Monday, September 17, 2012

0 ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်တာဝန်ခံ ကျောင်းသားလူငယ် ကိုဝေဠုမှ"ကျေးဇူးတင်ခြင်းနှင့် ကြေငြာခြင်း"

ကျွန်တော်ရန်ကုန်ကိုမနေ့ကပြန်ရောက်တယ်။မုံရွာခရိုင်လက်ပံတန်းတောင်စီမံကိန်းရပ်စဲရေးအတွက် ဒေသခံတောင်သူလယ်သမားတွေဘက်က ရပ်တည် ကူညီမှုကြောင့် ၃၁.၈.၂၀၁၂ရက်နေ့ည(၈း၄၅)မိနစ်၊ရန်ကုန်ကို(၁.၉.၂၀၁၂)ရက်နေ့ UN အစည်းအဝေးတစ်ခုမှာ ဖြစ်တည်မှုအခြေအနေတွေကိုတင်ပြဆွေးနွေးနိင်ဖို့ ရန်ကုန်အပြန်ခရီးမှာ မြင်းမူမြို့နယ် ရတပ်ဖွဲ့မှူးနဲ့ ရဲအင်အား(၄၀)ကျော်တို့ရဲ့ ပိတ်ဆို့တားဆီးဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။

အဲဒီနောက်(၃၁.၈.၂၀၁၂)ရက်နေ့ည (၉း၃၀)မှာတော့ ကျွန်တော့ကို ကားပေါ်တင်ပြီး နေရာစပြောင်းပါတော့တယ်။ လူကြီးများနဲ့တွေ့ဖို့ဆို ခေါ်ခံခဲ့ရတဲ့ ကျွန်တော် တစ်ကယ်ရောက်ရှိခဲ့ရတာကတော့ ချောင်းဦး မြို့နယ် ရဲတပ်ဖွဲ့စခန်းထဲကိုပါပဲ။

(၁.၉.၂၀၁၂)ရက်နေ့ဆားလင်းကြီးစခန်းမှူးကတရားလာစွဲပြီး ချောင်းဦးအချုပ်ထဲမှာ၁၄ရက်နေ့ခဲ့ရတယ်။မဖောက်ပြန်ခဲ့ဘူးတဲ့ ပုဒ်မတွေနဲ့ နိင်ငံသားတစ်ယောက် အခွင့်အရေးတွေဆုံးရှုံးခဲ့ရတာ၊(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွေကိုယ်တိုင်ကဖောက်ပြန်ခဲ့တာ ခံနေရပေမဲ့ အချုပ်ထဲကကာလတွေမှာဘာမှမတက်နိင်ခဲ့ပါဘူး ။နောက်ဆက်တွဲ ကျေးရွာသူတွေထပ်ဖမ်းခံရတယ်.ကြားရတော့ရင်ထဲမှာ တောင်တစ်ခေါက်ခေါက်၊နေနှင့်ဦးပေါ့ဗျာ။

အခုတော့......မုံရွာ ဒေသခံတွေ၊ရပ်သူရပ်သားတွေလက်ပံတန်ေးတာင် ဒေသခံတောင်သူလယ် သမားတွေ၊အထက်ဗမာပြည်နဲ့ ကျောင်းသားသမဂ္ဂတွေ၊ဒီမိုကရေစီအင်အားစုတွေ၊ပြည်သူ့အရေးကို ပြည်သူ ဆန်စွာတွေးကူသူတွေရဲ့ပူးပေါင်းကြိုးစားမှုတွေကြောင့်...ကျွန်တော် ပြည်သူ့အကျိုးဆောင် အလုပ်တွေ ပြန်လည်စတင်နိင်ပါတော့မယ်။အခုလို ကျွန်တော်နဲ့အတူ ဒေသခံ ကျေးရွာသူတွေ လွတ်မြောက်ရေး ၀ိုင်းဝန်းပူးပေါင်းကြိုးစားပေးခဲ့ကြသော၊လက်ပံတန်းတောင်စီမံကိန်း ရပ်စဲရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသောရဟန်းရှင်လူ၊ကျောင်းသားပြည်သူတစ်ရပ်လုံးကို လေးစားဦးညွှတ် ကျေးဇူးအထူးတင်ရှိပါကြောင်း မကြာခင်မှာ ပြည်သူ့အကျိုးဆောင်လုပ်ငန်းစဉ်တွေကိုအရှိန်ပြင်းပြင်းနဲ့ ပြန်လည်စတင်ရင်း ကျေးဇူးဆပ်ပါမည့်အကြောင်း သိစေအပ်ပါသည်။

"မကြေငြာပဲ မတိုက်တက်လို့ပြောလိုက်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရများသိစေရန်"


ဗမာ့ကျောင်းသားလူငယ်: စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊တရားစီရင်ရေးမဏ္ဍိုင်တွေ ဘယ်လိုဖြစ်နေလဲဆိုတာ ဖော်ထုတ်ပြမယ်။စစ်ကိုင်းတိုင်းကို ရအောင်ပြန်လာမယ်။ နိင်ငံတော် နဲ့ပြည်သူကိုအကျိုးမပြုတဲ့လက်ပံတန်းတောင်းစီမံကိန်းလုံးဝရပ်ဆိုင်းရမယ်။ တရားစွဲခဲ့တဲ့ ဆားလင်းကြီးစခန်းမှူး အမှားကိုရဲရဲဝန်ခံရင် ခွင့်လွှတ်စဉ်းစားပေးမယ်။

နိင်ငံသားအခွင့်အရေးနဲ့(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ခဲ့တဲ့ရဲတပ်ဖွဲ့မှူးတွေ ပြင်ဆင်ထားပါ။အစစပေါ့....။

ကိုဝေဠုကို စစ်ကိုင်းထဲပြန်မ၀င်ဖို့တားနိင်သပဆိုရင်ပေါ့ဗျာ....

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက် တာဝန်ခံ ကျောင်းသားလူငယ် ကိုဝေဠု

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.