Sunday, October 16, 2011

0 အကျဉ်းထောင်တွင်းကျဆုံးခဲ့သောကျောင်းသားခေါင်းဆာင် ကိုသက်ဝင်းအောင်ကွယ်လွန်ခြင်း(၅)နှစ်ပြည့်အလှူဒါန ဓာတ်ပုံသတင်း(ရုပ်/သံ)


ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်းနဲ့ မန္တလေးထောင်ထဲမှ ငှက်ဖျားပိုး ခေါင်းထဲရောက်သွား လို့ ဆုံးပါးသွားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် ဘုန်းကြီးဆွမ်းကျွေး အလှုဒါနကို မိသားစုတွေနဲ့ လုပ်ဖော်ကိုင်ဖက်ရဲဘော်တွေ စုပေါင်းပြီး ရန်ကုန်မြို့ တာမွေလေး ရပ်ကွက်က ကောဝိဒရာမ ဘုန်းကြီးကျောင်းမှာ စုပေါင်း ပြုလုပ်ခဲ့ကြပါတယ်။
- ကိုသက်ဝင်းအောင်ဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပြုံးချိုရဲ့ ညီလည်း ဖြစ်ပါတယ်။

- မွေးချင်း ၆ ဦးအနက် အသက်အငယ်ဆုံးဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံကြီးတွင် န၀မတန်း ကျောင်းသား အဖြစ် အထက (၅) တာမွေကနေ ပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။
- ၁၉၈၈ ဇွန်လတွင် အခြေခံကျောင်းသားများသမဂ္ဂ (ရန်ကုန်တိုင်း) တွင် ပါဝင်ခဲ့ပါတယ်။ ၈လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ဒေသဆိုင်ရာကျောင်းသားသမဂ္ဂကို ဦးဆောင် ဖွဲ့စည်းခဲ့ပါတယ်။
- ၁၉၈၉ တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံကျောင်းသားများသမဂ္ဂ (ရန်ကုန်တိုင်း) မှာ ပါဝင်ခဲ့၊
- ၁၉၉၀ အောက်တိုဘာမှ ၁၉၉၁ ဧပြီလအထိ ပထမအကြိမ် ထိန်းသိမ်းခံရ၊
- ထောင်မှလွှတ်ပြီး အာဏာပိုင်များက ခေါ်ယူမေးမြန်းခြင်းနှင့် ၀ရမ်းထုတ်ခံခဲ့ရမူတို့ကြောင့် ထွက်ပြေး တိမ်းရှောင်နေခဲ့ရ၊
- ၁၉၉၆ ဒီဇင်ဘာလူပ်ရှားမူတွင် ပါဝင်ခဲ့၊
- ၁၉၉၈ တွင် ဦးဆောင်သူအဖြစ် အဖမ်းခံရ ထောင် ၅၂ နှစ် ကျခံခဲ့ရ၊
- ၁၉၉၉ တွင် မန္တလေးထောင်ကနေ ကလေးထောင်ပြောင်း၊
- ၂၀၀၁ မေလတွင် အစာအငတ်ခံတိုက်ပွဲဝင်သဖြင့် ခန္တီးထောင်ပြောင်းခံရ၊
- အဆိုပါကာလတွင် ထောင်ဒါဏ် (၆၁) နှစ် ကျခံခဲ့ရကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး တိုက်ပွဲဝင်သူများထဲတွင် ထောင်ဒါဏ်အရှည်ကြာဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့၊
- ၂၀၀၁-၂၀၀၁ တွင် ခန္တီးထောင်တွင် တိုက်ပိတ်ခံပြီး ငှက်ဖျားရောဂါပြင်းထန်စွာရခဲ့၊
- ရောဂါဝေဒနာ ပြင်းထန်လို့ မန္တလေးထောင်ပြောင်းရွှေ့
- မကြာခဏ သတိမေ့မျော၊ အကြိမ်ကြိမ်ဆေးသွင်းကုသရ၊
- ထောင်ဝင်စာကို မိသားစုမှ နောက်ဆုံးအကြိမ် ၂၇-၉-၂၀၀၆ တွင် တွေ့ခဲ့ရပြီး
- ၁၆-၁၀-၂၀၀၆ နံနက် ၇း၄၀ မိနစ်တွင် အာဏာပိုင်များက ကိုသက်ဝင်းအောင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း အကြောင်းကြားခဲ့၊



Photo and Video ။ ။ Burma VJ Media

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.