Friday, October 12, 2012

3 မြန်မာနိုင်ငံ၏ သမ္မတအနေဖြင့် ပထမဆုံးအကြိမ် နိုဘယ်ဆုခန့်မှန်းထိပ်တန်း (၅)ဦးစာရင်းတွင် ဦးသိန်းစိန် ပါဝင်လာ

မနက်ဖြန်တွင် ကြေငြာမည့် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ခန့်မှန်းစာရင်းတွင် မြန်မာနိုင်ငံမှ သမ္မတကြီးဦးသိန်းစိန်အနေဖြင့် နံပါတ်(၅) နေရာမှပါဝင်လာခဲ့သည်။ သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်တိုးတက်မှုအပေါ်တွင် အဓိကလူပုဂ္ဂိုလ်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

 မြန်မာနိုင်ငံ၏ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို ဖော်ဆောင်ရာတွင်အခြားနိုင်ငံများနှင့်မတူပဲညင်သာပျော့ပျောင်းစွာပြောင်းလဲနိုင်ခဲ့သဖြင့် မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နိုင်ငံတကာက BurmaSpring/MyanmarSpringစံတစ်ခုအဖြစ်သတ်မှတ်သည်အထိ အောင်မြင်မှုများစွာရရှိအောင်ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။ နိုင်ငံ၏ငြိမ်းချမ်းရေးဆောင်ရွက်မှုများတွင် အဓိကလက်နက်ကိုင်အဖွဲ့အစည်း (၁၁)ဖွဲ့အနက် (၁၀)ဖွဲ့ကိုတိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်ခဲ့ပြီးလက်နက်ကိုင်လမ်းစဉ်ဘိုးအေဖြစ်သော KNU အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးစကားပြောနိုင်ခဲ့ပြီဖြစ်သည်။

ကျန်ရှိသည့်ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့်ပါလက်တွဲလုပ်ဆောင်နိုင်ပြီဆိုပါက နိုဘယ်ဆုအတွက် သေချာသလောက်ဖြစ်နေပြီဖြစ်ကြောင်းကို "ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ် ဆုပေးပွဲပြီးကတည်းက သမ္မတကြီး ဦးသိန်းစိန်က နိုဘယ်ဆုအတွက် အသံထွက်ခဲ့တာဒါပေမယ့်မမျှော်လင့်ဘဲကချင်အရေးကိစ္စက ပေါ်လာတော့ မျှော်လင့်ချက်အားနည်းသွားတယ်။ အခုထိလည်း စစ်ပွဲက မပြီးသေးတော့ သမ္မတကြီးအတွက် နိုဘယ်ဆုက မမျှော်လင့်ရဲသေးဘူး။ ဒါပေမယ့်ဒါကဆုပေးတဲ့သူတွေအပေါ်မှာမူတည်တယ်။ အောင်မြင်လို့ ပေးမှာလား? အောင်မြင်စေချင်လို့ ပေးမှာလား? ဆိုတာအပေါ်မူတည်တယ်။ ဒေါ်အောင်ဆန်းစုကြည်တုန်းကလဲ သူ့ရဲ့လုပ်ရပ်များများ မရှိသေးခင်မှာ သူလုပ်နိုင်အောင် အားရှိဖို့အတွက် နိုဘယ်ဆုပေးခဲ့တာလေ။ အခုလည်း ဒီလိုမဖြစ်နိုင်ဘူးလို့ တော့ ပြောမရဘူး။

အခုတစ်ခေါက်မရဘူးဆိုလည်း သမ္မတကြီးသာမြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို စဉ်ဆက်မပြတ်ဖေါ်ဆောင်နိုင်နေမယ် ဆိုရင် ဆုအတွက် သေချာပါတယ်။ အခုနိုင်ငံရေးအင်အားစုတွေကို လွှတ်တော်ထဲမှာ တရားဝင်ဆွေးနွေးနိုင်အောင်လုပ်ခဲ့သလိုမျိုး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို လွှတ်တော်ထဲမှာ ဆွေးနွေးနိုင်အောင် လုပ်နိုင်ပြီဆိုရင် နိုဘယ်ဆုတင်မဟုတ်ဘဲ ကမ္ဘာ့ ပြည်သူပြည်သားတွေ အတွက် နိုင်ငံရေးမူဝါဒဖော်ဆောင်မှုပြုနိုင်တဲ့ ကမ္ဘာ့အမြင့်ဆုံးဆုတစ်ခုကို တီထွင်ပြီး ပေးအပ်ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိစ္စဟာ ပြောသလောက် မလွယ်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ" ဟုလေ့လာသူကိုမျိုးညီညီကပြောကြားသွားပါတယ်။

3 comments:

  1. အဲ့ဆုကိုရခဲ့ရင်..OICကိုလက်မခံဖို့လုပ်ပေးပါ...
    ကိုယ့်တိုင်းပြည်နဲ့လူမျိုးအတွက်ရေရှည်မစဉ်စားပဲ
    မက်လုံးတခုကိုမက်ပြီးလွယ်လွယ်လက်ခံလိုက်တာ
    အမျိုးသားရေးကိုထိခိုက်စေမယ်...
    OICဆိုတာသူတို့မူဆလင်ကိုပဲကာကွယ်မှာ..
    ကမ္ဘာမှာအကြမ်းဖက်ခြင်းကိုမတားဆီးပဲ
    ငွေကြေးထောက်ပံ့မှုသက်သက်...
    ဆင်းရဲတဲ့မြန်မာပြည်သူတွေကိုမြိစ္ဆာဒ္ဒိဘာသာထဲ
    လူဦးရေတိုးရန်ရည်ရွယ်ချက်..
    ရခိုင်မြေကိုမူဆလင်ဒေသတခုအဖြစ်ဖန်တီး
    ခြေကုတ်ယူ၇န်..
    ဒါကိုထည့်မစဉ်းစားပါက
    ဆန့်ကျင်ဘက်ဗုဒ္ဒဘာသာများနစ်နာထိခိုက်မယ်ဆိုတာသမ္မတကြီး
    စဉ်းစားပေးပါ...
    သူတို့ဘာသာကိုသူတို့ဘုရားသခင်ကိုသက်ဝင်ယုံကြည်မှုကိုပြရင်တောင်
    မိမိရဲ့ရင်သွေးကိုလည်လှီးပြီးသတ်ပြတယ်လို့သူတို့ကျမ်းထဲမှာပါတယ်..
    အဲ့သလောက်ထိယုံကြည်မှုကတဖက်စွန်း...
    ဘာသာခြားကိုသုတ်သင်ရှင်းလင်းပြီး
    သူတို့ဘာသာပြန့်ပွါးစေတာကလည်းနတ်ပြည်လို့ခံယူထားတယ်..
    လူတဦးတိရိစ္ဆာန်တကောင်ကိုသတ်လိုက်လို့
    ငရဲလို့မသတ်မှတ်တဲ့...ရာဇ၀တ်မှုကျူးလွန်နေသော
    ဘာသာဝင်တွေ...ကိုယ်တိုင်မလုပ်ကြရင်လည်း
    လုပ်ရဲတဲ့အစွန်းရောက်တွေကိုကြိတ်ပြီးထောက်ပံ့လူမိုက်ငှားတက်ကြတဲ့
    အစ္စလာမ်ဘာသာဝင်တိုင်းရဲမကောင်းတဲ့အကျင့်ဆိုးကို
    သမ္မတကြီးမြင်နိုင်မယ်မထင်ဘူး..ဒီလိုတင်ပြနေတာ
    အစ္စလာမ်ကျမ်းကို၃နှစ်လေ့လာသင်ယူခဲ့လို့သိလာတဲ့အသိပါ..
    ခွဲခြားမှုအယူသီးမှုဆိုတာမွေးလာကတည်းကရိုက်သွင်းခံရတဲ့
    လူမျိုးစုတွေမို့...ဦးနှောက်ကိုအသုံးမချပဲ...
    ကျမ်းထဲပါသောအချက်အလက်ကိုလက်ကိုင်ပြုပြီး
    အမှားအမှန်မခွဲခြားနိုင်သူများကပိုများသည်...
    မြန်မာပြည်ဖွါးအစ္စလာမ်ကပြားလောက်သာအမှားအမှန်ပိုင်းခြား
    ချင့်ချိန်နိုင်သော်လည်း...ဘာသာဝင်များနှင့်ရောနှောနေပါက
    သူတို့လည်းအထက်ပါအတိုင်းနစ်မြောနေတက်သူများဖြစ်သည်...
    p..s..ဒေါ်ကြိုင်ကြိုင်..ဟာဒ့်..ဗီဇာကိုမြန်မာနိုင်ငံသားများအတွက်တိုက်ရိုက်လုပ်ပိုင်ခွင့်
    ရရုံဖြင့်..OICကိုလက်မခံသင့်ပါ...

    ReplyDelete
  2. တန်ရာ တန်ရာ မှန်းပါ ....မြန်မာရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ မဟုတ်ပါ ...
    swee thelen မင်းတို့ တွေ အတွေးခေါ် နိုင်ငံတကာ မမှီသေးပါ ...

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.