Wednesday, September 19, 2012

0 “မိအေး နှင့် ဂဏန်းတစ်ထောင်”

လူဆိုတာပီယ၀ါစာချစ်ဖွယ်သောစကားများကိုသာ ပြောချင်တာပေါ့။ နှလုံးသွင်းတဲ့ အခါမှာလည်းယောနိသောမနသီကာရ သင့်တင့်လျှောက်ပတ်သော အကြောင်းအရာကလေးများကိုသာ တွေးချင်မှာပေါ့။ အလကားနေရင်း ကျက်သရေမရှိတဲ့ အရှုတ်ထုပ် အစုတ်ထုပ်တွေကို ဘယ်သူကမှ ပြန်ကာလှန်ကာ စစ်ဆေးဝေဖန် စားမြုံ့ပြန်ချင်လိမ့်မယ် မထင်ပါဘူး။ ဒါပေမယ့်လည်း မိအေးအော်တာ လူကြားတယ် ဂဏန်းညှပ်တာ လူမမြင်ဘူး ဆိုတဲ့အဆင့်ကို တော်တော်ကြီး ကျော်လွန်သွားပြီမို့ မိအေးခမျာ အသံတောင် မထွက်နိုင်တော့ပဲ ဂဏန်းကောင်တွေပြုသမျှ နုနေရတဲ့အထဲ ငါးဖယ်ကပြောင်းပြန် ဂဏန်းတွေ အော်သံပေးလို့ ဘယ်များနာသွားသေးလဲဆို ပြေးပြေးထူနေကြတာတော့ အသည်းနာလွန်းလွန်းလို့ ပြောရပြန်ပါဦးမယ်။

စိတ်ရင်းအတိုင်းကတော့ စိတ်ကုန်လွန်းလွန်းလို့ ဘာတစ်ခွန်းမှကို မပြောချင်တော့ပါဘူး။ ဒါပေမယ့် စုံစမ်းစစ်ဆေးနေကြတဲ့သူတွေ တာဝန်ရှိတဲ့သူတွေ သိစေခြင်းငှာ ကိုယ်တွေ့သိမြင်နေရတဲ့ အဖြစ်အပျက်တွေကို ရေငုံနှုတ်ပိတ်ပြီးနေခဲ့ရင် သမိုင်းတာဝန်မကျေပွန်မှာစိုးလို့ အဖြစ်အပျက် အတွေးအမြင်ကိုသာ တင်ပြပါ့မယ်။ သုံးသပ်ဝေဖန်သမှုကိုတော့ မိမိစိတ်တိုင်းကျ ပြုကြပါတော့။ ဒီလိုအင်ထရိုနဲ့ဆိုရင်တော့ နှက်တာတော့ နှက်တော့မှာ။ ဘယ်သူ့ကိုနှက်မယ် ဆိုတာသာ မသိတာ လို့ သို့လောသို့လော တွေးတော စိုးရိမ်ခြင်း မရှိရလေအောင် တည့်တည့်ပဲ အစချီပါတော့မယ်။ ရခိုင်ပြည်နယ်အတွင်းသို့ တရားမ၀င် ၀င်ရောက်နေထိုင်သူများ အကြောင်းကို ပြောမှာပါ။

မေလပိုင်းလောက်မှာ မငြိမ်မသက်မှုတွေ အစပျိုးကတည်းက အိမ်ကမိသားစုရော၊ ရပ်ဝေးရပ်နီးက မိတ်သင်္ဂဟအပေါင်းတို့ကပါ ကိုယ့်အတွက် စိတ်ပူပန်စိုးရိမ်လို့ မေးမြန်းစုံစမ်းကြသူတွေအားလုံးကို “ဘာမှ စိုးရိမ်စရာ မရှိဘူး။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ လုံခြုံမှု အရှိဆုံးနေရာကို ပြပါဆိုရင် အမ်းကလွဲလို့ နောက်တစ်နေရာ ပြစရာလား။” လို့ ဖြေခဲ့ပါတယ်။ ဘာဖြစ်လို့ဆိုတော့ အမ်းဆိုတာ ဟိုဒင်းကင်းစင် ရခိုင်တခွင် လို့ ဗီနိုင်းပိုစတာထောင်လို့ ရလောက်တယ်ဗျ။ နောက်တစ်ချက်ကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီး ရုံးစိုက်တဲ့မြို့ဆိုတော့ “ဤမြို့သည် တပ်မတော်၏ မေတ္တာရိပ်အောက်တွင် ရှိပါသောကြောင့် ရောက်လာသူအားလုံး လုံခြုံချမ်းသာကြပါစေ။” လို့ ပလပ်စတစ်လောင်း စာရွက်ကလေးတွေလည်း ကပ်လို့ရတာပေါ့။ အဲသလောက်ကို အဲသလောက်တဲ့ကြားကပဲ ကိုဟိုဒင်းတွေက လူမရောက်မြင့်မိုရ်တောင်ဆိုသလို အလည်ရောက်ရောက်လာကြတာ အစပိုင်းမှာတော့ မအံသြမိပါဘူး။

ရိုးမတောင်ပေါ်မှာ မှတ်ပုံတင်မဲ့ ဘင်္ဂါလီကောင်လေးတွေ တွေ့လို့ရှိရင် လ၀က က လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့အရေးယူပြီး ရဲစခန်းမှာ အမှုဖွင့်ရတာပေါ့။ ဒါပေမယ့် ဟိုအကောင်လေးတွေက သူတို့ထက်လည်လို့ ဟိုဒင်းဖြစ်နေတာဆိုတော့ လူကသာ ဇလုပ်တစ်ထွာမကတာ အသက်မေးကြည့် ဘယ်သူမှ ဆယ့်ခြောက်နှစ်တစ်ရက်လျော့က မတက်ဘူး။ အသက်မပြည့်သေးတဲ့သူတွေဆို အမှုဖွင့်မရပဲ အစိုးရစားရိတ်နဲ့ အိမ်ကို ချောချောမောမော ပြန်ပို့ရမှန်းသိလို့ ပွဲစားက သေသေချာချာ သွန်သင်ပေးထားတာ။ ရဲနဲ့တွေ့ရင် ဘယ်လိုဆက်ဆံ၊ လ၀က ကို ဘယ်လို အချိုသပ်၊ ဆရာဝန်နဲ့ဆေးစစ်ရင် ဘာတွေဖြေ၊ အကုန် ဇာတ်တိုက်ထားပြီးသား။ ဒီလိုနဲ့ မခေါ်ပဲရောက်လာတဲ့ ဧည့်သည်လေးတွေကို အသက်ပြည့်မပြည့် ဆေးစစ်ပေးရတဲ့အခါ သူတို့တတွေနဲ့ စကားစမြည် အင်တာဗျူးဖြစ်တာပေါ့ဗျာ။

သူတို့အလိုဆိုရင်တော့ ကျုပ်တို့မြန်မာတွေက ဘာတွေကို စိုးရိမ်နေမှန်းမသိပါဘူး။ သူတို့လည်း ၀င်ချင်လွန်းလို့ ၀င်လာတာ မမှတ်နဲ့။ မြန်မာပြည်ဆိုတာ သူတို့အတွက် ဖြတ်သာသွားမယ် မနားတယ်ပဲ။ သူတို့သွားမှာက မလေးကို တဲ့။ ဟိုရောက်ရင် အလုပ်ပေးမယ့်သူနဲ့ ချိတ်ပြီးသား။ လောလောဆယ် တောင်ပေါ်လမ်းကနေ ရိုးမကျော်ရုံကလေးပဲ ခြေကျင်ခရီးရှိတာ။ နေ့ဘက်မှာ ပုန်းအိပ်ပြီး ညမှောင်မှ ခရီးဆက်ကြသတဲ့။ ဟိုဘက်ရောက်ရင်တော့ နွေလွင်ပြင်ကို ဖြတ်ကျော်လာသူ အပ္ပနားလေး ပလီထဲကြွပါ ဆို တည်းခိုနေထိုင်စားသောက်ဖို့ အသင့်တဲ့။ အဲသည်ကမှ ရန်ကုန်ကိုရောက်အောင်သွား၊ ရန်ကုန်မှာလည်း အလုပ်ပေး နေစရာပေးထားမယ့်သူရှိတယ်။ မပုတင်ရှိရှိ မရှိရှိ၊ ရန်ကုန်ရောက်ရင် စာအုပ်ကလည်း လုပ်လို့ရသတဲ့။ အတုလား အစစ်လားတောင် မမေးဝံ့ဘူး။ ကိုယ့်ဆီကလူတွေ ထိုင်းနယ်စပ်ကနေ သူတို့ဘက်ဝင်ကြသလို နေမှာပေါ့။ အစကတည်းက လူတောင် တရားမ၀င်ပါဘူးဆိုမှ ဘာတွေကို တရားဝင်လုပ်နေစရာ လိုဦးမှာလဲ။ အလကားသက်သက်မဲ့ အပျော်သဘောမျိုး စွန့်စားခန်း ခရီးထွက်တဲ့သူတော့ ဘယ်သူမှ မပါဘူးဗျ။ အိမ်ကထွက်ကတည်းက တထောက်နား စခန်းထိအရောက် သူ့ပေါက်ဈေးနဲ့သူရှိတယ်။ လူရောက်သွားမှ အိမ်ဖုန်းဆက်ပြီး အရစ်ကျပေးရသတဲ့။ မနေ့ညက မင်းပြားမြို့နယ်က လာတဲ့ကောင်လေးကို သေသေချာချာ မေးကြည့်တာ။ မင်းပြားကနေ အမ်းကိုကျော်အောင်သွားဖို့ ငါးသောင်းအရင်ပေးခဲ့ပြီးသားတဲ့။ သူရို့ဘာဘာ က ဆက်သွယ်ပေးတာ။ ရန်ကုန်မှာ ခန အလုပ်လုပ်၊ စာအုပ်ရရင် မလေးသွား၊ အိမ်ကလည်း အရစ်ကျ ပိုက်ဆံပေး၊ သူကလည်း ဟိုရောက်တာနဲ့ ငွေပြန်ပို့ရမှာတဲ့။ အဲဒါ လူကုန်ကူးတဲ့အမှု မဟုတ်လို့ ဘယ်လိုများ ခေါင်းစဉ်တပ်ရပါ့မလဲနော်။ တစ်ခုတော့ရှိတာပေါ့လေ။ အတင်းအကြပ် ခေါ်ဆောင်လာတာတော့ မဟုတ်ဘူးပေါ့။ ဖြားယောင်းသွေးဆောင်ထားတာ လို့ပဲ ပြောလို့ရမယ်။ တကယ်တော့ သူတို့ခမျာ မိလို့သာ အမှုဖြစ်ရတာပါ။ မမိလိုက်ပဲ ဟိုရောက်သွားလို့ ချောချောမောမော အလုပ်လုပ်နေတဲ့သူတွေ တောင်ပုံရာပုံ။ ကျောက်ဖြူအင်တာနက်ဆိုင်မှာ တစ်ရာဖိုး နှစ်ရာဖိုး ဗီဇက်အို နဲ့ လာလာငိုနေတဲ့ အမီနာတွေ ညတိုင်းရှိတယ်။ ဒါလည်း ငိုရလှ လေးငါးခြောက်လပဲ။ အဲသည်နောက်ပိုင်းဆို ဟိုကအကောင်က ဟိုမှာ မိန်းမအသစ်ရသွားပြီး မပို့တော့လို့ လာမငိုပြနိုင်တော့ဘူးတဲ့။ ဒါဆိုလည်း ဘာအရေးလည်းကွယ်။ သည်က အကောင်မကလည်း ရေလျှံတဲ့တစ်ယောက်ယောက်အိမ်မှာ နံပါတ်စဉ်ဝင်စီလိုက်ရုံပေါ့။ ဘာဖြစ်သေးတုန်း။ သူတို့လည်း သူတို့နည်းသူတို့ဟန်နဲ့ အမျိုးကိုစောင့်ရှောက်ကြတာပေါ့။

သည်အကြောင်းတွေ ပြောမလို့လား။ အောင်မယ်မင်း။ ဘာများလဲလို့။ အဲဒါ ထူးခြားဖြစ်စဉ်မှ မဟုတ်တာ။ မောင်ရင်လေးသာ မနေ့တနေ့ကမှ သည်ရောက်လို့ ထူးထွေသည့်အံ့ရာဖြစ်တာ။ လူတိုင်းသိပြီးသားပါကွဲ့။ ဟုတ်ပါပြီလေ။ အဲသည်လူတိုင်းသိပြီးသားဖြစ်စဉ်ကို လက်ရှိအချိန်အခါနဲ့ တဆိတ်လောက် ပြန်ညှိပေးပါ။ မနေ့က နောက်တစ်ခါ လာပြန်ချည့်သေးမှာ နှစ်ဒါဇင်မိသွားပါတယ်။ လွတ်သွားတဲ့သူတွေလည်း ရှိသတဲ့။ ရခိုင်မှာ ဘာတွေဖြစ်နေသလဲ မသိလို့လား။ သည်လူတွေကို အမ်းတောင်ကြား၊ တောင်ကုတ်တောင်ကြားကို အုပ်စုလိုက် လွှတ်လိုက်လို့ မလိုလားအပ်သော ပြဿနာတွေ ဖြစ်လာမှာကို မတွေးမိဘူးလား။ ပိုဆိုးတာက လက်ချည့်လွှတ်လိုက်တာတောင် မဟုတ်ဘူး။ ရန်ပြုလာရင် ခုခံကာကွယ်ရအောင်ဆိုပြီး တုတ်ဓါးလက်နက်ပါ ဆောင်သွားခိုင်းလိုက်တာ။ ရဲက ဖမ်းတာတောင် သူတို့က အင်အားများတယ်ဆို ပြန်ခုခံထိုးသတ် ထွက်ပြေးကြတာ။ အဖော်မပါတဲ့ မိန်းမပျိုကလေး တစ်ယောက်ယောက်နဲ့ လက်နက်ကိုင် ကုလားနှစ်ဒါဇင်တွေ့ရင် ဘာတွေဖြစ်ကုန်မလဲ မတွေးမိလို့လား။ မအေးနိုင်တဲ့ပြဿနာမို့လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး မငြိမ်းငြိမ်းအောင် သတ်နေတဲ့မီးကို ဘယ်သူတွေက ဆီလောင်းယပ်ခတ် လုပ်နေကြတာလဲဆိုတာ ကိုယ်တွေလည်း သိသင့်တယ်။ ကမ္ဘာကလည်း သိသင့်တယ် ထင်လို့ တော်တော် အော့နှလုံးနာနေတဲ့သူတွေအကြောင်းကို စက်ဆုပ်ရွံရှာစွာနဲ့ပဲ ထပ်ရေးရပြန်ပါတယ်။

တကယ်တော့ ကိုယ့်ဘက်ကလူတွေမှာ လူသားချင်းစာနာတဲ့စိတ် ရှိမရှိဆိုတာ မိထားတဲ့သူတွေသာ လာမေးလှည့်ပါ။ ရဲတွေကို ခံသတ်လို့ရတဲ့ဒဏ်ရာကို ရဲတွေကပဲ ကြီးကြပ်လို့ ဆေးရုံမှာ ဆေးလာကုပေးရတယ်။ စခန်းမှာ လူနှစ်ဒါဇင်စာ ထမင်းချက်ကျွေးရတယ်။ ကိုယ်လည်းပဲ မေတ္တာတုံးနေတဲ့ ရခိုင်အမှုထမ်းလေးတွေကို “လုပ်ပေးရတာပေါ့ကွယ်။ ငါးခူလည်းငါး၊ ကုလားလည်းလူ၊ အတူတူပေါ့။” လို့ ချော့ကာမော့ကာ ပြုစုကုသပေးရတယ်။ မောင်မင်းကြီးသားများ ပျောက်ကင်းကျန်းမာပါစေကြောင်း ဆေးဝါးများလည်း ယူပါဦး သောက်ပါဦး ပေးရတယ်။ တကယ်တော့ ကျုပ်တို့က လူလူချင်းစာနာပါတယ်။ ခင်ဗျားတို့ ကုလားတွေကသာ ကုလားကုလားချင်း မစာနာတာပါ လို့ ပြောရမယ်ဗျ။ (ပွဲစားလုပ်တဲ့သူက ပလီဆရာလို့ ပြောပါတယ်)။ သူတို့လူပွဲစားအလုပ်ကို အခြေအနေကလေး တည်ငြိမ်တဲ့အထိမှ မစောင့်နိုင်ပဲ ကိုယ်ပိုက်ဆံရဖို့ သူများအသက်တွေရင်းပြီး လွှတ်လိုက်တယ်။ ပြဿနာတက်ခဲ့ရင် တစ်ခါထပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဦးမယ်။ သူ့အိမ်ကသူ့သားသမီးဆို သည်အချိန် သည်ခရီး ဓါးယူသွား လှံယူသွား လွှတ်မှာလား။ ကိုယ့်ဘာသာဝင်အချင်းချင်းကို မညှာမတာ သေလမ်းပို့တဲ့ အပြုအမူ မဟုတ်ဘူးလား။ ဘာသာရေးခေါင်းဆောင်တွေကတောင် အမြန်ဆုံး အေးချမ်းသာယာသွားဖို့ ဆုတောင်းနေပါတယ် ဆိုတဲ့အချိန်မှာ နောက်ထပ်မီးတွေ ထပ်ထပ်ပြီးမွှေးနေတာ ဘာသဘောလဲ အသိသာကြီးပါ။

အဲဒါက ကုန်းလမ်းဘက်ကနေ ၀င်တာ။ ဈေးသက်သာတယ်။ လယ်သမား အလုပ်ကြမ်းသမားတွေ ၀င်တဲ့လမ်းပါ။ ရေလမ်းက စက်လှေနဲ့ မလေးအရောက်ပို့တာတွေလည်း ရှိပါတယ်။ ဈေးပိုကြီးတာ တစ်ခုပဲ။ လမ်းခရီးမှာ တစ်ထောက်တစ်နား စခန်းချဖို့ကတော့ ထိုင်းကို ၀င်ကပ်လိုက်ရင် ဟိုမှာ ကြိုဆိုနေရာချထားရေးတွေက ခရီးဦးကြိုဆို ထမင်းကျွေး သောက်ရေဖြည့်ပေးဖို့ ကုလသမဂ္ဂဒုက္ခသည်များကောင်စီက ၀န်ထမ်းများတောင် ခန့်ထားကြီးကြပ်ပေးနေပါသတဲ့။ (အဲသည်မှာ အဲဒါလုပ်တယ်ဆိုတဲ့ လူတစ်ယောက်နဲ့ ရန်ကုန်မှာ တွေ့ဖူးလိုက်ပါသဗျား)။ ရေမျောကမ်းမတင် မောင်ရှင်တစ်သိုက်ကလည်း ဒုက္ခသည်ဇာတ်ကလေး ငိုလို့ကောင်းအောင် ရခိုင်ပြည်မှာ လူမျိုးတုန်း လက်စဖျောက်သတ်ဖြတ်နေလို့ သူတို့ခမျာ အသက်ဘေးလွတ်ရာလွတ်ကြောင်း မွတ်စလင်ညီနောင်များထံ အပြေးခိုလှုံရပါသတဲ့။ သနားစရာကောင်းချက်များတော့ မပြောပါနဲ့။ သူတို့မွေးမြေကို ရခိုင်တွေ နိုင်ထက်စီးနင်း သိမ်းယူခဲ့တာ ရာစုနှစ်ပေါင်းများစွာ ရာဇ၀င်ချီပြီး စာပေအထောက်အထားနဲ့ ရှင်းပြမယ့်သူတွေရှိတယ်။ ဘောလိဝုဒ်က မင်းသားကြီး ရှာထုတ်ခံနဲ့ ကျုပ်တို့ဆီက ကိုယ်တော်ကြီး စိုင်းမှောက်ခံဟာ ဂျင်ဂျစ်ခံက ဆင်းသက်တဲ့ ခံမိသားစု မျိုးနွယ်တူတွေပါဆို အတင်းကြီး ဆွေမျိုးစပ်ချင်လည်း စပ်ပြတတ်တယ်။ အစာဝရင်တော့ ကိုယ်တော်တို့ အဲသမှာ ခြေညောင်းလက်ဆန့် ၀င်ပြေးဖို့ မကြံလေနဲ့။ ဒုက္ခသည်မို့ သနားရင် ထမင်းကျွေး။ ရေတိုက်နိုင်တယ်။ ခိုလှုံခွင့်တော့ သည်းခံပါတဲ့။ အဲဒါ ထိုင်းရဲ့ ပြတ်သားတဲ့ပေါ်လစီပါပဲ။ အမောပြေရင် လှေပေါ်မှာ အိပ်သာလိုက်ခဲ့။ ပင်လယ်ထဲဆွဲခေါ်သွားပြီး ရေစီးကြောင်းနဲ့မှ မျှောချပေးလိုက်တာတဲ့။ မလေးရောက်ရင် ဟိုမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းဆိုတာ အဆင်သင့်ရှိပြီးသား။ သူတို့တတွေ သွားလမ်းသာ လာလမ်းဖြောင့်အောင် ခင်းပြရတဲ့ ဒုက္ခသည်ဇာတ်ညွှန်းမှာ လူကြမ်းတစ်ယောက်ယောက် မဖြစ်မနေ လိုအပ်တာမို့ စိတ်တော့မကောင်းပါဘူး။ ကျုပ်တို့တတွေကို အံကျော် မြင့်နိုင် အောင်ခိုင် နေရာက အကယ်ဒမီပေးထားတာနေလိမ့်မယ်။

ဘာလေးဖြစ်လိုက်ဖြစ်လိုက် ကိုယ်တွေကိုသာ လူမျိုးရေးခွဲခြားပါတယ် စွပ်စွဲပြီး သူတို့ကျတော့ ရခိုင်ဒုက္ခသည်စခန်းဆို ထိုင်တောင် မထိုင်နိုင်ဘူး။ ပြန်မယ် ပြန်မယ် တကဲကဲ။ ကုလားစခန်းရောက်မှ ရင်ဘတ်စည်တီး ငိုချင်းတခါ သာချင်းတထပ်လုပ်တာ မခွဲခြားတတ်လို့ပေါ့လေ။ အစကတည်းက ကိုယ့်လူမျိုးချင်းပဲ ထောက်ပံ့ချင်ပါတယ်ဆိုရင်လည်း ဘယ်သူကတားထားလို့လဲ။ မသိချင်ယောင် ဆောင်နေတာကို မဟုတ်ဘူး။ သိသိကြီးနဲ့လည်း ခွင့်ပြုတယ်။ တတ်နိုင်ရင် စိန်တွေစီသွားလိုက်။ သူများလူမျိုးတွေကျတော့ မသထာရေစာ ခေါစာပြစ်သလို ရွံရွံရှာရှာ မထိချင်မကိုင်ချင်လာပေးပြီး ကမ္ဘာသိဂရုဏာရှင်ဘွဲ့ကလည်း ခံချင်သေးတာ။ အဆိုးဆုံးကတော့ မြင်သမျှတွေ့သမျှ အမှန်တွေကိုဖုံးကွယ်ပြီး ပလီစိချောက်ချက် မဟုတ်တမ်းတရားမှန်သမျှ သတင်းလွှင့်ကြတာပါ။ အခုချိန်မှာ စုံစမ်းစစ်ဆေးရေးကောင်မရှင်ဖွဲ့ပြီး အသေးစိတ် လိုက်လံစုံစမ်း ကြားနာနေပါသတဲ့။ မတော်လို့များ အဲသည်အဖွဲ့ကြီးက အစီရင်ခံစာထုတ်ပြန်တဲ့အခါ “ရခိုင်ပြည်မှာ သည်လို အဖြစ်အပျက်မျိုး ရှိတယ် ဟုတ်လား။ ငါတို့လည်း မသိလိုက်ရပါလား။ ငါတို့ကိုလည်း ဘယ်သူကမှ လာမပြောပါလား။” လို့ ရှိနေမှာစိုးလို့ အခု ပြောပြလိုက်ပါပြီ။ မယုံရင် ကိုယ်တိုင် လာကြည့်လှည့်ပါ။ ရခိုင်ပြည်နယ်မှ မဟုတ်ဘူး။ ချင်းပြည်နယ် ကလေးမြို့မှာလည်း အလားတူဖြစ်ခဲ့တယ် လို့ သတင်းတွေထဲမှာ ဖတ်ရပါတယ်။ ကိုယ့်ထက် မျက်စိကြီး နားကြီး ဦးနှောက်ကြီးတဲ့သူတွေအဖို့ ဘာတွေဖြစ်ပြီး ဘာဆက်လုပ်ရမယ် ဆိုတဲ့အဖြေ ရှိနေကောင်းပြီလို့ မျှော်လင့်မိပါတယ်။ ငပိသည်တွေအစား ဟောသည်ကဆားသည် ယင်ဝင်ဝင်ခြောက်ရတာ ဘယ်တော့ ဂျီဟတ်အလုပ်ခံရမယ် မသိဘူး။ ငယ်ငယ်တုန်းက မွေးသဖခင်ပေးခဲ့တဲ့ “သည်အကောင် မနေတတ် မထိုင်တတ်” ဆိုတဲ့ဘွဲ့ကို ခုအချိန်မှာ ချွင်းခြက်မရှိ လက်ခံသဘောတူမိပါရဲ့။

ဘယ်အရေးကိစ္စမဆို ငါ့အိမ်ကခွေး၊ သူများအိမ်ကခွေး၊ ခွေးချင်းကိုက်တောင် ကိုယ့်အိမ်ကနိုင်မှ ကျေနပ်တဲ့အတ္တဟာ အမှန်တရားနဲ့ ဝေးကွာစေပါတယ်။ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ပြဿနာကို မှားမှားမှန်မှန် ငါတို့မူဆလင်ညီနောင်များဘက်ကသာ ကာကွယ်ခုခံပေးရမယ်ဆိုတဲ့ အစွဲကလည်း အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းသလို ဖြစ်တာမို့ စေတနာမမှန်ပါဘူး။ အမေရိကန် အင်္ဂလန်ကနေ ကမုတ်တစ်ထိုင် လာထိုင်ပြီး ထင်ရာမြင်ရာတွေ သုံးသပ်တာကလည်း ငါ့စကားနွားရပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ်ပြောတဲ့စကားကမှ လုံးဝဥဿုံအမှန်လို့ မဆိုလိုပါ။ သည်မြေမှာနေ၊ သည်လူတွေနဲ့ နေ့စဉ်ကျင်လည်ရင်း သည်အခင်းတွေကို အစကတည်းက တွေ့ကြုံလာခဲ့ရတဲ့သူမို့ ကိုယ်တွေ့မျက်မြင်ဖြစ်ရပ်များကတော့ သည်သို့သည်နှယ်လို့သာ သိစေပါတယ်။ ယုံချင်တဲ့သူကို ယုံလို့ရပါတယ်။ မိအေးတို့ကိုတော့ လာမယုံခိုင်းပါနဲ့။ အခါခါလည်း နာခဲ့ရပြီးပြီ။ ဂဏန်းပေါင်းထောင်သောင်းမကလည်း အညှပ်ခံခဲ့ရပြီ။ နောင်ကိုအော်နေမယ့် အစားမျိုးတော့ မှတ်မနေပါနဲ့။ ခုံဖိနပ်ရော ငရုတ်ကျည်ပွေ့ရော ရှိတယ်။ အကုန်ကြိုးတုပ်ပြီး တရုတ်ပြည်ပို့ပစ်မယ်။ နေ့တောင် မကူးစေရဘူး။ ဒါဗြဲ ဒါဗြဲ။

Soe Min Facebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.