Sunday, January 29, 2012

0 ဇေကမ္ဘာ ကန်သင်းတွေဖြိုလိုက်ပြန်ပြီ





by..Nay Wai

ကျွန်တော်တို့ ဟာ ဦးခင်ရွှေနဲ့ ဇေကမ္ဘာ ကုမ္ပဏီကို တိုက်ခိုက်နေကြတာမဟုတ်ဘူး ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရကိုလည်း တိုက်ခိုက်နေကြတာမဟုတ်ဘူး ။ အမှန်တကယ် လိမ်ညာလှည့်ဖြား - ရပ်ကွက် ဥက္ကဌအဟောင်း ဦးထွန်းနိုင် နဲ့ ဇေကမ္ဘာ ကုမ္ပဏီကပူးပေါင်းပြီး မြေယာမတရားရယူမှုကြောင့် နစ်နာသူ တောင်သူတွေအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ် ။ ဇေကမ္ဘာ ကုမ္ပဏီမဟုတ်ဘဲ ပေတရာကုမ္ပဏီဆိုလည်း ကျွန်တော်တို့ နစ်နာမှုအတွက် တိုက်ပွဲဝင်ရမယ် ။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရမဟုတ်ဘဲ - ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်နေရင်လည်း နစ်နာမှုအတွက် တိုက်ပွဲဝင် ရမှာဘဲ စစ်သားလူထွက် အစိုးရမဟုတ်ဘဲ ကျောင်းသား လူထွက် အစိုးရဖြစ်နေရင်လည်း ကျနော်တို့ လယ်သမားတွေ နစ်နာမှုအတွက် တိုက်ပွဲဝင်ရမယ် ။ နစ်နာသူတွေထဲမှာ ကျနော့်အမျိုးတွေမပါသလို - နောင်လာမဲ့ ရွေးကောက်ပွဲတွေအတွက် ကြိုတင်မဲဆွယ်နေတာလည်း မဟုတ်ဘူး ( အဲသလိုအထင်ခံရပြီး လှုပ်ရှားမှုရဲ့ တန်ဖိုး ကျမှာစိုးလို့ ကျနော်သစ္စာဆိုတယ် ။

နောင်အစဉ်အဆက် နေမျိုးဝေ မည်သည့်ရွေးကောက်ပွဲမှ မ၀င်ပါ ။ ဤစာကို အားလုံးမှတ်တမ်းတင်ပေးကြပါ ) ဒီနေ့ ( ၂၈ . ၁. ၂၀၁၂ ) ညနေ ၅း၃၀ ) မှာ ရွှေနံ့သာ အုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံခဲ့ပါတယ် စာနဲ့ ဗီဒီယို အခွေပေးခဲ့ပါတယ် ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနဲ့ တည်ဆဲ ၁၉၅၃ ခု နှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေကို မသိပါ ။ ၁၉၆၃ ခု နှစ် သီးစားချထားရေးဥပဒေပါ လုပ်ပိုင်ခွင့်ကို မသိပါ ။ သူ လုံးဝဆုံးဖြတ်ခွင့်မရှိကြောင်း ပြောပါတယ် -

ဒီနေ့ ည ၇ နာ၇ီခန့်မှာဘဲ ရွာသား ၃၀ လောက်နဲ့ ဇေကမ္ဘာ မန်နေဂျာ ဦးမြင့်ဇော်ကို သွားတွေ့ပါတယ် ။ ကန်သင်းတွေ မြေတူးစက်နဲ့ မထိုးဖို့ ညှိကြည့်ပါတယ် ( နေ့လည် ကတည်းက အခုထိ ဆက်တိုက် ဘူဒိုဇာနဲ့ထိုးနေပါတယ် ) ။ လုံးဝ အဆင်မပြေခဲ့ပါဘူး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ကန်သင်းတွေကို ထိုးနေတယ်လို့ဖြေပါတယ် ။ ကျနော်တို့ ကုမ္ပဏီနဲ့ ဥက္ကဌဟောင်း ကို တရားစွဲဖို့ ဆုံးဖြတ် လိုက်ပါပြီ ။

နေမျိုးဝေ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.