Thursday, November 22, 2012

0 အမေရိကန်သမ္မတ အိုးဘားမားမိန့်ခွန်းအပေါ် မိုးသီးဇွန်ရဲ့အမြင်

အိုဘားမား မိန့် ခွန်းကို ကြည့်ရင် သုံးပိုင်းရှိတယ်။တပိုင်းက မြန်မာ လူထု၊ အစိုးရ၊ စစ်တပ်နဲ့  မဟာဗမာလူမျိုးရေးဝါဒီ တွေကိုရည်ညွန်းတယ်။

နှစ် က အမေရိကန် က မြန်မာ ကို ဘာတွေ ကူညီမယ်ဆိုတာ သုံးက ဒီဒေသမှာ ရှိတဲ့ ပါဝါ ( Regional Power ) တွေအပေါ်အမေရိကန် ရဲ့ သဘောထား။

အပိုင်း ၁ မှ

လူထု ကို သူစာနာတယ်။ အသိမှတ်ပြုတယ်။ ဆက်အားပေးမယ်ဆိုတာကိုပြောတယ်။အစိုးရ ကို အပြောင်းလဲလုပ်တာ ကြိုဆိုတယ်။ အသိမှတ်ပြုတယ်။ဒါကြောင့် သူလာလည်တယ်။

စစ်တပ်ကိုတော့ နိင်ငံရေး နဲ့ ဝေးဝေးနေဖို့ ၊ နိင်ငံရေးမှာဝင်ရောက်မစွက်ဖက်ဖို့ သူသတိပေးတယ်။ Professional Army ဖြစ်လာရေးအတွက် အမေရိကန် က ကူညီပေးမယ်ဆိုတာကို ကမ်းလှမ်းတယ်။

မဟာဗမာအမျိုးသားရေးဝါဒီတွေကိုတော့ Diversity မတူကွဲပြားနေမှုကိုလက်ခံဖို့ ၊ တနည်းပြောရရင်
အမေရိကန် ကျင့်သုံးနေတဲ့ ဖယ်ဒရယ်စနစ်ကိုကျင့်သုံးဖို့ တိုက်တွန်းတယ်။ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံရှိတဲ့ နိင်ငံဟာ ဖယ်ဒရယ်စနစ်ကို ကျင့်သုံးဖို့ လိုတယ်.မတူကွဲပြားခြားနားမှုတွေက ပြသနာမဟုတ်ဘူး။ အင်အားတရပ်ဖြစ်တယ်ဆိုတာကိုအကြံပြုတယ်။

အပိုင်း ၂ မှာ အမေရိကန် ပိတ်ဆို့ မှုလျောချလိုက်တာ၊ရင်းနှီးမြှပ်နှံမှုတွေကို ဆက်ပေးမယ်ဆိုတာ ပါတယ်။ USAID ကို ရည်ညွန်းတဲ့အတွက် ပညာရေးနဲ့ကျမာရေးဟာဦးစားပေး အကူညီတွေဖြစ်လာနိင်တယ်။ ရန်ကုန်က္ကသိုလ်ကိုရည်ညွန်းမှုလုပ်တာကိုက မြန်မာပြည်ပြန်လည်ထူတောင်ရေးမှာ ပညာရေးကို ပြန်လည်ထူထောင်မှရမယ်ဆိုတာကို သူမြင်နေတယ်။

( မြန်မာပြည် ပြန်လည်ထူထောင်ရေးအတွက် အလိုအပ်ဆုံးအရာနှစ်ခု ကတော့ ပညာရေးနဲ့ လယ်ယာမြေဖြစ်ပါတယ်။ )

အပိုင်း ၃ မှာတော့ အမေရိကန် ဟာ တရုပ်ပြည်တိုးတက်လာတာကို အကောင်းမြင်တယ်။ တရုပ် နဲ့ငြိမ်းချမ်းစွာ အတူ လက်တွဲပြီးနိင်ငံတကာဖွင့်ဖြိုးရေးနဲလုံခြုံရေးကို ဆောင်ရွက်မယ်ဆိုတာကို ပြောသွားပါတယ်။အိန္ဒိယကိုလဲအလားတူသဘောထားတယ်။ မြောက်ကိုးရီးယားကိုတော့နယူကလီးယား ကိုစွန့် လွတ်ဖို့  တိုက်တွန်းတယ်။

( တရုပ် ဟာ ဒေသအတွင်းမှာစစ်ရေး စီပွားရေးလွမ်းမိုးဖို့  ရည်မှန်းချက်ရှိလာတာကို အမေရိကန် က သိတယ်။ အရှေ့ အာရှနဲ့ အရှေတောင်အာရှတွေမှာ ပြင်ဆင်မှုတွေလုပ်လာတယ်။ ဒီပြင်ဆင်မှုမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် နဲ့တို်င်ဝမ်တို့ နဲ့ တွဲထွက်မယ်။ ဒီပြိုင်ဆိုင်မှုမှာ မြန်မာကို သိပ်မထည့်ထွက်သေးပါ။တရုပ်ကမ်းရိုးတန်းတွေကိုတိုက်ခိုက်ဖို့ အတွက် မြန်မာဟာအချက်အခြာမကျပါ။တကယ်လို့ ဒီဒေသတွင်းမှာ ပြိုင်ဆိုင်မှုရှိလာရင်လဲမြန်မာဟာ အမေရိကန်ဖက်ကရပ်တည်သင့်တယ်။ ဘာဖြစ်လိုလဲဆိုတော့ တရုပ်ကွန်မြူနစ်ပါတီဟာအရှည်တည်တန့် နိင်မလားဆိုတာမေးခွန်းမေးစရာရှိနေတယ်။ )

အထွေထွေ

သူမိန့် ခွန်းမှာ ပထမ ပိုင်းမှာ Burma လို့ တခါသုံးတယ်။ ဒါက ကိုလိုနီခေတ်နဲ့လွတ်လပ်ရေး ရပြီးကာလအထိကိုပဲရည်ညွန်းတယ်။ နောက်ပိုင်းတွေမှာ Burma လို့ လဲမသုံးဘူး။ Myanmar လို့ လဲမသုံးဘူး။ This country လို့ သုံးစွဲတယ်။ဒါက နှစ်ဖက်ကို ကျေနပ်တဲ့ အနေထားတရပ်ကိုဖန်တီးခဲ့တယ်။

ဒေါ်စုနာမည်ကို ၃ ခါ သုံးစွဲပြီး။ ဦးသိန်းစိန် ကို ၁ ခါသုံးစွဲတယ်။ရခိုင် ကိုတခါ၊ ရိုဟင်ဂျာကို တခါ သုံးစွဲသွားတယ်။ နှစ်ဖက်စလုံးကို စာနာမှုသူပြသခဲ့တယ်။ အကြမ်းဖက်မှုတွေကို ဆန်ကျင်ပြီး ငြိမ်းချမ်းရေးကို သူတိုက်တွန်းတယ်။

သူမိန့် ခွန်းတခုလုံးကို ခြုံကြည့်ရင် Democracy 101 ကို သူရှင်းပြသွားခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီ အခြေခံမှု ကို လေးနက်စွာသဘောပေါက်စေချင်တယ်။ ဒီမိုကရေစီ စနစ်မှာ လိုခြင်တာခြည်းပဲမရ ဘူး မလိုခြင်တာကိုလဲ လက်ခံပေးရတဲ့ သဘောကိုသူဆိုလိုတယ်။ ( ကိုယ်လိုခြင်တာခြည်းပဲလိုခြင်ရင် Perfect State လိုခြင်ရင် တော့ ကမ္ဘာမှာမရှိသေးတဲ့သဘောပါ။ )

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.