Friday, October 12, 2012

0 စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး KNU ဗဟိုမှ တာဝန်ရပ်စဲ

ကရင်အမျိုးသားအစည်းအ ရုံး KNU ၏ဌာန ၁၄ခုအနက်တစ်ခုဖြစ်သော ကရင်အမျိုးသားကာ ကွယ်ရေးဌာနလက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် KNU ထိပ်တန်းခေါင်းဆောင် ၃ ဦးကို KNU ဗဟို၏ခွင့်ပြုချက် မရှိဘဲ ဘားအံမြို့တွင် KNU ဗဟို ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ် ပြီးနောက် အောက်တိုဘာလ ၃ ရက်နေ့မှစတင်ကာ တာဝန်က ရပ်စဲလိုက်သည်။

ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့်အတူ ဗဟိုတရားရေးဌာနတာဝန်ခံ ဖဒိုဒေးဗစ်ထော၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာနတာဝန်ခံ ဖဒိုရောဂျာတို့ကို တာဝန်မှရပ်စဲလိုက်ခြင်းဖြစ်ပြီး အမိန့်မနာခ၊ံမှု၊အဖွဲ့အစည်း အတွင်း သွေးကွဲအောင်ဆောင်ရွက် မှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိ မှုတို့ကြောင့်ဖြစ်ကြောင်း KNU ဗဟို အမိန့်စာတွင်ဖော်ပြထားသည်။ ထို အမိန့်စာကို KNU ဗဟိုအလုပ်အမှု ဆောင်၁၁ဦးထံ ပေးပို့ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ပါ တက်ရောက်ပြီး အဆိုပါဆက်ဆံရေးရုံးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး KNU ဗဟိုမှ သိရှိခြင်းမရှိဘဲ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဦးဆောင်ဖွင့်လှစ်လိုက် ခြင်းဖြစ်သည်။

KNU နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ မကြာမီတွေ့ဆုံမှုပြုလုပ်ပြီးလည်း ယင်းဆက်ဆံရေးရုံးကို ဖွင့်လှစ်ရန် သဘောတူထားပြီးဖြစ်သည်။ ယခုကိစ္စများနှင့်ပတ်သက်၍ KNU ဗဟိုအထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ထံ အတည်ပြုချက်ရယူရန်မြန်မာသံတော်ဆင့်မှဆက်သွယ်မှုမရသေး၍ ဆက်သွယ်အတည်ပြု ချက်ရယူရန် ဆောင်ရွက်ဆဲဖြစ်သည်။

မြန်မာသံတော်ဆင့်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.