အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၂ခုနှစ်၊အောက်တိုဘာ(၁၁)ရက်နေ့ နံနက်(၉)နာရီ(၁၅)မိနစ်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သုံးခွမြို့နယ်ညီလာခံကျင်းပရေးကော်မရှင်၊ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ဒေသဆိုင်ရာဖွံ့ဖြိုးရေးကိစ္စများဆွေးနွေးရန်အတွက်သုံးခွမြို့သို့ရောက်ရှိခဲ့သည်။
ဥက္ကဌအားအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ပြည်သူများ၊အမေ့အိမ်ကျောင်းမှကျောင်းသား၊ကျောင်းသူများကကြိုဆိုနှုတ်ဆက်ကြ သည်။အမေ့အိမ်ကျောင်းမှကျောင်းသား၊ကျောင်းသူများအားဥက္ကဌကနှုတ်ဆက်စကားပြောကြားပြီးအဖွဲ့ချုပ်မြို့နယ်ရုံးသို့ဆက်လက်ထွက်ခွာလာခဲ့သည်။မြို့နယ်ရုံးတွင်မြို့နယ်ကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍မြို့ နယ်အခြေအနေများကိုဆွေးနွေးခဲ့သည်။ထို့နောက်မြို့နယ်ရုံးသို့ရောက်ရှိလာသောပြည်သူများအားနှုတ် ဆက်စကားပြောကြားသည်။
နံနက်(၁၁)နာရီခန့်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ရောက်ရှိပြီးအထွေ ထွေအုပ်ချုပ်ရေးဌာန၊ကျန်းမာရေးဌာန၊မြို့နယ်ရဲဌာန၊တရားရေးဌာန၊ဥပဒေရုံး၊ပညာရေးဌာန၊စိုက်ပျိုးရေးဌာန၊ဆည်မြောင်းဌာန၊ဆောက်လုပ်ရေးဌာနများမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးကိစ္စများကိုဆွေး နွေးခဲ့သည်။
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်