Monday, July 9, 2012

2 မီးကြွေ ကပ်ခံရသော ကလေးမ (မတင်နီလာအေး)

မတင်နီလာအေးဆိုသူ ကလေးငယ်တစ်ဦး အသက်(၁၄)နှစ်၊ (ဘ) ဦးညို၊ စစ်တန်းကုန်းရပ် မိုးကုတ်မြို့ နေသူသည် လွန်ခဲ့သော (၆)လခန့်က မဟာအောင်မြေမြို့နယ်၊ ဆင်တိုင်ရပ်၊စိန်ပန်းရပ်ကွက်နေ ဦးဝင်းမောင်+ဒေါ်ပုတို့နေအိမ်တွင် အိမ်ဖော်အလုပ်လုပ်ကိုင်လျှက်နေထိုင်ပါသည်။

ထိုသို့ အိမ်ဖော်အဖြစ် လုပ်ကိုင်နေထိုင်နေစဉ် ကာလများတွင် ၅.၇.၂၀၁၂ ရက်နေ့ နံနက် ပိုင်(၇)နာရီခန့်တွင်၊ ဦ၀င်းမောင်၏ သမီဖြစ်သူ မတင်နီလာဝင်း(ခ) မနီနီမှ အိမ်ဖော်ဖြစ်သူ မတင်နီလာအေး ဆိုသူ မိန်းခလေးငယ်အား တံမျက်စည်းလှည်းတာမပြောင်ဘူးဟု ပြောဆိုကာ ခေါင်းအား၎င်စီးထာသော ဒေါက်ဖိနပ်ဖြင့် ရိုက်ခဲ့သဖြင့် ဦးခေါင်းပေါက်သွားပြီး (၇)ချက်ချုပ်ရကြောင်း၊ ကုလားထိုင်ဖြင့်ရိုက်ခဲ့သဖြင့် ကလးငယ်၏ ဘယ်ဖက်လက် ကျိုးသွားကြောင်း၊ ဖိနပ်ဖြင့်ပါးရိုက်ရာ နှုတ်ခမ်းပေါက်သွားကြောင်း ၊ ဒူးခေါင်းနှင့် ပေါင်များတွင် မီးပူဖြင့်ကပ်သော အပူလောင်ဒဏ်ရာများလည်းတွေရှိခဲ့ရပါသည်။

ကလေးငယ်၏ လက်များကိုလည်း အ၀တ်လျှော်တာမပြောင်၍ဆိုပြီး ပြောင်စင်အောင် ဒီလိုတိုက်ရတယ်ဟုဆိုကာ ကလေးငယ်၏ လက်များကို သံ ဘရက်(စ်) ဖြစ်ပွတ်တိုက်ပြခဲ့ကြောင်း ၊ ၄င်းနောက် ကလေးငယ်မှာ အိမ်မှထွက်ပြေးခဲ့ရာ ရပ်ကွက်အတွင်းရှိ (၎င်း ဈေးဝယ်နေကြ ) ဈေးဆိုင်မှ အဒေါ်ကြီး တစ်ဦးမှ ရဲစခန်းသို့ပို့ပေးခဲ့ရာ ရဲစခန်းမှတဆင့် ဆေးရုံသို့ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း ကြားသိခဲ့ရပါသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ၊ အမှတ်(၇)ရဲစခန်းသို့
ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှုးမှ ကျူးလွန်သူ မတင်နီလာဝင်း(ခ) မနီနီအား ပြစ်မှု ပုဒ်မ (၂၉၄/၃၂၅) ဖြင့် အမှုဖွင့် အရေးယူထားကြောင်းပြောကြားသည် ။

ကိုဝိုင်ဝိုင်ကေ

2 comments:

  1. ပြည်တွင်းပြည်ပ လူတွေကပြောကြတယ်..စင်င်္ကာပူ မလေးရှားစသည်နိင်ငံခြားတိုင်းပြည်များက အိမ်ဖော်မြန်မာမိန်းကလေးများကို အနိင်ကျင့် နိပ်စက်ကြတယ်တဲ့..မြန်မာပြည်နေ ကိုယ့်ဗမာအချင်းချင်း ကူညီဖေးမရမဲ့ဟာကို အနိင်ကျင့်နိပ်စက်ပြတော့ တော်တော်ရှက်စရာ ကောင်းပါတယ်...ဒါလားဟဲ့..ဗုဒ္စဘာသာထွန်းကားတဲ့နိင်ငံဆိုတာ...။

    ReplyDelete
  2. ခင်ဗျားကလဲ ရိုအင်ဂျာလား။ ငြိမ်းနေတဲ့မီးကိုတောက်အောင်လုပ်ပြန်ပြီ။ လုပ်တဲ့သူကိုအရေးယူမှာပေါ့။ဘာသာရေးပုတ်ခတ်တဲ့စကားတွေနဲ့ comment မပေးပါနဲ့
    ခင်ဗျားမြန်မာနိုင်ငံထဲမှာနေရင် မြန်မာလူမျိုးသွေးခွဲတဲ့စကားမပြောပါနဲ့။
    ကလေးကိုမစာနာလို့မဟုတ်ဘူး။ ခင်ဗျာပြောတဲ့စကားတွေက နိုင်ငံတော်အဆင့်ပြသနာဖြစ်အောင်ဖိတ်ခေါ်သလိုဖြစ်နေပြီ။
    ပြသနာတစ်ရပ်ကိုဘယ်လိုဖြေရှင်းမလဲပဲတွေးပါ။ ဘယ်လိုထပ်ရှာရမလဲမလုပ်ပါနဲ့။ မိုးရွာလို့ မိုးရေစိုပြီးရင် အရင်ဆုံးခြောက်အောင်ကြိုးစားပါ။ နောက်တစ်ခေါက်မစိုအောင်ကာကွယ်ပါ။ ကောင်းကင်ကိုမော့ပြီးအော်ဆဲနေတဲ့ခင်ဗျားတို့လိုလူတွေရှိလို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောသွားခဲ့တာ။ ခင်ဗျားနိုင်ငံကိုချစ်ရင် လောင်တဲ့မီးကိုပဲငြိမ်းပါ။ ပြာဖြစ်အောင် oxygen မလုပ်ပါနဲ့။ တစ်ခုလောက်တော့မေးချင်တယ်။ ခင်ဗျားအခုအချိန်ထိ ငါနိုင်ငံအတွက်၊ ငါ့လူမျိုးအတွက် ဘာတွေလုပ်ပြီးပြီလဲ။ လူမှုရေးလား၊ နိုင်ငံရေးလား၊ စီးပွားရေးလား။ ခင်ဗျားအတွက် ခင်ဗျားလုပ်နေတာကို အသံကောင်းဟစ်နေရင်တော့ခင်ဗျားမှားနေပြီ။ ခင်ဗျားလူပီသအောင်ကြိုးစားရဦးမယ်။ ကျွန်တော် တရားလက်လွတ်ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ပြောတဲ့ထဲမှာ အမှားပါခဲ့ရင် စာဖတ်တဲ့လူတွေ၊ site owner တွေကိုအနူးအညွတ်တောင်းပန်ပါတယ်။ ငြိမ်းချမ်းရေးကိုတစ်ကယ်မြတ်နိုးပါတယ်ဗျာ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.