Friday, September 21, 2012

0 ဒေါ်အောင်ဆန်းစုကြည်ကို အိုဘားမားနှင့် အမေရိကန်ကွန်ဂရက် ဂုဏ်ပြု

Photo..abc.net.au

(State Tribune မှ 19Sept 2012ရက်စွဲပါ "Obama and congress appload Suu Kyi" သတင်းကို ဘာသာပြန်ဆိုသည်။ )

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဟူးနေ့က စိတ်လှုပ်ရှားဖွယ် အခမ်းအနားတွင် အမေရိကန် ကွန်ဂရက်၏ အမြင့် ဆုံး ဂုဏ်ပြုဆုကို လက်ခံရယူပြီးနောက် သမ္မတအိုဘားမားနှင့် သီးသန့်တွေ့ဆုံခဲ့ခြင်းသည် တစ်ချိန်က တံခါးပိတ် အပယ်ခံ မြန်မာနိုင်ငံနှင့် အမေရိကန် ပြည် ထောင်စု၏ ဆက်ဆံရေး အနှစ်က တစ်ဆစ်ချိုးအပြောင်းအလဲ တိုးတက်လာခြင်းကို ပြသလျက်ရှိသည်။ အိုးဘားမား အစိုးရသည် တနင်္လာနေ့က ၁၇ရက်ခရီးစဉ် ရောက်ရှိလာသော နိုင်ငံရေး အကျဉ်းသားဟောင်း ၊ဒီမိုကရေစီ ခေါင်းဆောင်ကို ဂုဏ်ပြု ကြိုဆိုရုံတင် မကဘဲ သူမ၏ တိုက်တွန်းမှုဖြင့် မြန်မာခေါင်းဆောင်များအပေါ် sanctionများ ရုတ်သိမ်းပေးရန် ချစ်ကြည်ရင်းနှီးမှု စိတ်ရင်းကိုပါ ပြသခဲ့သည်။

  မြန်မာခေါင်းဆောင် နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးကို အားပေးရန် ခိုင်မာသော ဆောင်ရွက်ချက်များ ကိုပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်သူ အာဏာရှင် စနစ်မှ လမ်းခွဲကာ ဒီမိုကရေ စီနှင့် လူ့အခွင့်အရေးဆီသို့ ဦးတည်မောင်းနှင် လျက်ရှိခြင်းကြောင့် အရေးယူဒဏ်ခတ်မှု စာရင်းမှ ပယ်ဖျက်ရခြင်း ဖြစ်သည်ဟု အကြမ်းဖက်မှုနှင့် ငွေကြေးစုံ စမ်း ထောက်လှမ်းမှု ဆိုင်ရာဌာန အတွင်းဝန် ဒေးဗစ်ကိုဟင်က ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်တပ်မတော် အစိုးရဟောင်း လက်ထက် အကျယ်ချုပ်
ထိန်းသိမ်းခံခဲ့ရသော မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သော ဧပြီလက ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရကာ လွှတ်တော် ကိုယ်စားဖြစ်လာ ခဲ့ပြီးနောက်တွင် ဝါရှင်တန်က ယခင်အရေးယူ ထားသော sanctionများကို စတင်ဖြေလျှော့ပေးခဲ့ပြီး မြန်မာနိုင်ငံ၌ အမေရိကန်တို့ ရင်းနှီးမြှုပ်နှံခြင်းကိုလည်း ခွင့်ပြုပေးခဲ့သည်။ ၂၀၀၈ခုနှစ် အကျယ်ချုပ် ထိန်းသိမ်းခံကာလက မျက်ကွယ်တွင် ချီးမြှင့်ခံရသော ကွန်ဂရက်ရွှေတံဆိပ် ဆုကို ယခုနောက်ဆုံး ကိုယ်တိုင် လက်ခံရယူ ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်က "မိတ်ဆွေတွေကြားထဲမှာ ကျွန်မရောက်နေတယ်ဆိုတဲ့ အသိနဲ့ကျွန်မ ဒီနေရာမှာ ရပ်နေပါတယ်" ဟု ကတ်ပီတို အဆောက် အဦတွင် ပြောကြားခဲ့သည်။ "အခုလို ဂုဏ်ပြုချီးမြှင့်မှုဟာ ကျွန်မနှစ်ပေါင်းများစွာ စောင့်စားခဲ့ရတဲ့ အခိုက်အတန့်ပါပဲ"ဟု သူမက ဆိုသည်။သူမနှင့် ဒီဇင်ဘာလက ရန်ကုန်မြို့ နေအိမ်တွင် တွေ့ဆုံခဲ့သော နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကလည်း "ရုပ်ပြခေါင်းဆောင်အဖြစ်မှ နိုင်ငံရေးသမား ခေါင်းဆောင်အဖြစ်သို့ ကူးပြောင်းလာခြင်း ၊အရပ်ဖက် လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီ အပြောင်းအလဲကို ကူညီဖန်တီးရန်အတွက် ယခင်က သူမကို ဖမ်းဆီးထိန်းသိမ်းခဲ့သူများနှင့် လိုလိုလားလား အတူတကွ လုပ်ကိုင်နေခြင်း"တို့အတွက် အားပေးဂုဏ်ပြု ချီးကျူးစကား ဆိုခဲ့သည်။
 

ဆီးနိတ်လွှတ်တော် အမတ်ခေါင်းဆောင် မစ်ခ်ျမက်ကောနဲလ် ကလည်း "ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်မှုဇာတ်လမ်းသည် အမှန်တကယ်ဖြစ် ကြောင်း ယုံရခက်လောက်အောင်ပင် အင်အားပြည့်ဝ လွန်းပေသည်"ဟု ဂုဏ်ပြုတင်စား လိုက်သည်။ "ဒီကနေ့ဟာ အချိန်အကြာကြီး စောင့်စားခဲ့ရတဲ့ ကတ်ပီတိုရဲ့ တကယ့်နေ့ထူး နေ့မြတ်ပါပဲ"ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဂုဏ်ပြုသူ သမ္မတကတော်ဟောင်း လော်ရာဘုရှ်ကလည်း "ကမ္ဘာကြီးရဲ့ သမိုင်းဟာ မျှော်လင့်ချက် အပြည့် နဲ့ ဦးတည်နေတယ် ဆိုတာကို တောင်အာဖရိက၊ အရှေ့ဥရောပ တို့က ဖြစ်စဉ်တွေနဲ့ တူညီတဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုကို ပြသနေပါတယ်၊ ဖိနှိပ်ခြိမ်း ခြောက်မှု အားကိုးနဲ့ တည်ဆောက်ထားတဲ့ အစိုးရမှန်သမျှဟာ သောင်ပြင်ပေါ်က သဲပွင့်အိမ်တွေပါ"ဟုပြောကြားသွားသည်။
 

ကယ်ပီတို ဆုချီးမြှင့်ပွဲ အခမ်းအနား အပြီးတွင် အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံဆွေး နွေး ခဲ့ကြသည်။ သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ သူမနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်သူ့အရေးအတွက် အထင်ကရ မီးပြတိုက်လိုမီးအိမ်ရှင်လို ဖြစ်နေတဲ့ပုဂ္ဂိုလ်လို့ရှုမြင်ထားပါတယ်"ဟုအိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနီက ပြေကြားသည်။ 

Yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.