Saturday, October 22, 2011

0 မြစ်ဆုံရေကာတာစီမံကိန်းကိုအကြောင်းပြပြီး တရုတ်မှကချင်ပြည်နယ်မှရွှေ၊ အဖိုးတန်သစ်၊ ကျောက်၊ ရှားပါးပစ္စည်းများ အစစ်အဆေးမရှိသယ်ထုတ်နေ


မူရင်း...http://www.demowaiyan.co.cc/

လွန်ခဲ့တဲ့ ၁နှစ်ခွဲ ရောက်ရှိစဉ်ကတည်းက ညညဆိုရင် ထရပ်ကားစီးရေ ၂၀၀ကျော်လောက် အစစ်အဆေးမရှိပဲ တရုတ်ပြည်ကို သယ်ပို့နေတာပါတဲ့...။ သူတို့လမ်းဖောက် ပေးတယ်ဆိုတာ... အရှေ့က လမ်းဖောက်တဲ့ ယန္တယားတွေက ဖောက်သွားပြီး အနောက်က သစ်လုံးတွေကို သယ်တဲ့ကားက တခါတည်း သစ်တွေတင်သွားတာ...။ နောက်တချို့ လမ်းဘေးက သူတို့မှာမရှိတဲ့ သစ်ပင်၊ သစ်ကြီးတွေဆိုရင်... အပင်လိုက် အမြစ်ကတူး နှုတ်ယူသွားပြီး ယူနန်မှာ ပြန်စိုက်တာ တောအုပ်တောင် ဖြစ်...နေပြီလို့ ဆိုပါတယ်...။

ဘူမိဗေဒဘာသာရပ်နဲ့ ကျောင်းတက်ခဲ့ပြီး မိုးကုတ်သားဖြစ်တဲ့ ဆရာတော်ဟာ မြစ်ဆုံကကျောက်တွေကို ကိုင်ကြည့်တာနဲ့ မည်သို့သော ကျောက်ဖြစ်တယ်ဆိုတာ ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်...။ ယခုမြစ်ဆုံ စီမံကိန်းမှာ ရှိသမျှ သက်နု၊ သက်ရင့်ကျောက်အားလုံး စမ်းသပ်ဖို့ဆိုပြီး ထိုစဉ်ကတည်းက တောက်လျှောက် သယ်ထုတ်နေတာပါတဲ့...။ အဓိက တရုတ်တွေ မျက်စိကျနေတာကတော့ မေခနဲ့ မလိခမြစ်ဆုံရာ အလယ်တည့်တည့်မှာ ဝဲတခုရှိတယ်လို့ဆိုပါတယ်..။ အဆိုပါဝဲနေရာဟာ ဇကာနဲ့စစ်တောင် ရွှေရတဲ့ နေရာဖြစ်လို့ဆိုပါတယ်..။ ရွှေရဲ့သဘော သိပ်သည်းဆများပြီး လေးတဲ့အတွက် အဆိုပါ.. မြစ်ဆုံဝဲရဲ့ အောက်ပိုင်းကို တရုတ်က အင်မတန်မှ လေ့လာစူးစမ်းဖို့အတွက် ပြုလုပ်နေတယ်လို့ ဆိုပါတယ်...။

သဘောင်္တွေနဲ့ အဆိုပါဝဲအောက်ပိုင်းကို လေ့လာဆန်းစစ်မှု ပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်..။ ဟိုတလောက ဘီဘီစီ သတင်းမှာ လွှင့်ထုတ်သွားတဲ့ တရုတ်မြေသယ်ကားတွေကို KIOမှ စစ်ဆေးရာမှာ ကား(၃)စီးမှာ ရွှေတွေ သိမ်းဆည်းမိတဲ့ အကြောင်းကို အမှတ်တမဲ့ ကြားလိုက်မိပါတယ်..။

မြစ်ဆုံရေကာတာ မတည်ဆောက်ခင်မှာပဲ တရုတ်ဟာ ကချင်ပြည်နယ်မှ မြန်မာပြည်ရဲ့ အဖိုးတန်သစ်၊ ကျောက်၊ ရှားပါးပစ္စည်းတွေကို ညစဉ်ညစဉ် အစစ်အဆေးမရှိ သယ်ထုတ်ခွင့် ရနေတာနဲ့တင် အရင်းကြေနေပြီ ဖြစ်တဲ့အတွက် တို့တိုင်းပြည် မိအေးနှစ်ခါ နာနေရပြီလို့ ဆရာတော်မှ မချိတင်ကဲ ပြောဆိုသွားပါတယ်..

ိမူရင်း...http://www.demowaiyan.co.cc/

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.