Saturday, October 13, 2012

3 ရဲတပ်ဖွဲ့ဝင်များ၏ လူမဆန်စွာရိုက်နှက်မှုကြောင့် ကလေးငယ်တစ်ဦး ဆေးရုံတင်ရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့(၄)ရပ်ကွက်ရှိ အသက်(၁၄)နှစ်အရွယ် မောင်မင်းထက်အောင်အား ရဲတပ်ဖွဲ့ဝင်များက လူမဆန်စွာရိုက်နှက်စစ်ဆေးခဲ့သည့်အတွက် အောက်တို့ဘာလ(၁၀)ရက်နေ့တွင် ပဲခူးမြို့ အထွေထွေပြည်သူ့ဆေးရုံကြီးသို့ တင်ထားရကြောင်းသိရှိရသည်။

မောင်မင်းထက်အောင်သည် မိခင်ဖြစ်သူနှင့်အတူနေထိုင်းပြီး ပဲခူးမြို့ မဟာမြိုင်လမ်းရှိ အဆွေတော်ကား/ဆိုင်ကယ်ရေဆေးဆီထိုး အလုပ်ရုံတွင်အလုပ်လုပ်နေသောကလေးငယ်တစ်ဦးဖြစ်ပါသည်။ အောက်တိုဘာလ(၉)ရက်နေ့ည(၁၀)နာရီခန့် တွင် မောင်မင်းထက်အောင်အား ငွေကျပ်(၄၀၀၀၀၀)သိန်း ခိုးယူကြောင်း အလုပ်ရှင်၏ စွတ်စွဲချက်ဖြင့် ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းမှ တာဝန်ကျ ရဲအရာရှီတစ်ဦးနှင့် ရဲတပ်ဖွဲ့(၂)ဦးတို့မှ လူမဆန်စွာရိုက်နှက်စစ်ခဲ့တာဖြစ်ပါတယ်။ ငယ်ရွယ်သော ကလေးငယ်တစ်ဦးအား ည(၁၂)နာရီမှ နံနက်(မိုးလင်း)သည့် အထိ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးခဲ့ရာကလေးငယ်မှာ လမ်းမလျှောက်နိုင်သည့် အခြေအနေသို့ဆိုက်ရာက်ခဲ့ရပါသည်။

ပျောက်ဆုံးသွားသော ငွေကျပ်(၄၀၀၀၀၀)သိန်းကို မောင်မင်းထက်အောင်မှခိုးယူခဲ့ခြင်းမဟုတ်ပါ။ အလုပ်ရှင်မှ အထားမှားပြီး အမှုဖွင့်စွတ်စွဲခဲ့ခြင်းသာဖြစ်သည့်အတွက် အောက်တိုဘာလ(၁၀)ရက်နေ့တွင် အမှုပြန်ပိတ်လိုက်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မောင်မင်းထက်အောင်အား ဆေးရုံတွင် သွားရောက်မေးမြန်းခဲ့ရာ “ သားသူတို့ပြောသလို ပိုက်ဆံခိုးခဲ့တာ မဟုတ်ပါဘူး၊အဲဒီမှာအလုပ်လုပ်တာ (၁)လပဲရှီသေးတယ်။ လုပ်ရှင်နာမည်တွေတောင် ယခုအချိန်ထိမသိသေးဘူး၊ နံနက်(၈)နာရီခွဲအလုပ်ဝင်တယ်။ ညနေ(၅)နာရီ အိမ်ပြန်တယ်။အဲဒါပုံမှန်ပဲ။ ညကျတော့ သားဆီကို အလုပ်ရှင်လိုက်လာတယ်။ သားကဘာဖြစ်လို့လည်းမေးတော့ မင်းလုပ်တာမင်းသိမှာပေါ့ဆိုပြီး ရဲစခန်းကိုခေါ်သွားတယ်။ ရဲစခန်း ရောက်တဲ့အခါ တာဝန်ကျအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးမှ ရိုက်နှက်စစ်ဆေးတယ်။ လက်ကိုလက်ထိပ့်ခက်၊ ခြေထောက်ကိုဆင်းခိုင်း၊ နံပါတ်တုတ်နဲ့ လှိမ့်တယ်။

လူတကိုယ်လုံးတတ်နင်းပြီး လှိမ့်တာ။ ကျောကုန်းနဲ့ နံရိုးတွေကို နံပါတ်တုတ်နဲ့ရိုက်တယ်။ သားလည်းမခံနိုင်လို့ အကျယ်ကြီးအော်ငိုတယ်။ ရဲတွေကသားပါးစပ်ထဲကို အ၀တ်စုပ်ထိုးထဲ့တယ်။ လည်ချောင်းထဲအထိရောက်တယ် သားအသက်ရှုတောင်မ၀ဘူး။ သူတို့သားကိုစစ်တာ ည(၁၂)နာရီလောက်ကနေ နံနက်(မိုးလင်း)တဲ့အထိ စစ်တယ်။ နောက်နေ့ နေ့လည်(၂)နာရီမှာ အမေသားကိုလာခေါ်တော့ သားလမ်းမလျှောက်နိုင်တော့ဘူး။ ဆိုက္ကားနှင့်အိမ်ကိုပြန်လိုက်သွားရတယ်။

အိမ်ရောက်တော့ သားမသက်သာလို့ ဆေးရုံတက်ရသည့်အဖြစ်မျိုး ရောက်ရှိခဲ့ရပါသည်” ဟု ပြောကြားပါသည်။ သားဖြစ်သူ မောင်မင်းထက်အောင်အား လူမဆန်စွာရိုက်နှက်ခဲ့သည့် ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးအား ထိရောက်စွာ အရေးယူပေးရန်အောက်တိုဘာလ(၁၁)ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးလှမင်းမှ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်စာပေးပို့ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

ကိုရှင်

3 comments:

  1. တရားခံအစစ် ဖြစ်ခဲ့ရင်တောင် တရားဥပဒေအရသာ စီရင်ပိုင်ခွင့်ရှိရမယ်လို့ထင်ပါတယ်။ လူအချင်းချင်းမနှိပ်စက်သင့်ကြပါ။ ကလေး အရွယ်ဖြစ်ရင် သူတို့အတွက် ကလေးသူငယ်ဆိုင်ရာဥပဒေသီးခြားရှိတယ်လို့ထင်ပါတယ်။ အခုလိုအထားမှားတာကို ရဲကိုတိုင်၊ ရဲကလဲ တိုင်သူထံမှလာဘ်လာဘ ကိုမျှော်ကိုးပြီး၊ ယိုးစွပ်ခံရသူကို ၀န်မခံ ခံအောင်ရက်စက်မှုနည်းမျိုးစုံနဲ့ စစ်၊ အထားမှားတာပါဆိုပြီးအမှုပိတ်၊ မတရားသဖြင့်ခံခဲ့ရပြီးနေပြီ။ လုံးဝ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ဒီလိုမတရားမှုမျိုးကိုကျူးလွန်တဲ့ ရဲများကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူအပြစ်ပေးထိုက်တယ်လို့ထင်ပါတယ်။ ဆိုင်ပိုင်ရှင်များလဲ မိမိတို့ရဲ့ပစ်စည်း ငွေစသည်တို့ကိုလုံခြုံအောင်ထားပါ။ လွယ်ရင်သူကြွယ်တောင်မနေဘူးဆိုတဲ့စကားလဲရှိတယ်မဟုတ်လား။ ခိုးတာ သူများမသိဘဲယူတာကို အားပေးချင်လို့မဟုတ်ပါ။ သားသမီးချင်းကိုယ်ချင်းစာပါ။ မရှိလို့ပညာသင်ရမဲ့အရွယ်မှာ အလုပ်လုပ်နေရတာမဟုတ်လား။

    ReplyDelete
  2. လုမဆန်တဲ့ ခွေးတွေ....လုပ်နိင်သေးတော့ လုပ်ထားဥင်္ီးပေါ့

    ReplyDelete
  3. အဲ့ဒီရဲအရာရှိဆိုတဲ့သူဟာကျောင်းကောတက်ခဲ့ရဲ့လား။ ကျောင်းနေစဉ်တလျှောက်လုံးငွေပေးပြီးအောင် အောင်လုပ်။ ရဲကျောင်းတက်ဘို့လည်းလပ်ထိုးပြီးတော့တက်လာတာဖြစ်မယ်။ဒါ့ကြောင့်အလုပ်ရှင်ဆီကငွေယူပြီး ကိုယ်ချင်းစာနာစိတ်ကင်းကာသူများသားသမီးကိုနိပ်စက်တာပါ။ပြည်ထဲရေးဝန်ကြီးသာအမှန်အကန်ဥပဒေအတိုင်းလိုက်နာခဲ့မယ်ဆိုရင်အဲ့ဒီရဲအရာရှိနဲ့ကျန်တဲ့သူတွေကိုတာဝန်မှအနားပေးပါလိမ့်. မယ်။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.