ပြုသည့် နောက်ဆုံးအချက်ပြမှုကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရပိုင် MOGE(မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း)နှင့် နိုင်ငံခြားကုမ္ပဏီများ ပူးပေါင်းစီးပွားရှာခြင်းမပြုကြရန် သတိပေး ပြောဆိုထားသော မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားနှင့် ယခုအိုးဘားမား၏ လုပ်ဆောင်မှုတို့အကြား ကွဲလွဲမှု ရှိနေသည်။

ယခု ဥပဒေ စည်းကမ်းသစ်အရ အမေရိကန်ကုမ္ပဏီများသည် မြန်မာအစိုးရပိုင် MOGE ကုမ္ပဏီနှင့် စီးပွားရေးလုပ်ခွင့်ရှိသော်လည်း ရက်ပေါင်း ၆၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဌာနကို အသိပေးအကြောင်းကြားရမည်ပာု ဆိုသည်။

ယခင် တပ်မတော်အစိုးရလက်ထက် စီမံခန့်ခွဲမှုအလွဲများ၊ အဂတိလိုက်စားမှုများ၊ နိုင်ငံကိုတံခါးပိတ် လက်ဝါးကြီးအုပ်စီးပွားရှာမှုများကြောင့် စုတ်ပြတ်၊ ယိုယွင်း၊ ပြိုလဲသွားသော မြန်မာ့စီးပွားရေးလောကကို ပြန်လည်ပြင်ဆင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်နှင့် အခြားအစီအစဉ်များစွာကို လွှတ်တော်တွင် ဆွေးနွေးနေကြပြီပာု သိရသည်။
yangonchronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.