Wednesday, February 1, 2012

1 အနာဂတ်ခေါင်းဆောင်များအတွက် ရက်ပေါင်း (၄၀)

အနာဂတ်ခေါင်းဆောင်များအတွက် ရက်ပေါင်း (၄၀)

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူအတွက် လာရောက်ကုသိုလ်ဖြစ် လုပ်အားဒါန များပေးကြသော အသင်းသူ/သားများနှင့် ဝန်ထမ်းများထဲမှ မိမိတို့ စားဝတ်နေရေး၊ မိသားစုအရေးများကို ရုန်းကန်လှုပ်ရှားကြရသည့် အချိန်များထဲမှ မိမိတို့၏ ပညာရေးအား ဂုဏ်ထူးဘွဲ့ထူးများရရှိအောင် ကြိုးစား ကြသော အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာသလို စားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ မိဘကိုကူညီလုပ်ကိုင်ရင်း ကျောင်းတက်ကာပညာရေးအတွက် ရုန်းကန်နေရသော မျိုးဆက်သစ်များသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဝင်ရောက်ဖြေဆိုရန်အတွက် ရက်ပေါင်း (၄၀) ခန့်သာ လိုတော့သည်။

မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ မုဒိတာလမ်းရှိ “အမေ့မေတ္တာအိမ်” ပညာဒါနကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူ (၃၅) ဦးတို့မှာလည်း မိဘကိုကူညီရင်း ကျောင်းတက်ကာ စာကျက်နေရသောကြောင့် ပင်ပန်းနွမ်းနယ်နေကြကြောင်း “အမေ့မေတ္တာအိမ်” ပညာဒါနကျောင်းမှ ဆရာ/ မများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် စာမေးပွဲဖြေဆိုရန် ရက်ပေါင်း (၄၀) သာကျန်တော့သည့် ကျောင်းသား/သူများ၏ ပင်ပန်းနွမ်းနယ်မှုများကို ပပျောက်စေကာ ဦးနှောက်ရွှင်လန်း၊ ဉာဏ်ပညာထက်မြတ်အောင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့် မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် တွဲဖက်အတွင်းရေးမှူး ဦးစန်းအေး၊ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်ခင်သီတာ အောင်တို့မှ ၃၀.၁.၂၀၁၂ ရက်နေ့တွင် Ovaltine 400gm (၃၅)လုံး၊ Milo 285gm (၃၅) ဘူး၊ Enervon-C 30 tabs (၃၅)ဘူး၊ Mixagrip 4 tabs Card (၁၄၀) ကဒ်တို့ကို သွားရောက်လှူဒါန်းမှု ပြုခဲ့ကာ ကျောင်းသား/သူများအား အားပေးစကားများ ပြောကြားခဲ့ပြီး တိုင်းပြည်အတွက် အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ “အမေ့မေတ္တာအိမ်” ပညာဒါနကျောင်းမှ ပေါ်ထွက်လာမည်ဟု ယုံကြည်မိပါတော့သည်။

ကိုကျော်သူ

1 comment:

  1. အရမ်းဂုဏ်ယူပါတယ်ခင်ဗျာ။သာဓု သာဓု သာဓု ပါ ခင်ဗျာ

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.