Saturday, October 13, 2012

0 ပြည်ထဲ ရေး ၀န်ကြီးဌာနမှဥပဒေ ဘက်တော်သား အမည်ခံထားသည့် ပြည်သူ့ရဲတပ်ဖွဲ့ များက ဘာကြောင့် ထို အရေး အလွန်ကြီးသည့် ဖြစ်စဉ်ကြီးများ ဖေါ်ထုတ် အရေးယူခြင်းကို မလုပ် ရဲ ပါသလဲ ?

ရခဲ့ဖူးသော လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးပြီး၊ ကိုယ်ကျိုးရှာ လာဘ်စား ခြစားကာ တိုင်းပြည်ကို ဆင်းရဲတွင်းထဲ ထိုးနှစ်ထားပြီး တိုင်းပြည်ဘဏ္ဍာကို ထင်သလို သုံးဖြုန်းခဲ့ သူများကို အရေးယူဖေါ်ထုတ်ရမည့် အလွန်အရေးကြီးသော ဖြစ်စဉ်များ၊

ဒီပဲရင်း လူသတ်မှုကြီးမျိုး၊ ငါးလောင်းပြိုင် လူသတ်မှုကြီးမျိုးကဲ့သို့ နိုင်ငံကျော်သော ရာဇ၀တ်မှုကြီးများ ၊

တိုင်းပြည် အတွက် အသက် တမျှ အလွန် အရေးကြီးသော မြေပေါ် မြေအောက် သယံဇာတများ ၊ နိုင်ငံတော် အဆင့်ဟု သတ်မှတ်ထားသော မဟာ စီမံကိန်းကြီးများကို နှစ် ရှည် ရောင်းချမည့် စာချုပ်ကြီးများဖြင့် ပြည်ပ နိုင်ငံများအား ပြည်သူ့သဘောတူညီချက်မပါဘဲ စစ်အာဏာရှင် ခေတ်က လူတစု ထင်သလို ရောင်းစားခဲ့ခြင်းမျိုးများ အား ပြည်သူ့ ဆန္ဒ နှင့် အညီ ပြန်လည် စစ်ဆေး ဖေါ်ထုတ် ပြင်ဆင် နိုင်ရေး အရေးကြီးသော အလုပ်များ၊ အခြား အခြားသော ဥပဒေ အတိုင်း တိတိ ကျကျ စုံစမ်းဖေါ်ထုတ် အရေးယူရန် အလွန့် အလွန်ကို အရေးကြီးသော နိုင်ငံနှင့် ချီသည့် တာဝန်ကြီးများ ရှိနေပါလျက်
မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိးတိုးတက်ရေး ကွန်ယက် အနေဖြင့် နယ်လှည့် အခမဲ့ ကွန်ပျူတာ သင်တန်းများ အတွက် ကွန်ပျူတာ အဟောင်း အပျက်များကို ဆက်လက် လက်ခံနေပါသည်။

အခမဲ့ ကွန်ပျူတာ သင်တန်းများကို သွားလာရ ခက်ခဲသော ဒေသကျေးရွာများတွင် ဆက်တိုက်ဖွင့်လှစ် သွားရန် ပြင်ဆင်ထားပါသည်။

လောလောဆယ် အားဖြင့် ငြိမ်းချမ်းနေ့က ငြိမ်းချမ်းရေး တေးသီချင်း ဆိုမိသော အပြစ်ကြောင့် တရားရုံးတင် တရားစွဲခံရပြီး မိမိ အတွက် ရော မျိုးဆက်သစ် လူငယ်များ အတွက် ပါ ပေးဆပ်အသုံးပြုနေသည့် အလွန်အင်မတန်မှ တန်ဖိုး မဖြတ်နိုင်သော အဖိုးတန် အချိန်များကို တရားရုံးများမှ တရားစွဲဆင့်ခေါ် အချိန်ဖြုန်းမည့် အလုပ်များ၊ အဆင့်ဆင့်သော ကြိုးနီစနစ်များဖြင့် ဟိုလူ့ ထိုင်စောင့် ဒီလူ့ ထိုင်စောင့်၊ ငွေကုန် လူပန်း ဘာမှ အကျိုးမရှိသော လုပ်ဆောင်ချက်များ တွင် ဖြုန်းတီးသလို တွေ့ကြုံရတော့မည်မို့ အလွန်ပင် စိတ် မသက်မသာ ဖြစ်မိပါသည်။

ပြည်သူ အတွက် အထောက် အကူမဖြစ်သေးသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်နေသေးသည့် မြန်မာနိုင်ငံ တရား စီရင်ရေး စနစ် ဟု ပွင့်ပွင့်လင်းလင်း ပင် သုံးသပ်မိပါသည်။

ရခဲ့ဖူးသော လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးပြီး၊ ကိုယ်ကျိုးရှာ လာဘ်စား ခြစားကာ တိုင်းပြည်ကို ဆင်းရဲတွင်းထဲ ထိုးနှစ်ထားပြီး တိုင်းပြည်ဘဏ္ဍာကို ထင်သလို သုံးဖြုန်းခဲ့ သူများကို အရေးယူဖေါ်ထုတ်ရမည့် အလွန်အရေးကြီးသော ဖြစ်စဉ်များ၊

ဒီပဲရင်း လူသတ်မှုကြီးမျိုး၊ ငါးလောင်းပြိုင် လူသတ်မှုကြီးမျိုးကဲ့သို့ နိုင်ငံကျော်သော ရာဇ၀တ်မှုကြီးများ ၊

တိုင်းပြည် အတွက် အသက် တမျှ အလွန် အရေးကြီးသော မြေပေါ် မြေအောက် သယံဇာတများ ၊ နိုင်ငံတော် အဆင့်ဟု သတ်မှတ်ထားသော မဟာ စီမံကိန်းကြီးများကို နှစ် ရှည် ရောင်းချမည့် စာချုပ်ကြီးများဖြင့် ပြည်ပ နိုင်ငံများအား ပြည်သူ့သဘောတူညီချက်မပါဘဲ စစ်အာဏာရှင် ခေတ်က လူတစု ထင်သလို ရောင်းစားခဲ့ခြင်းမျိုးများ အား ပြည်သူ့ ဆန္ဒ နှင့် အညီ ပြန်လည် စစ်ဆေး ဖေါ်ထုတ် ပြင်ဆင် နိုင်ရေး အရေးကြီးသော အလုပ်များ၊ အခြား အခြားသော ဥပဒေ အတိုင်း တိတိ ကျကျ စုံစမ်းဖေါ်ထုတ် အရေးယူရန် အလွန့် အလွန်ကို အရေးကြီးသော နိုင်ငံနှင့် ချီသည့် တာဝန်ကြီးများ ရှိနေပါလျက် ပြည်ထဲ ရေး ၀န်ကြီးဌာန နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ရန် ဥပဒေ ဘက်တော်သား အမည်ခံထားသည့် ပြည်သူ့ရဲတပ်ဖွဲ့ များက ဘာကြောင့် ထို အရေး အလွန်ကြီးသည့် ဖြစ်စဉ်ကြီးများ ဖေါ်ထုတ် အရေးယူခြင်းကို မလုပ်ကိုင်ပါသလဲ မလုပ် ရဲ ပါသလဲ ဟု မေးခွန်းထုတ်ရပေတော့မည်။ မိမိ တို့ အား ကမ္ဘာ့ငြိမ်းချမ်းရေး နေ့တွင် ငြိမ်းချမ်းရေး တောင်းဆိုခြင်း၊ ငြိမ်းချမ်းရေး တေးသီချင်းများ ကို ငြိမ်းချမ်းစွာ သီဆိုခြင်း အား ဥပဒေ ချိုးဖေါက်သည်ဟူသော စွပ်စွဲချက်ဖြင့် ရုံးတင် တရားစွဲဆိုသည့် တရားရုံး ဆိုသော ရုံး သို့ ရောက်သော အခါ မိမိတို့ တိုင်းပြည် အတွက် တရားစီရင်ရေး နှင့် ပတ်သက်သော အထက်ပါ မေးခွန်းများ လုပ်ဆောင်ချက်မျာကို ဘာကြောင့် မလုပ်ပဲ မိမိတို့ကို ယခုကဲ့သို့ တရားစွဲ ရန် ကြိုးစားပါသလဲ ဟု တန်ပြန်မေးခွန်းထုတ်ပါမည်။ တရား ရေး ဌာနမှ ၀န်ထမ်းများ၊ တရားစွဲ ဆိုရေး ဌာနမှ ၀န်ထမ်းများ ထဲတွင် မိမိတို့ နိုင်ငံသားများက သိလိုသော အထက်ပါမေးခွန်းများ နှင့် ပတ်သက်ပြီး မေးမြန်းခြင်းအတွက် အဘယ်ကြောင့် ဘယ်လို၊ ဘာဆက်လုပ်ရန် ပြင်ဆင်ထားပါသလဲ။ အခြားသော ခွင့်ပြုချက် မပါပဲ ခွင့်ပြုချက် မရရှိဘဲ လူစု လှည့်လည် စုဝေးကြွေးကြော်ခဲ့ဖူးသော ဖြစ်စဉ်များစွာ ရှိခဲ့သော်လည်း ဘာကြောင့် ယခု ဖြစ်စဉ် တခုတည်းကိုသာ ကွက်ပြီး အရေးယူ တရားစွဲရန် အားထုတ်ပါသလဲ။ တပြေးညီသော ဥပဒေ အကာအကွယ် အခွင့်အရေး မရှိပဲ အထက် ဌာန ဆိုသော အထက်က ညွှန်ကြားသည့် အတိုင်းသာ လိုက်ပါလုပ်ဆောင် နေရသေးသော တရားရေး မဏ္ဍိုင် နှင့် နိုင်ငံတော် သမ္မတကြီး ဦးဆောင်ပြီး နိုင်ငံသစ် တည်ဆောက်ရေး တရားဥပဒေ စိုးမိုး တည်ငြိမ်ရေး အလုပ်များအတွင်း ယခုကဲ့သို့ အဆီအငေါ် မတည့် ဖြစ်နေသော၊ တတန်းတစားတည်း မဖြစ်သေးသော တရားဥပဒေ ယိုယွင်းမှု ပြသနာများ အကြောင်းကို ကျနော် မေးသော အခါ တည်ကြည် ရဲရင့်သော မျက်ဝန်းဖြင့် မှန်ကန်ပြတ်သားစွာ ဖြေဆိုနိုင်မည့် တရားရေး အရာရှိများ ရှိပါစေ ဟု မျှော်လင့်မိပါသည်။

မိမိတို့ကဲ့သို့ တိုင်းပြည် အတွက် တတ်နိုင်သည့် နေရာမှ အကျိုးဖြစ်ထွန်းစေမည့် အလုပ်များကို ပြည်သူ လူထု အကူအညီဖြင့်သာ တာဝန်သိစိတ်ဖြင့် တရစပ် အလုပ်လုပ်နေသူ၊

ကိုယ်ကျင့် စာရိတ္တအရာ တွင် ကိုယ့်ကိုယ်ကိုယ် အာမခံ နိုင်သူ၊

နိုင်ငံဝန်ထမ်းကောင်း အတို့ အတွက် ကောင်းမွန်သော စံနမူနာများကို ကိုယ်ကျိုး မဖက်ပဲ ပေးဆပ်စွန့်လွှတ် ပြသ နေသူ၊

မတရားမှု မှန်သမျှကိုယ်ကျိုးရှာ သော မကျူးလွန်ဖူးသောသူ၊

နိုင်ငံ နှင့် လူမျိုး အတွက် ဘေးဖြစ်စေသော လုပ်ရပ် ဘာမှ မလုပ်ခဲ့ဖူးသောသူ

ငြိမ်းချမ်းရေး ဖျက်ဆီးနေသူများ၊ ရာဇ၀တ်မှု ကျူးလွှန်ခဲ့သူများကိုကျ ဖေါ်ထုတ် အရေးယူရန် မ၀ံ့ဘဲ ငြိမ်းချိမ်းကို ငြိမ်းချမ်းစွာ တောင်းဆိုသူ တို့ကို အရေးယူရန် အချိန်ကုန်ခံကြိုးစားခြင်းဖြင့် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အလွန်ကြီးမားသော ပေါ်ပေါက်လာနိုင်သည်ကို အုပ်ချုပ်ရေးနှင့် ပြည်ထဲရေး ဌာနမှ တာဝန်ရှိသူများ စဉ်းစားနိုင်ကြမည် ထင်ပါသည်။

တိုင်းပြည်နှင့် လူထုကို ခြိမ်းခြောက်နေဆဲ ရှိသော အမှုအခင်းကြီးများ အကြောင်းကို ဖွင့်ဟပြောဆိုခြင်း၊ စုံစမ်းဖေါ်ထုတ်ခြင်း အလျှင်း မရှိဘဲ ငြိမ်းချမ်းရေး တောင်းဆိုသော ငြိမ်းချမ်းစွာ လှုပ်ရှားမှုအား ရေးကြီးခွင်ကျယ် လုပ်ကာ ယခုကဲ့သို့ အမှုဖွင့် အရေးယူခြင်းဖြင့် မြန်မာနိုင်ငံ ဧ။် တရားရေး စီရင်ရေး စနစ် အခြေအနေ နှင့် ပြည်ထဲရေး ၀န်ကြီးဌာန ဆိုသည့် ဌာန ကြီးဧ။် ရည်မှန်းရပ်တည်ချက် အဆင့် အတန်း ၊ နိုင်ငံအတွက် အသုံးဝင်သည့် ဌာနကြီး တခုဖြစ်နိုင် မနိုင် ဆိုသည်ကို မှတ်ကျောက်တင်ပေးသည့် လုပ်ရပ်တခု သာ ဖြစ်လာပေလိမ့်မည် ဟု ထင်မြင် ယူဆမိပါသည်။

နေမျိုးဇင်

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.