Saturday, September 22, 2012

0 ဒီမိုကရေစီလမ်းစဉ်ကြောင့် ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေး ပျက်ပြားမည်မဟုတ်ဟု မြန်မာသမ္မတပြောကြား။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ကူးပြောင်းလာပြီး အမေရိကန်နိုင်ငံနှင့်မဟာမိတ်ဖြစ်လာခြင်းကို တရုပ်အစိုးရ၏ ပူပင်သောကရောက်နေခြင်းအပေါ် မြန်မာ့သမ္မတဦးသိန်းစိန်မှ တရုပ်ဒုသမ္မတ Xi Jinping အားဒီမိုကရေစီလမ်းစဉ်ပြောင်းလဲမှုကြောင့်အစဉ်အလာခိုင်မြဲသော ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးပျက်ပြားမည်မဟုတ်ကြောင်းကို စိတ်ထက်သန်စွာပြောကြားလိုက်ကြောင်း ရိုက်တာသတင်းဌာနက ယနေ့ရေးသားလိုက်သည်။

မြန်မာဒီမိုကရေစီပြုပြင်ပြောင်းရေးအပေါ် ဝါရှင်တန်အစိုးက စိတ်ဝင်တစားကူညီချဉ်းကပ်လာခြင်းအပေါ် တရုပ်အစိုးရလွှမ်းမိုးမှုလျော့ကြလာမည်ကိုစိုးရိမ်ပြီးအမေရိကန်စတိုင်ဒီမိုကရေစီအစိတ်အပိုင်းတခုအဖြစ်ပြောင်းလဲသွားမည်ကိုလိုလားခြင်းမရှိကြောင်းနှင့် အမေရိကန်၏ စစ်ရေးပါဝါ ကိုအာရှတွင်ပြန်လည်ထောင်ထူလာမည်ကို မလိုလားကြောင်း တရုပ်အစိုးရမှ နိုင်ငံပိုင်မီဒီယာတွင်တရားဝင်ပြောကြားလိုက်သည်။

တရုပ်ပြည်တောင်ပိုင်းကုန်သည်ပြပွဲတက်ရောက်နေသော မြန်မာသမ္မတဦးသိန်းစိန်မှ" မြန်မာမာနိုင်ငံအနေနှင့် တရုပ်အစိုးရနှင့် ရင်းနှီးစွာဆက်ဆံမှုပြောင်းလဲမည်မဟုတ်ကြောင်း၊မိမိတို့ခက်ခဲကြမ်းတမ်းအထီးကျန်စဉ်က တရုပ်အစိုးရရဲ့ရပ်တည်ထောက်ခံကူညီပေးခဲ့မှုဟာချစ်ကြည်မှုအတွက်အရေးပါသလို မြန်မာအစိုးရအနေနဲ့ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးပိုမိုတိုးတက်ခိုင်မာလက်တွဲသွားရန်ကြီးမားသောအလေးဂရုထားကြောင်းနှင့်တရုပ်အစိုးရဟာမိမိတို့အတွက် စစ်မှန်သောမိတ်ဆွေဖြစ်ကြောင်း" ဘေဂျင်းအစိုးရအား သောကြာနေ့ကပြောကြားခဲ့သည်။

Photo - Reuters
aung pan

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.