Friday, September 21, 2012

0 ရခိုင်ဒေသ လူထုအစည်းအဝေး ကျင်းပနိုင်ရန် ကန့် သတ်မှုများ ရှိနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ တွင် ၂၀၁၂-ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့ မှ(၂၆) ရက်နေ့ ထိ ရခိုင်ဒေသလူထုအစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။ သို့သော်လည်း အာဏာပိုင်များမှ ကန့် သတ်မှု များ ရှိနေသည်။အကြောင်းစုံမှာ ရခိုင်ဒေသလူထုအစည်းအဝေးကျင်းပရေးကော်မတီသည် အခမ်းအနားကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့ နယ်ရဲတပ်ဖွဲ့ သို့ ခွင့်ပြုချက်ရရန် တင်ပြထားပြီးဖြစ်သည်။ သို့ သော်လည်း ယနေ့  (၂၀--၉-၂၀၁၂)နေ့  နံနက် (၈)နာရီတွင် အစည်းအဝေးကော်မတီမှ တာဝန်ရှိသူများကိုခွင့်ပြုချက် Permit နှင့် စပ်လျဉ်း၍ ဆွေးနွေးရန်ရှိပါသောကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ မှူးတို့ မှ တွေ့ ဆုံရန် ခေါ်သော ကြောင့် သွားရောက်တွေ့ ဆုံခဲ့ကြသည်။

သို့ ရာတွင် အာဏာပိုင်တို့ မှ ကန်သတ်မှုရှိသည်မှာ တစ်ရက်သာခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ထိုသို့ ခွင့်ပြုရာတွင်လည်း လူအင်းအား (၂၀၀)နှင့် ဟောပြောမည့်သူ (၁၀)ဦးသာခွင့်ပြုမည်ဖြစ်ကြောင်း ဆိုလာသည်။ ရခိုင်ဒေသလူထုအစည်းအဝေးကျင်းပရေးကော်မတီက မူလတင်ပြတောင်းဆိုထားသည်မှာအစည်းအဝေးက နှစ်ရက်၊ လူအင်အားက (၆၃၀)ဦးနှင့် ဟောပြောမည့်သူက(၂၈)ဦဲးဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကော်မတီအဖွဲ့ ဝင်(၃၁)ဦးတို့ အစည်းအဝေးကော်မတီရုံးတွင် ဆက်လက်ဆွေးနွေးကြရာ အထက် အာဏာပိုင်တို့ ခွင့်ပြုသည့်အတိုင်း တစ်ရက်၊ လူအင်အား (၂၀၀)နှင့် ဟောပြောမည့်သူ (၁၀)ဦးအတိုင်း ရခိုင်ဒေသလူထု အစည်းအဝေးကို ကျင်းပနိုင်ရန်သဘောတူခဲ့ကြသည်။ ယင်းနောက် ကော်မတီမှ တာဝန်ရှိသူများသည် မြို့ နယ်အာဏာပိုင်များထံ ဆက်လက်တင်ပြကြရာ မူလသတ်မှတ်ထားသည့် အချိန်အတိုင်း နံနက် (၈)နာရီမှ ညနေ (၅)နာရီထိ သတ်မှတ်ထားသည်ကို နံနက် (၈)နာရီမှ နေ့ လည်(၁)နာရီထိ နေ့ တစ်ဝက်သာ ခွင့်ပြုမည် ဖြစ် ကြောင်းဆိုပြန်သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်ဒေသလူထုအစည်းအဝေးကျင်းပရေးကော်မတီတွင် မည်ကဲ့သို့  လုပ်ဆောင်ရမည်ကို ဆက်လက်ဆွေးနွေးလျှက် ရှိသည်။အစည်းအဝေးကျင်းပနိုင်ရန် မြို့ နယ်အဆင့်နှင့် အဆင်မပြေလျှင်ခရိုင်အဆင့်ထိ သွားရောက်ပြီး တင်ပြတောင်းဆိုသွားမည်ဖြစ်သည်။

ရခိုင်ဒေသလူထုအစည်းအဝေးကျင်းပရေးကော်မတီသည်မူလကဆုံးဖြတ်တင်ပြထားသည့်အတိုင်း အစည်း အဝေးကို နှစ်ရက်ကျင်းပနိုင်ရန်ဆန္ဒရှိကြသည်။ ရခိုင်ပြည်နယ် တစ်ခုလုံးမှ ကိုယ်စားလှယ်များ လာရောက်ကြ မည်ဖြစ်သောကြောင်း အစည်းအဝေးကို ခမ်းခမ်းနားနားကျင်းပနိုင်ရန်စီစဉ်နေကြသည့်ကြားထဲ ဤကဲ့သို့  အာ ဏာပိုင်များ၏ ကန့် သတ်မှုများရှိနေခြင်းကို စိတ်ပျက်နေကြသည်။ ၄င်းပြင် ရခိုင်ဒေသလူထုအစည်းအဝေးကျင်းပရေးကော်မတီသည် ယနေ့  နံနက်(၈)နာရီတွင် ရခိုင်ဒေသလူထု အစည်းအဝေး ကျင်းပနိုင်ရေးပိုစတာဗီနိုင်းဆိုင်းဘိုးစိုက်ထူမည်ဖြစ်သော်လည်း ကော်မတီမှတာဝန်ရှိသူများကိုမြို့ နယ်အာဏာပိုင်များနှင့် တွေ့ ဆုံနေချိန်နှင့်တိုက်ဆိုင်နေသောကြောင့် စောင့်ဆိုင်းနေခဲ့ကြရာ နံနက် (၁၁) နာရီအချိန်ကျမှအဆိုပါဆိုင်းဘိုး စိုက်ထူခဲ့ရသည်။ ယင်းသို့  စိုက်ထူရာတွင်လည်း၂၀၁၂-ခုနှစ် စက်တင် ဘာလ (၂၅) ရက်မှ (၂၆)နေ့ ထိဟု ဖေါ်ပြထားသော်လည်းခွင့်ပြုချက်က တစ်ရက်သာရရှိသောကြောင့် (၂၅) ရက်နေ့ မှ … …. ထိ နေရာကိုစတေကာနှင့် ပယ်ဖျက်ထားရသည်။ အဆိုပါ ရခိုင်ဒေသလူထုအစည်းအဝေးကို အစက မြို့ နယ်အာဏာပိုင်တို့ ကခွင့်ပြုချက်မလိုဘဲ ဤအတိုင်း ကျင်းပ၍ရကြောင်း ၊ (၁၁-၉-၂၀၁၂)နေ့ ကခွင့်ပြုစာတင်ခဲ့သော်လည်း တင်စရာမလိုကြောင်းပြောဆိုခဲ့သည်။ သို့နောက်ပိုင်း အာဏာပိုင်တို့ က ခွင့်ပြုနိုင်ရန်တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း (၁၇-၉-၂၀၁၂) နေ့ က ဆိုလာပြန်သည်။ယခုကဲ့သို့ ဖြစ်ပျက်နေသည်အတွက် တစ်နေ့ တစ်မျိုးပြောင်းလဲနေခြင်းကြောင်းရခိုင်ဒေသ လူထု အစည်းအဝေးကျင်းပရေးကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရ သည်။ ဤကဲ့သို့ ကျင်းပနိုင်ရန်အတွက် ရခိုင်ဒေသလူထုအစည်းအဝေးကျင်းပရေးကော်မတီသည်လာရောက်ဟော ပြောမည့်သူများကိုလည်း ဖိတ်ကြားထားးပြီးဖြစ်သည့်အပြင်အခြားငွေကုန်ကျမည့်ကဏ္ဍများအတွက်လည်းအားလုံး ပြင်ဆင်ထားပြီးဖြစ်သည်။ရခိုင်ဒေသလူထုအစည်းအဝေးကျင်းပရေးကော်မတီသည် ရခိုင်ပြည်နယ်(၁၇)မြိုနယ်အပြင်ချင်းပြည်နယ်ပလက်ဝမြို့ နယ်မှရခိုင်ကိုယ်စားလှယ်များလည်း လာရောက်ကြ မည် ဖြစ်သည်။ ယခုကဲ သို့  ရခိုင်ဒေသလူထုအစည်းအ၀းကျင်းပရခြင်းရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုစေပြီး နိုင်ငံတော်အစိုးရ၏ တရားဥပေးစိုးမိုးရေးဘောင်အတွင်းမှ ဆောင်ရွက်ကြခြင်းသာ ဖြစ်ကြောင်း သိရသည် ။

 ခိုင်အောင်ကျော် ( နယူးယောက် )

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.