Saturday, September 22, 2012

0 "ငြိမ်းချမ်းရေးအတွက်တောင်းဆိုခဲ့သူတွေကို၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေက နိင်ငံသားတွေကို ဘယ်လောက် ကာကွယ်ပေးမှာလဲ"

Photo..Eleven media group

နိင်ငံတော် အခြေခံမူမှာ နိင်ငံတော်၏ အချုပ်အခြာအာဏာသည် နိင်ငံသားများထံမှဆင်းသက်ပြီးနိင်ငံတော်တစ်ဝှမ်းလုံး၌တည်သည် လို့ပြထားပေမဲ့....

နိင်ငံသားများထံမှစီးဆင်းလာသော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ တစ်နိင်ငံလုံးစစ်ပွဲတွေရပ်ဖို့ ၊ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ မျက်ရည်တွေနဲ့ ဆာလောင်သူတွေအတွက် လူပီသတဲ့ တောင်းဆိုမှုတွေပြုလုပ်ရမယ်။ပြုလုပ်သင့်တယ်လို့ နိင်ငံသားတွေက ယုံကြည်တဲ့အတွက် မိမိတို့ရဲ့ ဆန္ဒတွေကိုအာဏာတည်ပြဌာန်းနိင်ဖို့ အာဏာပိုင်တွေကို အကြောင်းကြား တင်ပြခဲ့တယ်။ပယ်ချခဲ့တယ်။ မခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့။လမ်းပိတ်ဆို့တာ၊ယာဉ်ပိတ်ဆိုတာ၊မြို့နယ်များတာ၊စသည် စသည်....လက်ခံခြင်းနဲ့ ငြင်းပယ်ခြင်းအတွက် စည်းတစ်ခုပဲရှိသင့်တယ်။

လက်ရှိနိင်ငံနဲ့လူမျိုးအတွက်လိုအပ်မှုရှိမရှိဆိုတာပါပဲ။မြို့နယ်များတဲ့အတွက်၊ယာဉ်ပိတ်စို့မှာဆိုးတဲ့အတွက်တောင်စဉ်းစားနေတဲ့အာဏာပိုင်တွေဟာယာဉ်မသွားရဲတဲ့၊ကျောင်းသားတွေ ကျောင်းမတက်နိင်တဲ့၊အမေအိုတွေငိုကြွေးနေတဲ့၊မိန်းမပျိုတွေဘ၀မလုံခြုံတဲ့၊လုလင်ပျိုတွေ သွေးဆာစေတဲ့၊မြန်မာပြည်မြေပုံကို မြန်မာနိင်ငံသားခြင်းဖျက်ပစ်နေ ကြတဲ့ ဒီစစ်တွေကိုရပ်အောင်စစ်တွေရပ်ဖို့တောင်းဆိုနေသူတွေ ကို တားတာထက် ပိုတားမြစ်သင့်တယ်လို့ ဘာကြောင့် မမြင်နိင်ကြပါလိမ့်ဗျာ။

နိင်ငံတစ်ဝှမ်းလုံးမှာအာဏာတည်စေဖို့နိင်ငံသားတွေထံကနေယနေ့အချိန်မှာစီးဆင်းနေတာက ငြိမ်းချမ်းရေးတောင်ဆိုသံတွေပါပဲ....ပြည်တွင်းစစ်တွေ၊ခရိုနီတွေရဲ့ လယ်ယာမြေသိမ်းစစ်ပွဲတွေ၊အလုပ်သမားတွေရဲ့ အခွင့်အရေးစစ်ပွဲတွေ၊နိင်ငံသားတွေရဲ့ အခွင့်အရေး စစ်ပွဲတွေ၊စစ်တွေအားလုံးရပ်ပေးပါ။ပြည်သူလူထုဘ၀တွေ တစ်နိင်ငံလုံး ငြိမ်းချမ်းရေးကို လိုလားနေကြပါတယ်။ နိင်ငံရဲ့ လက်ရှိ လိုအပ်မှု အခြေအနေကို နိင်ငံသားတစ်ယောက်အနေနဲ့ ပူးပေါင်းဖော်ဆောင်ရမှာမို့ တားမြစ်စေကာမူ အာဏာတည်စေဖို့ နိင်ငံသားများထံမှာ စီးဆင်းစေခဲ့သည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်ခွင့်ဖြစ်သည်အတွက် နိင်ငံသားများနှင့်ဆန့်ကျင်သည့်ဥပဒေကို နိင်ငံသားများ ဖောက်ဖျက်ခဲ့ရပါသည်။

ယခုအခါ ငြိမ်းချမ်းရေးအတွက် လိုအပ်မှုအရ ဆောင်ရွက်မှုများတွင် ပါဝင်ဦးဆောင်သူများ လိုက်ပါသူများကိုပါ တရားစွဲ ဖမ်းဆီးသွားမည်ဟု ကြားသိနေရသဖြင့်......အချုပ်အခြာ အာဏာကို မဆိုထားဘိ....စီတန်းလှည့်လည်ခွင့်နဲ့ ငြိမ်းချမ်းစွာ လူသူစုဝေးခွင့်မှာတောင်...အာဏာဆိုတာ နိင်ငံသားများထံမှ နိင်ငံတော်ထံသက်ရောက်တာလား... နိင်ငံတော်မှနိင်ငံသားများထံသက်ရောက်တာလား...တွေးတောနေမိရသလို....ပြည်သူ့ဆန္ဒနဲ့မညီလို့တားမြစ်ချက်ကို ဖောက်ဖျတ်ပြီး ငြိမ်းချမ်းရေး ခရီးရှည်ကိုသွားသူတွေကို တရားစွဲ ဖမ်းဆီးမယ် ဆိုရင်တော့ တရားမျှတမှုမရှိတဲ့ဥပဒေတစ်ခု ကိုဖောက်ဖျတ်မိတဲ့ သူတွေအားဥပဒေတိုင်းကို ဖောက်ဖျတ်ဖို့စိန်ခေါ်လိုက်တယ်လို့မြင်ပြီး...ဒီလိုလုပ်ဆောင်ခြင်းဟာ...တရားဥပဒေစိုးမိုးရေးနဲ့ မြို့ရွာများတည်ငြိမ်အေးချမ်းရေးကိုအုပ်ချုပ်ရေးအာဏာပိုင်များမှထိပါးစေခြင်းဖြစ်ကြောင်း နှင့် ဖြစ်ပေါ်လာနိင်သည့်အကြောင်းအရာမှန်သမျှသည် အာဏာပိုင်များမှသာအဓိကတာဝန်ရှိကြောင်းသတိပေးရေးသားရင်း ငြိမ်းချမ်းရေးအတွက် ပြည်သူ့ဆန္ဒနှင့်အညီ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှလည်း ပူးပေါင်းပါဝင်ခဲ့ ပါဝင်လျှက် ပါဝင်အုန်းမှာ ဖြစ်ကြောင်းရေးသားသိစေအပ်ပါသည်။

လေးစားလျှက် ကိုဝေဠု _ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက် ကျောင်းသားလူငယ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.