Wednesday, October 19, 2011

0 ကိုမင်းကိုနိုင်ရဲ့(၄၉)နှစ်မြောက်မွေးနေ့ပွဲ(ရုပ်/သံ)များ


ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း.ကိုဇာဂနာရဲ့ကဗျာသီချင်း.မွေးနေ့ဆုတောင်းစကားများရုပ်/သံဖိုင် (၅)ခုကို တစုတပေါင်းတည်းဖော်ပြလိုက်ပါတယ်..

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို ရန်ကုန်မြို့ သမိုင်း မြို့မ ပရိယတ္တိစာသင်တိုက်မှာ ဒီကနေ့မနက် ၉ နာရီက ကျင်းပခဲ့ပါတယ်။ ဒီမွေးနေ့ ပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ နိုင်ငံရေး ခေါင်းဆောင်များနဲ့ မကြာခင်က လွတ်မြောက်လာတဲ့ ကိုဇာဂနာ၊မစုစုနွေး၊မထက်ထက်ဦးဝေ စတဲ့ ထင်ရှားတဲ့လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့ အစည်းများ၊လူပရိတ်သတ် ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။
Video....DVB Entertainment 2 , Burma VJ Media

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.