Friday, November 23, 2012

0 မြို့တော်ခန်းမရှေ့၌ တစ်ကိုယ်တော် ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ရှိ သစ်တေားဦးစီးဌာနမှ ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ နိုင်ငံပိုင် ကျွန်းစိုက်ခင်းများကို ခိုးထုတ်နေခြင်းကို သတင်းပေးတိုင်ကြားသူ ဒေသခံဦးအောင်ကြည်မြင့်သည် ၎င်းတရားစွဲဆိုခံနေရသည့် ကိစ္စနှင့်ပတ်သက်၍ ယနေ့နေ့လည် တစ်နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ တကိုယ်တော် ဆန္ဒပြခဲ့သည်။

နိုင်ငံတော်ပိုင် အင်နှင့်ကျွန်းသစ်များ ကောလင်းမြို့ ရှိ သစ်တောဦးစီးဋ္ဌာနနှင့် ပူးပေါင်း၍ မှောင်ခိုထုတ်နေခြင်းကို ယင်းမြို့ခံ ဦးအောင်ကြည်မြင့်က ၂၀၁၁ ခုနှစ် အစပိုင်းမှ စတင်၍ အကြိမ်ကြိမ် တိုင်ကြားခဲ့သည့်နောက် ရဲဝန်ထမ်းများက တိုင်ကြားသူ၎င်းအား ခြိမ်းခြောက်ငွေတောင်းမှု၊ လိမ်လည်မှု၊ အဖိုးတန်စာရွက်စာတမ်းများ ရယူမှုဖြင့် တရားစွဲဆိုထားကြောင်း ယင်းအဖြစ်အပျက်ကို သတင်းမီဒီယာ များမှ တဆင့်နိုင်ငံတော် တာဝန်ရှိသူများ နှင့် ပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ယနေ့ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် ဦးအောင်ကြည်မြင့်ကပြောသည်။

“မျှော်လင့်တာပေါ့လေ၊ သက်ဆိုင်ရာဒေသအာဏပိုင်အဖွဲ့စည်းတွေ၊ လူအခွင့်ရေးအဖွဲ့အစည်းတွေ၊ အခြားသောအဖွဲ့စည်းတွေမှ ကူညီပေးမယ်ဆိုရင်တော့ အောက်ခြေမှာ အဂတိလိုက်စားနေတဲ့ ဝန်ထမ်းတွေ အရိုးစွဲနေတဲအကျင့်၊ မကောင်းတဲ့အကျင့်တွေကို နိုင်ငံတော်ကနေပြုပြင်ပေးမယ်ဆိုရင် ဒီနေ့ ကျွန်တော်တကိုယ်တော် ဆန္ဒဖော်ထုတ်တဲ့ပွဲလေးဟာ အရမ်းတန်ဖိုးရှိမယ်လို့ ကျွန်တော်မျော်လင့်ပါတယ်”ဟု ဦးအောင်ကြည်မြင့်က ပြောသည်။ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်၊ ဂွေးတောက်ရွက် အောက်တလုံးကြားတွင် ၁၀ ဘီးကားဖြင့် တရားမဝင်သယ်လာသော ကျွန်းသစ်များကို ဖမ်းမိခြင်းနှင့် ကောလင်းမြို့နယ်ရဲစခန်းတွင် ဂျင်ဝိုင်း လုပ်နေခြင်းအား ဦးအောင်ကြည်မြင့်က စာရင်းပြုစုနေကြောင်းကို ရဲစခန်းမှသတင်းရရှိသဖြင့် ၎င်းကို လက်ဦးအောင် ဖမ်းဆီးကာ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၈၄၊ ၄၂၀၊ ၄၆၄၊ ၄၆၈ တို့ဖြင့်ကောလင်းရဲစခန်းမှ တရားစွဲဆိုထားသည်ဟု ၎င်းကဆက်လက်ရှင်းပြသည်။ ဒေသအာဏပိုင်များသည် ၎င်းသစ်ခိုးထုတ်မူအပေါ်လမ်းကြေးများကောက်ခံခြင်းမျာနှင့် လောင်းကစားများတွင်ပိုက်ဆံတောင်ခံခြင်းများကို ဖော်ထုတ်ပေးသော ပြည်သူများအပေါ် အမူဆင်၍ မတရားလုပ်ကြံ ဖမ်းဆီးနေကြောင်းလည်း ၎င်းကပြောသည်။

၎င်း၏ တိုင်ကြားမူနှင့် ပတ်သက်၍ နေပြည်တော်မှ ဗိုလ်မှူးအောင်မင်းနှင့် အဖွဲ့ လာရောက်စစ်ဆေးစဉ် အမှုပေါ်ပေါက်သော်လည်း ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း သို့ရာတွင် ယခင် တရားဝင်တိုင်ကြားမူမရှိခင်က ကောလင်းမြို့နယ်ထဲသို့ တရားမဝင်သစ်ကား တစ်ရက်ကို အနည်းဆုံး ၁၀ စီးဝင်ရာမှ ယခုနောက်ပိုင်း ငါးစီးလောက်သာ ၀င်တော့သည်ဟုလည်း ဦးအောင်ကြည်မြင့်က ပြောပြသည်။ ၎င်းအပေါ်တရားစွဲဆိုထားခြင်းအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အစည်းဝေးဆုံးဖြတ်ချက်အရ မတရား ခြိမ်းခြောက်ငွေတောင်းသည်ဟု စွပ်စွဲထားကြောင်းလည်း ဦးအောင်ကြည်မြင့်က ဆိုသည်။ ထို့ကြောင့် ယင်းအဖြစ်အပျက်ကို မီဒီယာများမှတဆင့် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် သိရှိနိုင်စေရန် အဂတိလိုက်စားသည့် ဝန်ထမ်းများကို တရားဥပဒေအတိုင်းဆောင်ရွက်စေလိုသဖြင့် ယခုကဲ့သို့ တကိုယ်တော်ဆန္ဒပြရခြင်းဖြစ်သည်ဟုလည်း သူ့ရည်ရွယ်ချက်ကို ထုတ်ဖေါ်ပြေဆိုသွားသည်။ ။

Yangon press international photo..မြန်မာ့ခေတ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.