Tuesday, January 31, 2012

0 ဘာသာပြန် မြန်မာသတင်းများ (မောင်သစ်စိမ်း-mmcp)

အိန္ဒိယတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းမည်

source: Calcutta News
နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ဒီမိုကရေစီတိုက်ပွဲဝင်လာခဲ့သည်ကို အသိအမှတ်ပြုသည့်အနေဖြင့် အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိJamia Milia Islamia တက္ကသိုလ်က မကြာမီ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းမည်ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ တက္ကသိုလ်က အထူးအစည်းအဝေး ခေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ချီးမြှင့်ဖို့ ရှိပါတယ်။ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး ဘွဲ့အပ်နှင်းမယ့်အကြောင်း ပြောမယ်၊ တစ်ကယ်လို့ သူကလက်ခံနိုင် မယ်ဆိုရင်၊ ဒီကိုလည်း လာရောက်ဖို့ အချိန်ပေးနိုင်မယ်ဆိုရင် အထူးတွေ့ဆုံပွဲနဲ့ ဘွဲ့အပ်နှင်းဖို့ရှိပါတယ်"ဟု Vice Chancellor ဖြစ်သူ Najeeb Jungက တက္ကသိုလ်တွင် ပြုလုပ်နေသော "Myanmar: Bridging South and Southeast Asia" ခေါင်းစဉ်ဖြင့် ဟောပြောနေစဉ် ပြောဆိုခဲ့ကြောင်း သိရသည်။

UNအထူးကိုယ်စားလှယ် မြန်မာပြည်လာမည်
source: AFP

ကုလသမဂ္ဂမှ မြန်မာပြည်အတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ Tomas Ojea Quintanaက မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကို လေ့လာဆန်းစစ်ရန် အင်္ဂါနေ့တွင် မြန်မာပြည်သို့ လာမည်ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်ဟု သိရသည်။

"ကျွန်တော်တို့အနေနဲ့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်နေရပြီး နိုင်ငံ့သမိုင်းရဲ့ အရေးပါတဲ့ ဒီလိုအချိန်မှာ ကျွန်တော်လာရောက် ရခြင်းပါ။ ဒီအပြောင်းအလဲတွေကြားက လူအခွင့်အရေးတိုးတက်မှုတွေကို လေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်"ဟု သူကဆိုသည်။`၎င်းက အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေပြုအမတ်များနှင့် မြန်မာ့လူ့အခွင့်အရေး ကော်မရှင်တို့နှင့် တွေ့ဆုံရန်ရှိပြီး ဖေဖေါ်ဝါရီ ၅ ရက် နောက်ဆုံးနေ့တွင် ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ၎င်း၏ အစီရင်ခံစာကို ဖေဖေါ်ဝါရီ ၂၇ တွင်ပြုလုပ်မည့် ၁၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ၌ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

Michelle Yeohက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် ထပ်မံကြိုးစားမည်

source: The Telegraph
The Laday ဇာတ်ကား၏ အဓိကသရုပ်ဆောင် Michelle Yeoh က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် မြန်မာပြည်လာဖို့ ထပ်မံကြိုးစားနေကြောင်း သိရသည်။ မလေးရှားနိုင်ငံဖွားMichelle Yeohသည် လွန်ခဲ့သည့်နှစ် ဇွန်လက မြန်မာပြည်လာရန် ကြိုးစားရာ၌ လေဆိပ်တွင် အကြောင်းပြချက်မရှိပဲ အထိန်းသိမ်းခံခဲ့ပြီး မြန်မာပြည်မှ နှင်ထုတ်ခံခဲ့ရသည်ဟု သိရသည်။ "မြန်မာပြည်က အလွန်သာယာတဲ့ နိုင်ငံတစ်ခုပါ။ ဟိုးတစ်ခေါက်တုန်းက နေရာစုံအောင် မသွားခဲ့ရဘူး။ ဒီတစ်ခါတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး နေရာစုံအောင်သွားမယ်"ဟု သူကဆိုသည်။

(မောင်သစ်စိမ်း-MMCP)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.