Wednesday, November 21, 2012

1 ၈၈မျိုးဆက်ကျောင်းသားအမည်ခံ ပြီးထင်ရာစိုင်းလုပ်နေသော မသမာသူများရှိနေ

ရင်ပြင်တော်ပေါ်ရောက်ရောက်ခြင်း ဒီစာသားတွေ ဖတ်လိုက်ရတော့ စိတ်မကောင်းဘူး ။ မသမာသူ လူတစုက ၈၈ အမည်ခံပြီး ထင်ရာစိုင်းသွားကြလို့ ဒေသခံတွေ ရဲ့ တုန့်ပြန်မှုပါပဲ။

ပါလာတဲ့ ကချင်ပုဆိုးနဲ့ အကျီ င်္ဖြူတောင် ထုတ်မဝတ်ရဲတော့ဘူး ။ သတင်းအချက်အလက်တွေ စုပြီး ၈၈ ဆိုတဲ့ နာမည်နဲ့ နယ်တွေမှာ လှုပ်ရှားသူတွေကို ကိုမင်းကိုနိုင် တို့ စနစ်တကျ ဖွဲ့ပေးသင့်ပြီ။

ကိုယ့်သဘောနဲ့ ဖွဲ့ခွင့်ရှိပေမယ် ၈၈ ဆိုရင် ဒီလူတွေ ကိုပဲသိတာ ၊ ကိုပေါ်တို့ အစီအစဉ်ပဲ ထင်မြင်ကြလို့ ခုလို မသမာသူတွေ က မလုပ်သင့်တာ လုပ်သွားကြရင် မူလ ၈၈ ရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ဒီဆိုင်းဘုတ်ကို မြင်ရတာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။

မနေနိုင် မထိုင်နိုင် အကြံပေးမိတာ မှားနေရင် ခွင့်လွတ်ပါ။

ကိုဝိုင်ဝိုင်ကေ
နိုဝင်ဘာ ၂၀
၂၀၁၂ ။
ခေတ္တ - ကျိုက်ထီးရိုး

1 comment:

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.