Wednesday, October 10, 2012

0 ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကွယ်လွန်

""ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇော""ကွယ်လွန်သွားသည်ဟု သိရသည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲမိပါသည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်၊ ဗမာပြည် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဒီကနေ့ အောက်တိုဘာ (၁၀)ရက်နေ့ မနက်ပိုင်းက (၃)နာရီဝန်းကျင် တရုတ်နိုင်ငံ ကူမင်းမြို့က ဆေးရုံတရုံ အထူး ကြပ်မတ် ကုသဆောင်မှာ ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဟာ တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦးလည်းဖြစ်
ပြီး ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဦးဆောင်မှုနဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဟာ လာမယ့် ဒီဇင်ဘာလမှာ အသက် ၉၃ နှစ်ပြည့်မှာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ (ဦးကျော်ဇောဦး)၊ ဦးအောင်ကျော်ဇော၊ ဒေါ်လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော သားသမီး သုံးဦး သက်ရှိထင်ရှား ကျန်ရစ်ပါတယ်။
မကွယ်လွန်မီက မြန်မာနိုင်ငံသို့ လာရောက်၍ ရွှေတိဂုံဘုရားဖူးလိုကြောင်း သူ၏ဆန္ဒကို ပြောဆိုခဲ့ဖူးပြီး မြန်မာအစိုးရမှ ခွင့်ပြုထားခဲ့သော်လည်း ဦးကျော်ဇော၏ ကျန်းမာရေးအခြေအနေအရ မိခင်မြေသို့ လာရောက်နိုင်ခြင်းမရှိခဲ့သောကြောင့် ၄င်း၏ နောက်ဆုံးဆန္ဒလည်း ပြည့်ဝမသွားခဲ့ရှာပေ။
Dvb ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အလွမ်းပြေ ဗွီဒီယိုမှတ်တမ်း Maung Too Youtube Channel

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.