Saturday, February 4, 2012

1 ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ အချိန်မရွေးပြင်နိုင်တယ် (ကြံ့ဖွံ့ဝန်ကြီး ဦးဌေးဦး ဖတ်ဖို့)








၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ပြောခဲ့တဲ့ ဦးဌေးဦးနဲ့ Rfaဆက်သွယ်မေးမြန်းချက်

“ ဒီမိုကရေစီ စနစ်” ဆိုတာ ဘာများအောင့်မေ့တယ်မသိဘူးဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အချိန်အကြာကြီး ပြင်ဆင်ရေးဆွဲထားတာမို့၊ ပြင်ဆင်စရာအကြောင်းမရှိသေးဘူး လို့ ပြောတဲ့သူ က ပြောလေရဲ့။ ပြောတဲ့သူက ပါတီကြီးရဲ့ တာဝန်ကြီးကြီးကို ယူထားတဲ့ အစိုး...ရအဖွဲ့က ၀န်ကြီး တပါးဆိုတော့ အံ့သြမိတယ်။

ဒီမိုကရေစီ ဗဟုသုတ ဒီလောက်ခေါင်းပါးတာ ဒီလို ဒီမိုကရေစီ စနစ်ကို ဘယ်လိုများမောင်နှင်၊ တည်ဆောက်သွားမလဲလို့။ ဒီမိုကရေစီ ဆိုတာ ပြည်သူလူထု သဘောဆန္ဒနဲ့ အုပ်ချုပ်ခြင်းဗျ။ အစိုးရမှာ အာဏာမရှိဘူး၊ ပြည်သူက ဆင်းဆိုဆင်း တက်ဆိုတက်၊ ပြည်သူ့မှာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိလေရဲ့။

ပြောရရေးရလွန်းလို့ လက်များတောင်ရှက်မိပါတယ်။ တရား ဆိုတာ နာပါများရင် လင်းနို့ငါးရာ အဟိတ်တိရစ္ဆာန်တောင် ကျွတ်တယ်။ ခင်ဗျားတို့ ငှက်ပျောတုံးလို တုံးလုံးပက်လက်။ ယိုသူမရှက်မြင်သူရှက်ရတယ်။ “ဒီတိုင်းပြည်နဲ့ ဒီတရားဥပဒေတွေဆိုတာ ဒီတိုင်းသူပြည်သားတွေရဲ့ မွေးရာပါကိုယ်ပိုင်ပစ္စည်းတွေ။” ဒီတရားဥပဒေကို ဒီတိုင်းသူပြည်သားတွေက မလိုလားမနှစ်ချိုက် မကြိုက်နှစ်သက်တော့ရင် အချိန်မရွေးပြုပြင်ပြောင်းလဲပြင်ဆင်၊ အသစ်ရေးဆွဲပိုင်ခွင့်ရှိတယ်။ ခင်ဗျားတို့ အစိုးရအပါအ၀င် ပြည်သူ့ကိုယ်စားလှယ်ဆိုတာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတာ။ ခင်ဗျားတို့ဖါသာ မဲခိုးလာလို့ပဲ ဖြစ်လာ၊ ဖြစ်လာ၊ ဒီဆန္ဒမဲတွေကြောင့် ရွေးကောက်တင်မြှောက်ခံထားရတာ ပါလို့ လူရှေသူရှေ့ ကမ္ဘာရှေ့အာဆီယံ ရှေ့လူလုံးထွက်ပြချင်ရင် မဲဆန္ဒရှင်ပြည်သူတွေကို လေးစားဖို့၊ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အလေးထားဖို့လိုပါတယ်။

ရှင်းရှင်းပြောမယ် ခင်ဗျားတို့ လွှတ်တော်ထဲမှာ အမတ်၇၅% ထက်မက၊ ၁၀၀% ပဲ ရှိနေနေ၊ ကျနော်တို့ ပြည်သူကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တဦးဦးက(ခု ရှိပြီးသားကပဲဖြစ်ဖြစ်) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးပါလို့တောင်းဆိုခဲ့ရင်၊ ခင်ဗျားတို့က ကန့်ကွက်မဲပေးကြတယ်ဆိုရင်၊ ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ အဲဒီမဲဆန္ဒနယ်က ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေပါကြောင်း၊ ပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ တသဘောထဲ မဟုတ်ပါကြောင်း ထားဝယ်လောင်းလုံပုဂံမန္တလေး အန်တီစု ခရီးစဉ်မှာ လမ်းလုံပြည့်ထွက်လာတဲ့ လူထုကြီးလို ထွက်ပြပြီးတော့ အဲဒီကိုယ်စားလှယ် ကို ဖြုတ်ချပစ်နိုင်တယ်ဗျ။

အဲဒါ ဒီမိုကရေစီ လို့ခေါ်တယ်။ ဒါမျိုးကို မလိုချင်ရင် ခင်ဗျားတို့ အာဏာရှင်အစိုးရ အနေနဲ့ နောက်ပြန်သွားနိုင် တယ်။ ပြည်သူဘက်ကတော့ ဒီအတိုင်းပဲ၊ အရင်ကလည်း မထောက်ခံဘူး၊ ခုလည်းမထောက်ခံဘူး။ ခင်ဗျားတို့ဖါသာ ဘယ်လိုပဲတက်လာ တက်လာ ဒီလိုပဲ “““ ဘယ်တုန်းကမှ မထောက်ခံခဲ့ဘူး””” ။

ခေါင်းဆောင်တွေ ညှိနှိုင်းပြီး ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ ရွေ့လျားပြောင်းလဲ ဖို့ ကျနော် တို့ မျှော်လင့် လိုလားပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ကိုဇာဂနာ့လေ ကလေးနဲ့ ပြောရရင်. . . ဒီမိုကရေစီ အစ်စ် ဒီမိုကရေစီ အာဏာရှင် အစ်စ် အာဏာရှင် ပါဗျ။ ရှေ့တိုးမလား နောက်ဆုတ်မလား ဦးဌေးဦးရေ. . . . .။ ။

ချိုတူးဇော်

1 comment:

  1. In Democracy, people can come out in streets asking government to hold general election in 6 months to let all released politicians to participate in the process: the Open Process and reform a new Hluttaw and a new government again.
    Dawei, Mandalay and Pathein people all can come out to Streets and asked.
    This is how a democratic and a representative set-up of government and then the sanctions can be lifted.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.